သတင္း

အဆစ္အျမစ္ေရာင္၊ အေညာင္းအကိုက္၊ အေရျပားပိုးေရာဂါအမ်ိဳးမ်ိဳး၊ ေလျဖတ္၊ ကိုယ္တစ္ျခမ္းေသ ေ၀ဒနာသည္မ်ားအတြက္ တမာ႐ြက္ ျပဳတ္ရည္ျဖင့္ ေရခ်ိဳးနည္းမွန္

(Zawgyi)
တမာ႐ြက္ ျပဳတ္ရည္ျဖင့္ ေရခ်ိဳးနည္း

တမာ႐ြက္သည္ ျမန္မာႏိုင္ငံ တစ္နံတစ္လ်ားတြင္ အလြန္ေပါမ်ားေသာ အပင္ျဖစ္သည္။ ေရတမာကို မဆိုလိုပါ။ အညာတမာ အ႐ြက္ကို တို႔စားရသည့္ တမာမ်ိဳးသည္ အလြန္ေဆးဖက္ဝင္သည္။ တမာသည္ အဆစ္ေရာင္ေရာဂါ၊ အေရျပားေရာဂါ၊ ပိုးေရာဂါ အမ်ိဳးမ်ိဳးကို သက္သာ ေပ်ာက္ကင္းေစႏိုင္သည့္ အာနိသင္ရွိသည္။ တမာပင္ရိပ္၊ တမာတန္းတြင္ ေနထိုင္ေသာ သူမ်ားသည္ အဆုတ္က်န္းမာေရး ေကာင္းၾကသည္ဟု ေဆးပညာရွင္မ်ားက ဆိုသည္။

ေရွးက ေတာေက်ာင္း တစ္ေက်ာင္းတြင္ ေတြ႕ဖူးသည္မွာ ေက်ာင္းထိုင္ဆရာေတာ္ ဘုန္းေတာ္ႀကီးသည္ ဒူလာေခၚ အဆစ္အမ်က္ ကိုက္ခဲေသာ ေရာဂါရွိသည္။ ထိုေရာဂါေၾကာင့္ ေအးေသာရာသီတြင္ ေရမခ်ိဳးႏိုင္ဘဲ ရက္ရွည္လမ်ား ေနရာမွ မ်က္စိသို႔ အခိုးတက္ၿပီး မ်က္ဝတ္မ်ားပိတ္ကာ မ်က္စိကြယ္လုနီး အေျခအေနသို႔ ေရာက္ခဲ့သည္။ ေနာက္ပိုင္းတြင္ ခရီးသြားရင္း ဘုန္းႀကီးေက်ာင္းတြင္ လာေရာက္တည္းခိုသည့္ အာဂႏၲဳေဆးဆရာႀကီး တစ္ဦးက ၫႊန္ျပသျဖင့္ တမာ႐ြက္ျပဳတ္ရည္ျဖင့္ ေရခ်ိဳးေပးရာ အကိုက္အခဲေရာဂါမ်ား သက္သာသည့္အျပင္ မ်က္စိကြယ္မည့္ ေဝဒနာမွပါ သက္သာခဲ့သည္ဟု ဆိုသည္။


