သတင်း

ကြီးမကြီး အရေးကြီးသလား?

ကြီးမကြီး အရေးကြီးသလား? 🍌
———————————

လိင်အင်္ဂါအရွယ်အစားနဲ့ပတ်သတ်ပြီးတော့ ယောက်ျားလေးတွေရဲ့ စိတ်ထဲမှာ အားမရတာမျိုး စိတ်ပူပန်တာမျိုးဖြစ်တာက ဟိုးပဝေသနီ ထဲကပါပဲ… ဒီခေတ်ထဲမှာ ပိုပြီး ကြီးချင်လာတာမျိုးတွေကိုလည်းတွေ့ရပါတယ်.. ဘာလို့ဆိုတော့ 18+ video တွေထဲကလိုမျိုးတွေ အားကျတာမျိုးလည်း ပါမပေါ့.. ဒါပေမယ့် ဒီလိုမျိုး အရွယ်အစား ကြီးတာဟာ တကယ်ပဲ အဖော်မိန်းကလေးအတွက် အရေးကြီးရဲ့လား? အရေးပါရဲ့လား? အဖြေကတော့.. ”Not really” တကယ်မဟုတ်ပါဘူးတဲ့.. လိင်ဆက်ဆံတာဟာ ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီးတော့ အမျိုးသမီးထုကြီးကတော့ ကြီးတာထက်စာရင် ကျွမ်းကျင်တာကို ပိုပြီးတော့ လိုလားကြပါတယ်တဲ့..

ပုံမှန်အရွယ်အစား??

ဘယ်ဟာက သေးတယ်..ဘယ်ဟာက ကြီးတယ် …
ဘယ်ဟာက ပုံမှန်ဆိုတာ ဘယ်လိုမျိုး ကျွန်တော်တို့ သိနိုင်သလဲ? လွယ်ပါတယ်..တစ်ကမ္ဘာလုံးကလူတွေကို ဆန်းစစ်ကြည့်လိုက်ရုံပါပဲ.. ဒီလိုမျိုး လေ့လာနေတာ နှစ်ပေါင်း ၇၀ လောက်တောင် ရှိနေပါပြီ.. လေ့လာချက်တစ်ခုအရဆိုရင်တော့ ကမ္ဘာပေါ်က random ယောကျာ်းလေး ၁၀၀၀၀ ကို လေ့လာလိုက်တဲ့အခါမှာ.. တောင်မတ်နေချိန်မှာ အရွယ်အစားက ၅လက်မ နဲ့ ၆လက်မ ကြားမှာ ရှိပါတယ်တဲ့.. ဒါပေမယ့် ကိုယ့်ဟာသေးနေလို့လည်း စိတ်ပျက်မသွားပါနဲ့ဦး.. တချို့နိုင်ငံတွေမှာ ၄လက်မလောက်ဆိုရင်ပဲ မဆိုးပါဘူးတဲ့.. ကမ္ဘာပေါ်က လူမျိုးနွယ်တွေနဲ့လိုက်ပြီး အရွယ်က ကွာတတ်တာမို့ ဇာတ်ကားတွေထဲကဟာတွေကို အားကျနေစရာလည်း မလိုပါဘူးနော် …

အမျိုးသမီးတွေရဲ့သဘောထား?

ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီးတွေရဲ့ ၈၅ % က သူတို့ရဲ့ လိင်ဆက်ဆံဖော်အမျိုးသားတွေရဲ့ အရွယ်အစားကို ကျေနပ်ကြပါတယ်တဲ့.. ကျန်တဲ့ ၁၅% ကတော့ ကြီးရှယ်ကြိုက် အထန်မမတွေ နေမှာပေါ့ဗျာ 😂
အမျိုးသမီး ၅သောင်းလောက်မှာ ၄သောင်းကျော်က သူတို့ရဲ့ အမျိုးသားတွေရဲ့ အရွယ်အစားတိုင်းလေးပဲ အဆင်ပြေကြပါတယ်တဲ့.. ဒါပေမယ့်လည်း အမျိုးသားများကတော့ ပိုပြီးအတွေးလွန်တတ်ကြပါတယ်.. အမျိုးသားထုရဲ့ ၅၅%လောက်က ကိုယ့်အရွယ်အစားကို ကျေနပ် အားရမှုမရှိကြပါဘူးတဲ့.. အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ဒီနေရာမှာတော့ တော်တော်ကွာသွားပီနော် …

စံထားစရာအရွယ်စား??

