သတင္း

က်ား/ မ မေ႐ြးစားသုံးႏိုင္ေသာ ပိန္သူဝ လွေစမည့္ ပန္း႐ႊင္လူဝ အားေဆးႀကီး

(Zawgyi)
ပန္းအားနည္းသူ၊ ပန္းေသ ေဝဒနာရွင္မ်ား၊ ေသြးအားနည္းသူမ်ား၊ ေသြးသြင္းေနရသူမ်ား၊ ကင္ဆာေဝဒနာရွင္မ်ား အထူးစားသုံးသင့္ေသာ ေဆးျဖစ္သည္။ လူ႔အလို နတ္မလိုက္ႏိုင္ ဆိုသလို ပိန္သူမ်ားက ဝခ်င္ၾကသည္။ ဝသူမ်ား ကလည္း ပိန္ခ်င္ၾကသည္။ ယခုအခါ အားနည္းသူ၊ ပိန္က်ဳံခ်ိနဲ႔သူ၊ ပန္းေသပန္းညႇိဳးေရာဂါရွိသူ၊ မီးယပ္ပိန္ မီးယပ္အားနည္း ေဝဒနာရွင္မ်ား၊ ေသြးဆုံးေဝဒနာ ခံစားရသူမ်ား၊ ကင္ဆာျဖစ္လို႔ အားအင္ မျဖစ္ေသာသူမ်ား၊ ေသြးေပါင္က်တတ္သူမ်ား၊ ေသြးသြင္းေနရသူမ်ားအတြက္ ေစတနာတရား ရင္းတည္ကာ ေဆးနည္းေကာင္းတစ္ခု ေဖၚျပလိုက္ရပါသည္။

ပါဝင္ပစၥည္းမ်ား။

၁။ တညင္ၾကက္ဥ ၁၁ လုံး

၂။ ဖီးၾကမ္းငွက္ေပ်ာ ၁၁ လုံး

၃။ ဒိုဘာလာသၾကား ၁၀ သား (အမႈန႔္ေထာင္း)

၄။ ပ်ားရည္ ၁၀ သား

၅။ ေထာပတ္ ၁၀ သား

၆။ ႏို႔ဆီ ၁ ဗူး

ေဆးခ်က္နည္း။ ။ ပထမဦးစြာ ငွက္ေပ်ာသီးကို ေၾကေအာင္ေခ်ပါ။ ထို႔ေနာက္ တညင္ၾကက္ဥ ထည့္၍ သမေအာင္ေမႊပါ။ ဆက္၍ ဒိုဘာလာသၾကား၊ ပ်ားရည္၊ ေထာပတ္ အားလုံးထည့္၍ သမေအာင္ နာနာေမႊေပးပါ။

စိတ္တိုင္းက် အေနအထားေရာက္ပါက မီးနည္းနည္းျဖင့္ ထည့္၍ က်ိဳပါ။ ေနာက္ဆုံး အေရခန္း၍ မာေအာင္က်ိဳခ်က္ပါ။ ေထာပတ္ဆီ ပ်ံလာသည္အထိ ခ်က္ပါ။

ဇီးသားေယာင္းမျဖင့္ အဆက္မျပတ္ ေမႊေပးရပါမည္။ မတူးမျခစ္ အိုးမကပ္ေစရန္ ျဖစ္ပါသည္။ အေအးခံ၍ ေလလုံေသာ ဖန္ဗူးျဖင့္ထားပါ။ လြန္စြာ အရသာရွိေသာ ေဆးႀကီးတစ္လက္ ျဖစ္႐ုံသာမက ေဖၚျပပါ ေရာဂါမ်ားလည္း ေပ်ာက္ကင္းေစပါသည္။

ေဆးအရသာ။ ။ ခ်ိဳ ဆိမ့္ ေမႊး

အက်ိဳးသြား ။ ။ ပထီျဖစ္၊ အာေပါျဖစ္ အာကာသရ

ေဆးတစ္ခါေသာက္။ ။ လဖက္စားဇြန္း တစ္ဇြန္းခန႔္ တစ္ေန႔၂ ႀကိမ္ ေသာက္ႏိုင္သည္။

ေသြးတိုးတတ္သူမ်ား တစ္ႀကိမ္သာ ေသာက္သင့္ပါသည္။

ဤ ေဆးနည္းမွာ ေဆးၫႊန္းထက္မက အစြမ္းထက္ေသာေၾကာင့္ ျပည္သူအမ်ား က်န္းမာေရးအတြက္ ၃ ႀကိမ္ေျမာက္ အေနျဖင့္ ေဖၚျပလိုက္ရျခင္း ျဖစ္ပါသည္။