တမာ႐ြက္ အ႐ြက္ၾကမ္းမ်ားကို ခူးၿပီး ေသာက္ေရအိုးေဟာင္းကဲ့သို႔ ေျမအိုးတစ္လုံးတြင္ ထည့္ၿပီး ေရအျပည့္ထည့္ကာ (တမာ႐ြက္အာနိသင္ ျမန္ျမန္ထြက္ေစရန္ ဆား ဟင္းစားဇြန္း ႏွစ္ဇြန္းခန႔္ ထည့္ျပဳတ္ပါ။)မီးျဖင့္ ပြက္ပြက္ဆူေအာင္ တည္ထားၿပီး အေအးခံထားပါ။ ေရခ်ိဳးမည့္ အခ်ိန္တြင္ အေနေတာ္ ခပ္ေႏြးေႏြး ျဖစ္ေနလွ်င္ အေကာင္းဆုံးျဖစ္သည္။ ထိုတမာ႐ြက္ ျပဳတ္ရည္ကို ဒူးအထက္မွ ေအာက္သို႔ ေလာင္းၿပီး တျဖည္းျဖည္း ခႏၶာကိုယ္ အေပၚပိုင္းသို႔ တက္၍ တစ္ကိုယ္လုံး ေလာင္းခ်ိဳးႏိုင္သည္။ ၿပီးလွ်င္ ခႏၶာကိုယ္ သန႔္စင္ေအာင္ ဆပ္ျပာတိုက္ၿပီး ေရေအးကို ေရေႏြးအနည္းငယ္ ေရာစပ္ထားေသာ ေရျဖင့္စပ္၍ ခ်ိဳးေပးပါ။ ဤသို႔ တမာ႐ြက္ျပဳတ္ရည္ကို ေန႔စဥ္ခ်ိဳးေပးျခင္းျဖင့္ အဆစ္ေရာင္၊ အေညာင္းအကိုက္ ေရာဂါမ်ား သက္သာသည့္အျပင္ ေလျဖတ္၊ ကိုယ္တစ္ျခမ္းေသ ေဝဒနာရွင္မ်ားပါ အေၾကာမ်ား အဆစ္မ်ား သန္စြမ္းလာေၾကာင္း လက္ေတြ႕ ကုသသည့္ အေၾကာျပင္ဆရာမ်ားက ေျပာျပပါသည္။

ေဆာင္းတြင္ ေရခ်ိဳးရမည့္ အခ်ိန္မွာ စာေရးသူ ယခင္က ေရးသားခဲ့ဖူးသည့္အတိုင္း (ေႏြ ကိုး၊ မိုး တစ္ဆယ္၊ ေဆာင္း တစ္ဆယ့္တစ္) ေဆာင္းရာသီတြင္ ေန႔(၁၁)နာရီခန႔္ အခ်ိန္သည္ အသင့္ေတာ္ဆုံး ျဖစ္သည္။ ျဖစ္ႏိုင္လွ်င္ ေရခ်ိဳးခန္း အလုံခန္းအတြင္း ေရခ်ိဳးျခင္းထက္ သဘာဝ ေနေရာင္ျခည္ေအာက္တြင္ (ေတေဇာဓာတ္ကို ခံယူရင္း) ေရခ်ိဳးသည္က ပို၍ က်န္းမာေရး ေကာင္းေစေၾကာင္း တင္ျပလိုက္ရပါသည္။

Credit – ၾကည္လြင္ျမင့္ (မုျဒာ)

(Unicode)
တမာရွက် ပြုတ်ရည်ဖြင့် ရေချိုးနည်း

တမာရွက်သည် မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် အလွန်ပေါများသော အပင်ဖြစ်သည်။ ရေတမာကို မဆိုလိုပါ။ အညာတမာ အရွက်ကို တို့စားရသည့် တမာမျိုးသည် အလွန်ဆေးဖက်ဝင်သည်။ တမာသည် အဆစ်ရောင်ရောဂါ၊ အရေပြားရောဂါ၊ ပိုးရောဂါ အမျိုးမျိုးကို သက်သာ ပျောက်ကင်းစေနိုင်သည့် အာနိသင်ရှိသည်။ တမာပင်ရိပ်၊ တမာတန်းတွင် နေထိုင်သော သူများသည် အဆုတ်ကျန်းမာရေး ကောင်းကြသည်ဟု ဆေးပညာရှင်များက ဆိုသည်။

