သတင္း

စုေၾကးလိမ္လည္ၿပီး ေရွာင္တိမ္းထြက္ေျပးသြားတာမ်ိဳး ႀကဳံေတြ႕ခဲ့ပါလွ်င္

(Zawgyi)

စုေၾကးလိမ္လည္ၿပီး ေရွာင္တိမ္းထြက္ေျပးသြားတာမ်ိဳး ႀကဳံေတြ႕ခဲ့ပါလွ်င္

အသင္းလိုက္အဖြဲ႕လိုက္ အုပ္စုလိုက္ စုေၾကးစုၾကတဲ့အခါ ႐ိုး႐ိုးစုေၾကးပဲျဖစ္ျဖစ္၊ ေလလံစုေၾကးပဲျဖစ္ျဖစ္ အမ်ားနဲ႔သက္ဆိုင္ေနတဲ့ စုေၾကးေငြမ်ားကို မေပးပဲ စုေၾကးေငြကိုင္သူမွ လိမ္လည္ၿပီး ေရွာင္တိမ္းထြက္ေျပးသြားတာမ်ိဳး ႀကဳံေတြ႕ခဲ့ပါလွ်င္။ စုေၾကးလိမ္လည္ထြက္ေျပးရင္ ၄၂၀ ၄၀၆ အကုန္ညိပါတယ္ေနာ္။ အရင္ဆုံး ျပစ္မႈေၾကာင္းအရ စခန္းမွာအမႈဖြင့္ပါ။ ေပးရမဲ့ရက္ကို ျပန္မေပးတဲ့အတြက္ ဖြင့္လို႔ရပါတယ္။ တိုင္စာကအဓိကပါ။ တိုင္စာေရးတတ္တဲ့သူနဲ႔ တိုင္ပင္ပါ။

သူနဲ႔ေျပာထားတာေတြ ss႐ိုက္ထား print ထုတ္ထားပါ။ စာခ်ဳပ္မရွိတဲ့ သူေတြအတြက္ပါ။ ၿပီးရင္ ေငြရလိုမႈ တရားမမႈနဲ႔ဆက္ဆြဲပါ။ တရား႐ုံးခ်ိန္း သုံးခ်ိန္းလုံး သူမလာရင္ ဝရမ္းထြက္ပါၿပီ။ မလာေလ ေကာင္းေလပါပဲ။ ဝရမ္းထြက္ၿပီဆိုဘယ္ေနရာ ဘယ္ေဒသေရာက္ေရာက္ ဖမ္းလို႔ရပါၿပီ။ အခ်ိန္ဘယ္ေလာက္ၾကာၾကာပါ။

ညီမအသိ အမတစ္ေယာက္ တာေမြမွာဖြင့္တဲ့ အမႈဆို ထြက္ေျပးၿပီး ၃ႏွစ္ၾကာမွ မိပါတယ္။ ထြက္ေျပးတုန္းက ကိုယ္ဝန္နဲ႔ပါ။ ျပန္လာေတာ့ ကေလးက၂ႏွစ္ျဖစ္ေနပါၿပီ။ သူက ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ေလာက္ၿပီဆိုၿပီး သူ႔မိဘအိမ္ ျပန္လာလည္တာပါ။ အာမခံမရပါဘူး။ တစ္ခါတည္း ဖမ္းတာပါ။ သူကဝရမ္းေျပး ျဖစ္သြားတဲ့အတြက္ပါ။

အဓိကက စခန္းသြားၿပီး အမႈဖြင့္ရမွာ မေၾကာက္ပါနဲ႔။ ကိုယ္ေရွ႕ေန မဌားႏိုင္လည္း စိတ္မပူပါနဲ႔။ တရား႐ုံးမွာ အစိုးရေရွ႕ေနရွိပါတယ္။ တရား႐ုံး တတ္ရမွာလည္း မေၾကာက္ပါနဲ႔။ ကိုယ္က တရားလိုအေနနဲ႔ သြားရၿပီး သူကတရားခံအေနနဲ႔လာရမွာမို႔ပါ။

႐ုံးခ်ိန္းကလည္း ေန႔တိုင္းမရွိပါဘူး။ ႏွစ္ပတ္တစ္ခါေလာက္ ခ်ိန္းတာပါ။ တိုင္ပါ လိမ္လို႔ရမွန္းသိရင္ လိမ္ၾကမွာပါ။ ဝရမ္းထြက္ၿပီဆို မိပါတယ္ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္။ Cbက လာေမးလို႔ တင္ေပးတာပါေနာ္။ ေနာက္ၿပီးရင္ တိုင္စာ နမူနာေလးတင္ေပးပါ့မယ္။

သူတစ္ပါး ေငြေၾကးပစၥည္းဥစၥာကို လိမ္လည္ေျပာဆိုအလြဲသုံးစား မယူႏွင့္။ မလုပ္ႏွင့္။( ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၄၂၀ / ၄၀၆ / ၄၀၉ တို႔အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ႏွစ္ / ၇ ႏွစ္/၁၀ႏွစ္ ႏွင့္ တစ္သက္ တစ္ကြၽန္းဒဏ္ ခ်မွတ္ခံရႏိုင္သည္ )