က်န္းမာ ခ်မ္းသာၾကပါေစ၊ ေစတနာမ်ားစြာျဖင့္။

Credit – ဆရာေက်ာ္လင္းေအာင္

(Unicode)
ပန်းအားနည်းသူ၊ ပန်းသေ ဝေဒနာရှင်များ၊ သွေးအားနည်းသူများ၊ သွေးသွင်းနေရသူများ၊ ကင်ဆာဝေဒနာရှင်များ အထူးစားသုံးသင့်သော ဆေးဖြစ်သည်။ လူ့အလို နတ်မလိုက်နိုင် ဆိုသလို ပိန်သူများက ဝချင်ကြသည်။ ဝသူများ ကလည်း ပိန်ချင်ကြသည်။ ယခုအခါ အားနည်းသူ၊ ပိန်ကျုံချိနဲ့သူ၊ ပန်းသေပန်းညှိုးရောဂါရှိသူ၊ မီးယပ်ပိန် မီးယပ်အားနည်း ဝေဒနာရှင်များ၊ သွေးဆုံးဝေဒနာ ခံစားရသူများ၊ ကင်ဆာဖြစ်လို့ အားအင် မဖြစ်သောသူများ၊ သွေးပေါင်ကျတတ်သူများ၊ သွေးသွင်းနေရသူများအတွက် စေတနာတရား ရင်းတည်ကာ ဆေးနည်းကောင်းတစ်ခု ဖေါ်ပြလိုက်ရပါသည်။

ပါဝင်ပစ္စည်းများ။

၁။ တညင်ကြက်ဥ ၁၁ လုံး

၂။ ဖီးကြမ်းငှက်ပျော ၁၁ လုံး

၃။ ဒိုဘာလာသကြား ၁၀ သား (အမှုန့်ထောင်း)

၄။ ပျားရည် ၁၀ သား

၅။ ထောပတ် ၁၀ သား

၆။ နို့ဆီ ၁ ဗူး

ဆေးချက်နည်း။ ။ ပထမဦးစွာ ငှက်ပျောသီးကို ကြေအောင်ချေပါ။ ထို့နောက် တညင်ကြက်ဥ ထည့်၍ သမအောင်မွှေပါ။ ဆက်၍ ဒိုဘာလာသကြား၊ ပျားရည်၊ ထောပတ် အားလုံးထည့်၍ သမအောင် နာနာမွှေပေးပါ။

စိတ်တိုင်းကျ အနေအထားရောက်ပါက မီးနည်းနည်းဖြင့် ထည့်၍ ကျိုပါ။ နောက်ဆုံး အရေခန်း၍ မာအောင်ကျိုချက်ပါ။ ထောပတ်ဆီ ပျံလာသည်အထိ ချက်ပါ။

ဇီးသားယောင်းမဖြင့် အဆက်မပြတ် မွှေပေးရပါမည်။ မတူးမခြစ် အိုးမကပ်စေရန် ဖြစ်ပါသည်။ အအေးခံ၍ လေလုံသော ဖန်ဗူးဖြင့်ထားပါ။ လွန်စွာ အရသာရှိသော ဆေးကြီးတစ်လက် ဖြစ်ရုံသာမက ဖေါ်ပြပါ ရောဂါများလည်း ပျောက်ကင်းစေပါသည်။

ဆေးအရသာ။ ။ ချို ဆိမ့် မွှေး

အကျိုးသွား ။ ။ ပထီဖြစ်၊ အာပေါဖြစ် အာကာသရ

ဆေးတစ်ခါသောက်။ ။ လဖက်စားဇွန်း တစ်ဇွန်းခန့် တစ်နေ့၂ ကြိမ် သောက်နိုင်သည်။

သွေးတိုးတတ်သူများ တစ်ကြိမ်သာ သောက်သင့်ပါသည်။

ဤ ဆေးနည်းမှာ ဆေးညွှန်းထက်မက အစွမ်းထက်သောကြောင့် ပြည်သူအများ ကျန်းမာရေးအတွက် ၃ ကြိမ်မြောက် အနေဖြင့် ဖေါ်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ကျန်းမာ ချမ်းသာကြပါစေ၊ စေတနာများစွာဖြင့်။

Credit – ဆရာကျော်လင်းအောင်

Leave a Reply

Your email address will not be published. Required fields are marked *