သတင္း

မန္က်ည္းသီး၏ သင္မသိေသာ ေဆးဘက္အသံုး၀င္ပံုမ်ား

မန္က်ည္းသီး၏ အသုံးဝင္ပုံမ်ား

မန္က်ည္းသီးသာလွ်င္ ေဆးဖက္ဝင္တာ မဟုတ္ပါဘူး။ မန္က်ည္းသီးမႈန႔္ႏွင့္ ေရာစပ္ထားတဲ့ သဘာ၀ ေဆးဝါးမ်ားနဲ႔ ဟင္းခတ္မ်ားကိုလည္း အမ်ိဳးမ်ိဳးေသာ သဘာဝကုထုံးမ်ားတြင္ သမားေတာ္မ်ား အသုံးျပဳလ်က္ ရွိၾကပါတယ္။ မန္က်ည္းပင္ရဲ႕ အသီး၊ အ႐ြက္၊ အေစ့၊ အေခါက္၊ အပြင့္စတာေတြ အားလုံးကို ေရွးေခတ္ကတည္းက အမ်ိဳးမ်ိဳး သုံးစြဲလာခဲ့ၾကပါတယ္။ ေအာက္ပါ အခ်က္မ်ားကေတာ့ မန္က်ည္းသီး၏ အေထြေထြ အသုံးဝင္ပုံမ်ားသာ ျဖစ္ပါတယ္။

၁။ ဝမ္းသြားရတာ ေႏွးကြးေနတဲ့အခါ အေကာင္းဆုံး ေဆးကေတာ့ မန္က်ည္းသီးႏွစ္ပါပဲ။ မန္က်ည္းႏွစ္မွာ ပါဝင္တဲ့ အစာေခ်ဖ်က္ေပးတဲ့ ဖိုက္ဘာဓာတ္မ်ားဟာ ဝမ္းတြင္း လုပ္ေဆာင္ခ်က္မ်ားကို ပုံမွန္ လည္ပတ္ေစပါတယ္။ ဒါ့ေၾကာင့္ ဝမ္းသြားျခင္း ပုံမွန္ျဖစ္လိုလွ်င္ မန္က်ည္းႏွစ္ ႏွစ္ဇြန္းသာ စားလိုက္ပါ။

၂။ မန္က်ည္းသီးမွာ မေကာင္းတဲ့ ကိုလက္စထေရာကို ဖယ္ရွားေပးႏိုင္တဲ့ စြမ္းရည္တစ္မ်ိဳး ရွိတာေၾကာင့္ ႏွလုံးေသြး လွည့္ပတ္မႈမ်ားကို က်န္းမာေစပါတယ္။

၃။ ေရနဲ႔ ေဖ်ာ္ထားတဲ့ မန္က်ည္းႏွစ္ကလည္း လည္ေခ်ာင္းနာျခင္းအတြက္ ေဆးေကာင္း တစ္လက္ပါပဲ။ လည္ေခ်ာင္းနာေနသူ အေနနဲ႔ မန္က်ည္းေဖ်ာ္ရည္ ခပ္ေႏြးေႏြးျဖင့္ အာလုတ္က်င္းၿပီး သက္သာေစႏိုင္ ပါတယ္။

၄။ ပင္စိမ္းကိုေခ်ၿပီး မန္က်ည္းႏွစ္နဲ႔ ေရာစပ္ပါက ခံတြင္းနာျခင္းမ်ားကို ကုသႏိုင္ပါတယ္။ မန္က်ည္းသီးမွာ အေအးဓာတ္ ပါဝင္တာေၾကာင့္ အပူေၾကာင့္ျဖစ္တဲ့ ခံတြင္းနာမ်ားကို သက္သာေစတာ ျဖစ္ပါတယ္။