အမျိုးသမီးတွေရဲ့ ရင်သားဟာ အရွယ်စားအမျိုးမျိုး ရှိသလိုပဲ အမျိုးသားတွေရဲ့ ဖွားဖက်တော်တွေလည်း မတူညီကြဘူးဆိုတာကို partner အမျိုးသမီးတွေက နားလည်သဘောပေါက်ပြီးသားပါ.. စံထားစရာ လိင်တံအရွယ်အစားဆိုတာ တကယ်တော့ မရှိပါဘူးတဲ့ .. အမျိုးသမီးအများစုကို စစ်တမ်းကောက်ကြည့်မယ်ဆိုရင် အရွယ်အစားကြီးတာနဲ့ ကျွမ်းကျင်မှုကောင်းကောင်းနဲ့ ဆက်ဆံတာ ဘာကိုရွေးမလဲဆိုတော့? Skill ကောင်းတဲ့သူကိုပဲ ရွေးချယ်ချင်ကြပါတယ်တဲ့.. ဘာလို့ဆိုတော့ လိင်ဆက်ဆံတဲ့အချိန်မှာ ကျွမ်းကျင်မှုကောင်းတာနဲ့အမျှ အမျိုးသမီးတွေရဲ့ လိုချင်တဲ့ ပန်းတိုင်ကို အလွယ်တကူ ရောက်နိုင်တာမလို့ပါ… သင့်ရဲ့အရွယ်စားထက်စာရင် သင့်ရဲ့ ကျွမ်းကျင်မှုက သင့်ရဲ့စွဲဆောင်မှုဖြစ်နေမှာအသေချာပါပဲ…

အချုပ်ပြောရမယ်ဆိုပါစို့..သင့်ရဲ့ ဖွားဖက်တော်လေး အရွယ်စားဘယ်လောက်ရှိတယ်ဆိုတာကို မေ့လိုက်ပါ…

အမျိုးသမီးအင်္ဂါရဲ့ အရှည်ဟာ ၃လက်မသာသာပဲ ရှိပါတယ်.. အလွန်ဆုံး လိင်ဆက်ဆံတဲ့အခါ စိတ်ကြွမှ ၁ လက်မလောက်ပဲ ထက်ပြီး ပွလာမှာ… ပြီးတော့ သူတို့ရဲ့ ခံစားမှုက အဝင်ပေါက်ရဲ့ သုံးပုံတစ်ပုံလောက်မှာပဲ ရှိတာမို့ ရှည်တာကြီးတာဟာ အရေးမကြီးတော့ပါဘူး..
တအားရှည်ရင် သားအိမ်ကိုလာလာထောက်ပီးတော့ အမျိုးသမီးတွေဟာ နာကြင်မှုကို ခံစားနိုင်ပါသေးတယ်..

သင့်ရဲ့ လိင်တံနဲ့ပက်သတ်ပြီး အားငယ်မှုတွေကို မေ့ပစ်လိုက်ပါတော့… ပြီးတော့ ချက်ချင်းလေ့လာလိုက်ပါ..ဘယ်လိုမျိုး Foreplay .. လိင်မဆက်ဆံခင် အစပျိုးမလဲ.. ကိုယ့်ရဲ့ အမျိုးသမီးက ဘယ်လိုမျိုးပုံစံလေးတွေ သဘောကျတတ်သလဲ.. သူက ဘယ်လိုမျိုးဆို အရသာ ထိပ်ဆုံးကို ရောက်ရှိတတ်သလဲ.. ဒါလေးတွေပိုင်ပီ ဆိုရင်တော့ဖြင့် သင်ဟာ အချုပ်သိုင်းကွက်တွေတောင်မလိုတဲ့ လုပ်တိုင်းအောင်တဲ့ ပျို့ကျိုင်းမောင်တစ်ယောက် ဖြစ်နေမှာ အမှန်ပါပဲဗျို့…

ဒေါက်တာဟန် (ဆေးမန်း)

Leave a Reply

Your email address will not be published. Required fields are marked *