Credit – ဥပဒေရးရာသုတအျဖာျဖာ

Via – Daily Hot News https://www.xyznews.co/archives/24118

(Unicode)

စုကြေးလိမ်လည်ပြီးရှောင်တိမ်းထွက်ပြေးသွားတာမျိုး ကြုံတွေ့ခဲ့ပါလျှင်

အသင်းလိုက်အဖွဲ့လိုက် အုပ်စုလိုက် စုကြေးစုကြတဲ့အခါ ရိုးရိုးစုကြေးပဲဖြစ်ဖြစ်၊ လေလံစုကြေးပဲဖြစ်ဖြစ် အများနဲ့သက်ဆိုင်နေတဲ့ စုကြေးငွေများကို မပေးပဲ စုကြေးငွေကိုင်သူမှ လိမ်လည်ပြီး ရှောင်တိမ်းထွက်ပြေးသွားတာမျိုး ကြုံတွေ့ခဲ့ပါလျှင်။ စုကြေးလိမ်လည်ထွက်ပြေးရင် ၄၂၀ ၄၀၆ အကုန်ညိပါတယ်နော်။ အရင်ဆုံး ပြစ်မှုကြောင်းအရ စခန်းမှာအမှုဖွင့်ပါ။ ပေးရမဲ့ရက်ကို ပြန်မပေးတဲ့အတွက် ဖွင့်လို့ရပါတယ်။ တိုင်စာကအဓိကပါ။ တိုင်စာရေးတတ်တဲ့သူနဲ့ တိုင်ပင်ပါ။

သူနဲ့ပြောထားတာတွေ ssရိုက်ထား print ထုတ်ထားပါ။ စာချုပ်မရှိတဲ့ သူတွေအတွက်ပါ။ ပြီးရင် ငွေရလိုမှု တရားမမှုနဲ့ဆက်ဆွဲပါ။ တရားရုံးချိန်း သုံးချိန်းလုံး သူမလာရင် ဝရမ်းထွက်ပါပြီ။ မလာလေ ကောင်းလေပါပဲ။ ဝရမ်းထွက်ပြီဆိုဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဖမ်းလို့ရပါပြီ။ အချိန်ဘယ်လောက်ကြာကြာပါ။

ညီမအသိ အမတစ်ယောက် တာမွေမှာဖွင့်တဲ့ အမှုဆို ထွက်ပြေးပြီး ၃နှစ်ကြာမှ မိပါတယ်။ ထွက်ပြေးတုန်းက ကိုယ်ဝန်နဲ့ပါ။ ပြန်လာတော့ ကလေးက၂နှစ်ဖြစ်နေပါပြီ။ သူက မေ့မေ့ပျောက်ပျောက် ဖြစ်လောက်ပြီဆိုပြီး သူ့မိဘအိမ် ပြန်လာလည်တာပါ။ အာမခံမရပါဘူး။ တစ်ခါတည်း ဖမ်းတာပါ။ သူကဝရမ်းပြေး ဖြစ်သွားတဲ့အတွက်ပါ။

အဓိကက စခန်းသွားပြီး အမှုဖွင့်ရမှာ မကြောက်ပါနဲ့။ ကိုယ်ရှေ့နေ မဌားနိုင်လည်း စိတ်မပူပါနဲ့။ တရားရုံးမှာ အစိုးရရှေ့နေရှိပါတယ်။ တရားရုံး တတ်ရမှာလည်း မကြောက်ပါနဲ့။ ကိုယ်က တရားလိုအနေနဲ့ သွားရပြီး သူကတရားခံအနေနဲ့လာရမှာမို့ပါ။

ရုံးချိန်းကလည်း နေ့တိုင်းမရှိပါဘူး။ နှစ်ပတ်တစ်ခါလောက် ချိန်းတာပါ။ တိုင်ပါ လိမ်လို့ရမှန်းသိရင် လိမ်ကြမှာပါ။ ဝရမ်းထွက်ပြီဆို မိပါတယ် တစ်ချိန်မဟုတ် တစ်ချိန်။ Cbက လာမေးလို့ တင်ပေးတာပါနော်။ နောက်ပြီးရင် တိုင်စာ နမူနာလေးတင်ပေးပါ့မယ်။

သူတစ်ပါး ငွေကြေးပစ္စည်းဥစ္စာကို လိမ်လည်ပြောဆိုအလွဲသုံးစား မယူနှင့်။ မလုပ်နှင့်။( ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀ / ၄၀၆ / ၄၀၉ တို့အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ် / ၇ နှစ်/၁၀နှစ် နှင့် တစ်သက် တစ်ကျွန်းဒဏ် ချမှတ်ခံရနိုင်သည် )

Credit – ဥပဒရေးရာသုတအဖြာဖြာ

Via – Daily Hot News https://www.xyznews.co/archives/24118

Leave a Reply

Your email address will not be published. Required fields are marked *