၅။ မန္က်ည္းပြင့္ကို အရည္ညႇစ္ၿပီး ေသာက္သုံးပါက လိပ္ေခါင္းေရာဂါကို သက္သာေစပါတယ္။

၆။ မန္က်ည္းႏွစ္ကို ေရေဖ်ာၿပီး ေသာက္ပါက အူတြင္းကပ္ပါး ေကာင္မ်ားကို ဖယ္ရွားပါတယ္။

၇။ မန္က်ည္းသီးဟာ သည္းေျခ ျပႆနာ ရွိေသာသူမ်ားအတြက္ ေဆးေကာင္းပါပဲ။

၈။ မန္က်ည္းႏွစ္ဟာ ဗီတာမင္စီ ဓာတ္ခ်ိဳ႕တဲ့ျခင္းမွ ကာကြယ္ေပးပါတယ္။

၉။ မန္က်ည္းေစ့အမႈန႔္ကို နႏြင္းမႈန႔္ အႏွစ္နဲ႔ ေရာစပ္ၿပီး အနာႏွင့္ ေရာင္ရမ္းျခင္းမ်ားကို လိမ္းေပးႏိုင္ပါတယ္။

၁၀။ မန္က်ည္းေဖ်ာ္ရည္ကို အသားဝါေရာဂါ ခံစားေနရသူမ်ား ေဆးအျဖစ္မွီဝဲႏိုင္ပါတယ္။

၁၁။ ၎မန္က်ည္းသီးမွာ ကင္ဆာျဖစ္ေစတဲ့ အႏၲရာယ္ရွိတဲ့ ဓာတုပစၥည္းမ်ားရန္မွ ကာကြယ္ေပးႏိုင္တဲ့ ဓာတ္မ်ားပါဝင္ပါတယ္။

၁၂။ မန္က်ည္းသီးဟာ အ႐ိုးက်န္းမာေရး အတြက္ အေကာင္းဆုံး အသီးျဖစ္တာေၾကာင့္ ေန႔စဥ္အစား အစာထဲမွာ ထည့္သြင္းသင့္ပါတယ္။

၁၃။ မန္က်ည္းေစ့ အႏွစ္ကို ပိုးမႊားကိုက္ျခင္းမ်ားကို ကုသရာမွာ သုံးႏိုင္ပါတယ္။

၁၄။ မန္က်ည္းေစ့အႏွစ္ (သို႔) မန္က်ည္းေခါက္မႈန႔္ အႏွစ္တို႔ကို အနာမ်ားေပၚတြင္ လိမ္းၿပီး ကုသႏိုင္ပါတယ္။

၁၅။ သိုင္း႐ြိဳက္ဓာတ္ မညီမွ်ျခင္း ေဝဒနာမ်ား ခံစားေနရသူမ်ားအဖို႔ မန္က်ည္းသီးကို ေန႔စဥ္အစား အစာထဲ ထည့္စားေပးပါ။

၁၆။ သဘာဝအတိုင္း ေသြးသန႔္စင္ေပးတဲ့ မန္က်ည္းသီးကို စားသုံးေပးသင့္ပါတယ္။

၁၇။ မန္က်ည္းသီးက ႂကြက္သား က်န္းမာေရးအတြက္လည္း အေရးပါပါတယ္။

၁၈။ မန္က်ည္းေဖ်ာ္ရည္ တစ္ခြက္ (သို႔)မန္က်ည္းႏွစ္ ပ်စ္ပ်စ္ႏွစ္ ဇြန္းတို႔က သာမန္အပူရွပ္ျခင္းကို သက္သာေစပါတယ္။

၁၉။ မန္က်ည္းႏွစ္က ဆီးခ်ိဳေရာဂါအတြက္ သင့္ေလ်ာ္ပါတယ္။ မန္က်ည္းသီးက အစာစားၿပီးတိုင္း ျမင့္တက္တတ္တဲ့ သၾကားဓာတ္ကို ကူညီေလွ်ာ့ခ်ေပးလို႔ ျဖစ္ပါတယ္။

၂၀။ မန္က်ည္းသီးက အဆိပ္ဓာတ္ကို ေျဖေပးႏိုင္တာေၾကာင့္ အရက္နာက်ေနတဲ့သူမ်ားကို မန္က်ည္းေဖ်ာ္ရည္ တိုက္ေပးသင့္ပါတယ္။