ရှေးက တောကျောင်း တစ်ကျောင်းတွင် တွေ့ဖူးသည်မှာ ကျောင်းထိုင်ဆရာတော် ဘုန်းတော်ကြီးသည် ဒူလာခေါ် အဆစ်အမျက် ကိုက်ခဲသော ရောဂါရှိသည်။ ထိုရောဂါကြောင့် အေးသောရာသီတွင် ရေမချိုးနိုင်ဘဲ ရက်ရှည်လများ နေရာမှ မျက်စိသို့ အခိုးတက်ပြီး မျက်ဝတ်များပိတ်ကာ မျက်စိကွယ်လုနီး အခြေအနေသို့ ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ခရီးသွားရင်း ဘုန်းကြီးကျောင်းတွင် လာရောက်တည်းခိုသည့် အာဂန္တုဆေးဆရာကြီး တစ်ဦးက ညွှန်ပြသဖြင့် တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးရာ အကိုက်အခဲရောဂါများ သက်သာသည့်အပြင် မျက်စိကွယ်မည့် ဝေဒနာမှပါ သက်သာခဲ့သည်ဟု ဆိုသည်။

တမာရွက် အရွက်ကြမ်းများကို ခူးပြီး သောက်ရေအိုးဟောင်းကဲ့သို့ မြေအိုးတစ်လုံးတွင် ထည့်ပြီး ရေအပြည့်ထည့်ကာ (တမာရွက်အာနိသင် မြန်မြန်ထွက်စေရန် ဆား ဟင်းစားဇွန်း နှစ်ဇွန်းခန့် ထည့်ပြုတ်ပါ။)မီးဖြင့် ပွက်ပွက်ဆူအောင် တည်ထားပြီး အအေးခံထားပါ။ ရေချိုးမည့် အချိန်တွင် အနေတော် ခပ်နွေးနွေး ဖြစ်နေလျှင် အကောင်းဆုံးဖြစ်သည်။ ထိုတမာရွက် ပြုတ်ရည်ကို ဒူးအထက်မှ အောက်သို့ လောင်းပြီး တဖြည်းဖြည်း ခန္ဓာကိုယ် အပေါ်ပိုင်းသို့ တက်၍ တစ်ကိုယ်လုံး လောင်းချိုးနိုင်သည်။ ပြီးလျှင် ခန္ဓာကိုယ် သန့်စင်အောင် ဆပ်ပြာတိုက်ပြီး ရေအေးကို ရေနွေးအနည်းငယ် ရောစပ်ထားသော ရေဖြင့်စပ်၍ ချိုးပေးပါ။ ဤသို့ တမာရွက်ပြုတ်ရည်ကို နေ့စဉ်ချိုးပေးခြင်းဖြင့် အဆစ်ရောင်၊ အညောင်းအကိုက် ရောဂါများ သက်သာသည့်အပြင် လေဖြတ်၊ ကိုယ်တစ်ခြမ်းသေ ဝေဒနာရှင်များပါ အကြောများ အဆစ်များ သန်စွမ်းလာကြောင်း လက်တွေ့ ကုသသည့် အကြောပြင်ဆရာများက ပြောပြပါသည်။

ဆောင်းတွင် ရေချိုးရမည့် အချိန်မှာ စာရေးသူ ယခင်က ရေးသားခဲ့ဖူးသည့်အတိုင်း (နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း တစ်ဆယ့်တစ်) ဆောင်းရာသီတွင် နေ့(၁၁)နာရီခန့် အချိန်သည် အသင့်တော်ဆုံး ဖြစ်သည်။ ဖြစ်နိုင်လျှင် ရေချိုးခန်း အလုံခန်းအတွင်း ရေချိုးခြင်းထက် သဘာဝ နေရောင်ခြည်အောက်တွင် (တေဇောဓာတ်ကို ခံယူရင်း) ရေချိုးသည်က ပို၍ ကျန်းမာရေး ကောင်းစေကြောင်း တင်ပြလိုက်ရပါသည်။

Credit – ကြည်လွင်မြင့် (မုဒြာ)

Leave a Reply

Your email address will not be published. Required fields are marked *