သတင္း

ထမင္းစားၿပီးေနာက္ မလုပ္သင့္သည့္ အႏၲရာယ္ (၈)ရပ္

(Zawgyi)
ထမင္းစားၿပီးေနာက္ မလုပ္သင့္သည့္ အႏၲရာယ္ (၈)ရပ္

သင္ ဒါေတြ သိပါသလား။ ဖတ္ရႈၿပီး လိုက္နာဆင္ျခင္ပါ။

(၁) ေဆးလိပ္ မေသာက္ပါႏွင့္။

ထမင္းစားၿပီးေနာက္ စီးကရက္ ၁-လိပ္ေသာက္ျခင္းသည္ သာမန္ အခ်ိန္ စီးကရက္၁၀-လိပ္ေသာက္ျခင္းႏွင့္ ညီမွ်ၿပီး၊ ကင္ဆာေရာဂါျဖစ္ႏိုင္ေခ် အလားအလာပိုမ်ားေၾကာင္း ေဆးသိပၸံပညာရွင္မ်ားက သတိေပးထားသည္။

(၂) သစ္သီးမ်ား အလ်င္စလို မစားပါႏွင့္။

ထမင္စားၿပီးေနာက္ အခ်ိဳပြဲ သစ္သီးစားျခင္းသည္ မွားယြင္းေသာ အစဥ္အလာ တစ္ခုျဖစ္ေနၾကပါသည္။ အမွန္အားျဖင့္ ထမင္းစားၿပီးၿပီးခ်င္း သစ္သီးစားျခင္းက ေလပြေစၿပီး၊ အစာအိမ္ကို ေဘးဥပါသ္ျဖစ္ေစ၏။ ထို႔ေၾကာင့္ ထမင္းစားၿပီး အနည္းဆုံး နာရီဝက္ခန႔္ ၾကာမွသာ သစ္သီး စားသင့္သည္။ (က်န္းမာေရး အျမင္ရွိေသာ ဟိုတယ္ႀကီးမ်ားႏွင့္ စားေသာက္ဆိုင္ အခ်ိဳ႕တြင္ သစ္သီးအစား၊ ဥပမာ … ဌက္ေပ်ာသီးေပါင္း (သို႔မဟုတ္) ေ႐ႊဖ႐ုံသီးေပါင္း စသည္တို႔ကို အခ်ိဳပြဲအျဖစ္ တည္ခင္းဧည့္ခံလာၾကသည္)

(၃) လၻက္ရည္ မေသာက္ပါႏွင့္။

လၻက္ရည္ အခ်ိဳေျခာက္ထဲတြင္ အက္ဆစ္ဓာတ္ အေျမာက္အမ်ား ပါရွိၾကေပရာ၊ ၎တို႔က ထမင္းဟင္းထဲတြင္ ပါရွိသည့္ ပ႐ိုတင္းမ်ားကို အေႏွာင့္အယွက္ျပဳကာ အစာေခ်ဖ်က္မႈကိုလည္း ဟန႔္တားေစပါသည္။

(၄) ခါးပတ္ႀကိဳး မေလ်ာ့ပါႏွင့္။

ထမင္းစားၿပီးၿပီးခ်င္း ခါးပတ္ႀကိဳး (သို႔မဟုတ္) ပုဆိုး၊ လုံခ်ည္ေလ်ာ့ဝတ္ျခင္းက အူသိမ္ အူမတို႔ကို လိမ္ေခါက္၍ အူလမ္းေၾကာင္း ပိတ္ဆို႔ေစပါသည္။

(၅) ေရ မခ်ိဳးပါႏွင့္။

ထမင္းစားၿပီးေနာက္ ေရခ်ိဳးျခင္းသည္ လက္/ေျခေထာက္ႏွင့္ ခႏၶာကိုယ္တစ္ခုလုံးရွိ ေသြးလည္ပတ္စီးဆင္းမႈ တိုးပြားလာၿပီး၊ အစာအိမ္တဝိုက္ ေသြးလည္ပတ္ စီးဆင္းမႈ ေလ်ာ့က်လာေသာေၾကာင့္ အစာအိမ္ ေကာင္းစြာ အလုပ္မလုပ္ႏိုင္ေတာ့ေပ။