၂၁။ မန္က်ည္း႐ြက္မ်ားကို ေခ်ၿပီး ေရာင္ရမ္းေနတဲ့ အဆစ္ေနရာမ်ားေပၚတြင္ အုံေပးပါ။ မန္က်ည္း႐ြက္ သာမက မန္က်ည္းေစ့အႏွစ္ကလည္း အဆစ္ေရာင္၊ အဆစ္နာ ေဝဒနာမ်ားကို သက္သာေစပါတယ္။

Ref: www. realityspeaks. expertscolumn.com

Credit – Messenger News Journal

(Unicode)
မန်ကျည်းသီး၏ အသုံးဝင်ပုံများ

မန်ကျည်းသီးသာလျှင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ မန်ကျည်းသီးမှုန့်နှင့် ရောစပ်ထားတဲ့ သဘာ၀ ဆေးဝါးများနဲ့ ဟင်းခတ်များကိုလည်း အမျိုးမျိုးသော သဘာဝကုထုံးများတွင် သမားတော်များ အသုံးပြုလျက် ရှိကြပါတယ်။ မန်ကျည်းပင်ရဲ့ အသီး၊ အရွက်၊ အစေ့၊ အခေါက်၊ အပွင့်စတာတွေ အားလုံးကို ရှေးခေတ်ကတည်းက အမျိုးမျိုး သုံးစွဲလာခဲ့ကြပါတယ်။ အောက်ပါ အချက်များကတော့ မန်ကျည်းသီး၏ အထွေထွေ အသုံးဝင်ပုံများသာ ဖြစ်ပါတယ်။

၁။ ဝမ်းသွားရတာ နှေးကွေးနေတဲ့ အခါအကောင်း ဆုံးဆေးကတော့ မန်ကျည်းသီးနှစ်ပါပဲ။ မန်ကျည်းနှစ်မှာ ပါဝင်တဲ့ အစာချေဖျက်ပေးတဲ့ ဖိုက်ဘာဓာတ်များဟာ ဝမ်းတွင်း လုပ်ဆောင်ချက်များကို ပုံမှန်လည်ပတ်စေပါတယ်။ ဒါ့ကြောင့် ဝမ်းသွားခြင်း ပုံမှန်ဖြစ်လိုလျှင် မန်ကျည်းနှစ် နှစ်ဇွန်းသာ စားလိုက်ပါ။

၂။ မန်ကျည်းသီးမှာ မကောင်းတဲ့ ကိုလက်စထရောကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းရည်တစ်မျိုး ရှိတာကြောင့် နှလုံးသွေး လှည့်ပတ်မှုများကို ကျန်းမာစေပါတယ်။

၃။ ရေနဲ့ ဖျော်ထားတဲ့ မန်ကျည်းနှစ်ကလည်း လည်ချောင်းနာခြင်းအတွက် ဆေးကောင်း တစ်လက်ပါပဲ။ လည်ချောင်းနာနေသူ အနေနဲ့ မန်ကျည်းဖျော်ရည် ခပ်နွေးနွေးဖြင့် အာလုတ်ကျင်းပြီး သက်သာစေနိုင် ပါတယ်။

၄။ ပင်စိမ်းကိုချေပြီး မန်ကျည်းနှစ်နဲ့ ရောစပ်ပါက ခံတွင်းနာခြင်းများကို ကုသနိုင်ပါတယ်။ မန်ကျည်းသီးမှာ အအေးဓာတ် ပါဝင်တာကြောင့် အပူကြောင့်ဖြစ်တဲ့ ခံတွင်းနာများကို သက်သာစေတာ ဖြစ်ပါတယ်။

၅။ မန်ကျည်းပွင့်ကို အရည်ညှစ်ပြီး သောက်သုံးပါက လိပ်ခေါင်းရောဂါကို သက်သာစေပါတယ်။

၆။ မန်ကျည်းနှစ်ကို ရေဖျောပြီး သောက်ပါက အူတွင်းကပ်ပါး ကောင်များကို ဖယ်ရှားပါတယ်။

၇။ မန်ကျည်းသီးဟာ သည်းခြေ ပြဿနာ ရှိသောသူများအတွက် ဆေးကောင်းပါပဲ။

၈။ မန်ကျည်းနှစ်ဟာ ဗီတာမင်စီ ဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ပေးပါတယ်။

၉။ မန်ကျည်းစေ့အမှုန့်ကို နနွင်းမှုန့် အနှစ်နဲ့ ရောစပ်ပြီး အနာနှင့် ရောင်ရမ်းခြင်းများကို လိမ်းပေးနိုင်ပါတယ်။

၁၀။ မန်ကျည်းဖျော်ရည်ကို အသားဝါရောဂါ ခံစားနေရသူများ ဆေးအဖြစ်မှီဝဲနိုင်ပါတယ်။

၁၁။ ၎င်းမန်ကျည်းသီးမှာ ကင်ဆာဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများရန်မှ ကာကွယ်ပေးနိုင်တဲ့ ဓာတ်များပါဝင်ပါတယ်။

၁၂။ မန်ကျည်းသီးဟာ အရိုးကျန်းမာရေး အတွက် အကောင်းဆုံး အသီးဖြစ်တာကြောင့် နေ့စဉ်အစား အစာထဲမှာ ထည့်သွင်းသင့်ပါတယ်။

၁၃။ မန်ကျည်းစေ့ အနှစ်ကို ပိုးမွှားကိုက်ခြင်းများကို ကုသရာမှာ သုံးနိုင်ပါတယ်။

၁၄။ မန်ကျည်းစေ့အနှစ် (သို့) မန်ကျည်းခေါက်မှုန့် အနှစ်တို့ကို အနာများပေါ်တွင် လိမ်းပြီး ကုသနိုင်ပါတယ်။

၁၅။ သိုင်းရွိုက်ဓာတ် မညီမျှခြင်း ဝေဒနာများ ခံစားနေရသူများအဖို့ မန်ကျည်းသီးကို နေ့စဉ်အစား အစာထဲ ထည့်စားပေးပါ။

၁၆။ သဘာဝအတိုင်း သွေးသန့်စင်ပေးတဲ့ မန်ကျည်းသီးကို စားသုံးပေးသင့်ပါတယ်။

၁၇။ မန်ကျည်းသီးက ကြွက်သား ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။

၁၈။ မန်ကျည်းဖျော်ရည် တစ်ခွက် (သို့)မန်ကျည်းနှစ် ပျစ်ပျစ်နှစ် ဇွန်းတို့က သာမန်အပူရှပ်ခြင်းကို သက်သာစေပါတယ်။

၁၉။ မန်ကျည်းနှစ်က ဆီးချိုရောဂါအတွက် သင့်လျော်ပါတယ်။ မန်ကျည်းသီးက အစာစားပြီးတိုင်း မြင့်တက်တတ်တဲ့ သကြားဓာတ်ကို ကူညီလျှော့ချပေးလို့ ဖြစ်ပါတယ်။

၂၀။ မန်ကျည်းသီးက အဆိပ်ဓာတ်ကို ဖြေပေးနိုင်တာကြောင့် အရက်နာကျနေတဲ့သူများကို မန်ကျည်းဖျော်ရည် တိုက်ပေးသင့်ပါတယ်။

၂၁။ မန်ကျည်းရွက်များကို ချေပြီး ရောင်ရမ်းနေတဲ့ အဆစ်နေရာများပေါ်တွင် အုံပေးပါ။ မန်ကျည်းရွက် သာမက မန်ကျည်းစေ့အနှစ်ကလည်း အဆစ်ရောင်၊ အဆစ်နာ ဝေဒနာများကို သက်သာစေပါတယ်။

Ref: www. realityspeaks. expertscolumn.com

Credit – Messenger News Journal

Leave a Reply

Your email address will not be published. Required fields are marked *