(၆) သြက္သြက္ လမ္းမေလွ်ာက္ပါႏွင့္။

ေရွးလူႀကီးမ်ားက “ထမင္းစားၿပီး အခ်ိဳစား၊ ေျခလွမ္း ၂၀၀ သြား” ဟု အဆိုရွိခဲ့ၾကေလ၏။ ထိုအဆိုမွာ တက္တက္စင္ မွားယြင္းေနေၾကာင္း ယေန႔ေဆးသိပၸံပညာရွင္မ်ားက အတည္ျပဳထားၾကသည္။ အေၾကာင္းရင္းမွာ ထမင္းစားၿပီးခ်င္း ခပ္သြက္သြက္ လမ္းေလွ်ာက္ျခင္းက ဗိုက္ေအာင့္ေစတတ္ၿပီး၊ ထမင္းဟင္းထဲမွ ပါဝင္ေသာ အာဟာရ စုပ္ယူရန္ အတြက္ အစာေခ် စနစ္ကို အေႏွာင့္အယွက္ျဖစ္ေစတတ္သည္။ (ထမင္းစားၿပီး ၿငိမ္ၿငိမ္ ထိုင္ေနရမည္ဟု မဆိုလိုပါ) က်န္းမာေရး နဲ႔ ညီၫြတ္ေစဖို႔အတြက္ ထမင္းစားၿပီးပါက အနည္းဆုံး ၁၅-မိနစ္ခန႔္ မတ္တပ္ရပ္ေနပါ (သို႔မဟုတ္) ျဖည္းျဖည္း မွန္မွန္
လမ္းေလွ်ာက္ပါ။

(၇) မအိပ္ပါႏွင့္။

ထမင္းစားၿပီး ခ်က္ခ်င္းလွဲအိပ္ျခင္းသည္ အစာေကာင္းစြာ မေက်ညက္ေစေတာ့ဘဲ၊ အစာအိမ္ေရာဂါျဖစ္ေစသည့္ျပင္၊ အူ မ်ားကို ကူးစက္ေရာဂါပိုးဝင္ေစသည္။

(၈) အားကစား မလုပ္ပါႏွင့္။

အားကစားမလုပ္ခင္ အနည္းဆုံး နာရီဝက္မွ အမ်ားဆုံး ၂-နာရီ ခန႔္ႀကိဳတင္၍ ထမင္းစားထားပါ။ သို႔မဟုတ္ပါက၊ အေၾကာဆြဲျခင္း (သို႔မဟုတ္) ႐ုတ္တရက္ႏွလုံးခုန္ ရပ္တန႔္ျခင္း (သို႔မဟုတ္) အသက္ေသေစႏိုင္သည္။

ေဆာင္းပါးရွင္…ေပါက္ေပါက္

Credit – ေပါက္ေပါက္

(Unicode)
ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

သင် ဒါတွေ သိပါသလား။ ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။

(၁) ဆေးလိပ် မသောက်ပါနှင့်။

ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်းသည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီမျှပြီး၊ ကင်ဆာရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင်များက သတိပေးထားသည်။

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။

ထမင်စားပြီးနောက် အချိုပွဲ သစ်သီးစားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန်အားဖြင့် ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ်ကို ဘေးဥပါသ်ဖြစ်စေ၏။ ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ခန့် ကြာမှသာ သစ်သီး စားသင့်သည်။ (ကျန်းမာရေး အမြင်ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည်တို့ကို အချိုပွဲအဖြစ် တည်ခင်းဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည် မသောက်ပါနှင့်။

လ္ဘက်ရည် အချိုခြောက်ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၎င်းတို့က ထမင်းဟင်းထဲတွင် ပါရှိသည့် ပရိုတင်းများကို အနှောင့်အယှက်ပြုကာ အစာချေဖျက်မှုကိုလည်း ဟန့်တားစေပါသည်။

(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။

ထမင်းစားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့ဝတ်ခြင်းက အူသိမ် အူမတို့ကို လိမ်ခေါက်၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

(၅) ရေ မချိုးပါနှင့်။

ထမင်းစားပြီးနောက် ရေချိုးခြင်းသည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးလည်ပတ်စီးဆင်းမှု တိုးပွားလာပြီး၊ အစာအိမ်တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျလာသောကြောင့် အစာအိမ် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်းမလျှောက်ပါနှင့်။

ရှေးလူကြီးများက “ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟု အဆိုရှိခဲ့ကြလေ၏။ ထိုအဆိုမှာ တက်တက်စင် မှားယွင်းနေကြောင်း ယနေ့ဆေးသိပ္ပံပညာရှင်များက အတည်ပြုထားကြသည်။ အကြောင်းရင်းမှာ ထမင်းစားပြီးချင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်းက ဗိုက်အောင့်စေတတ်ပြီး၊ ထမင်းဟင်းထဲမှ ပါဝင်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စနစ်ကို အနှောင့်အယှက်ဖြစ်စေတတ်သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည်ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီးပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ်ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်
လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်းလှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေသည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုးဝင်စေသည်။

(၈) အားကစား မလုပ်ပါနှင့်။

အားကစားမလုပ်ခင် အနည်းဆုံး နာရီဝက်မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ သို့မဟုတ်ပါက၊ အကြောဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

ဆောင်းပါးရှင်…ပေါက်ပေါက်

Credit – ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *