သတင္း

တစိမ့်စိမ့်နဲ့ ဘေးဖြစ်နေစေတဲ့ သတိမထားမိသော အိမ်တွင်းအန္တရာယ်တွေ

(Zawgyi)
သိထားသင့္တဲ့ အိမ္တြင္းအႏၲရာယ္ေတြ

အိမ္ဆိုတာ လုံၿခဳံမႈ၊ စိတ္အပန္းေျပမႈေတြ အေပးႏိုင္ဆုံးေသာ အေကာင္းဆုံးေနရာလို႔ လူတိုင္းခံယူထားတတ္ၾကပါတယ္။ အႏၲရာယ္ကင္းတယ္လို႔ ယုံၾကည္ထားတဲ့အိမ္ထဲမွာ လူတိုင္းလိုလို သတိမထားမိတဲ့ အႏၲရာယ္ေတြရွိေနတာေၾကာင့္ ေရွာင္ရွားႏိုင္ဖို႔အတြက္ မွ်ေဝေပးခ်င္ပါတယ္။

မႈိ – ေနေရာင္ျခည္လုံးဝမရတဲ့ စိုထိုင္းထိုင္းေနရာေတြ၊ ေျမေအာက္ခန္းေနရာေတြ၊ မ်က္ႏွာၾကက္၊ ၾကမ္းခင္း၊ ပရိေဘာဂ အေဟာင္းေတြရဲ႕ ေျခေထာက္ေတြနဲ႔ ျပတင္းေပါက္၊ တံခါးေပါက္၊ ေရထုတ္ပိုက္၊ ေရခ်ိဳးခန္းတို႔မွာ မႈိေတြ ရွိေနတတ္ပါတယ္။ မႈိေတြအရမ္းမ်ားလာတဲ့ အခါ ေခ်ာင္းဆိုး၊ ႏွာေခ်၊ ယားယံ၊ ေခါင္းကိုက္တာကစလို႔ အသက္ရွဴ လမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္တတ္ပါတယ္။

ခဲ – ခဲပါတဲ့ အိမ္သုတ္ေဆးသုံးရင္ ေဆးမႈန္၊ ေဆးခဲေတြၾကမ္းေပၚ အဝတ္အစားေတြေပၚ၊ ကေလးကစားစရာေတြေပၚ က်ကုန္ရင္ လက္ကေန တဆင့္ ခဲမႈန္ေတြ ပါးစပ္ထဲ ဝင္ႏိုင္ပါတယ္။ ခဲဆိပ္သင့္ရင္ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္း၊ ေသြးတိုးျခင္း၊ မ်ိဳးပြားမႈအတြက္ အခက္အခဲျဖစ္ေစျခင္း၊ ကေလးမ်ား ႀကီးထြားမႈ ေႏွးေကြးၿပီး ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ ထိခိုက္တာေတြ ျဖစ္ႏိုင္ပါတယ္။

သန႔္ရွင္းေရးပစၥည္းမ်ား – ဆပ္ျပာမႈန႔္၊ ဆပ္ျပာခဲ၊ အစြန္းခြၽတ္ေဆး၊ ေႂကြေၾကးခြၽတ္ေဆးစတဲ့ သန႔္ရွင္းေရး ပစၥည္းေတြမွာ အဆိပ္အေတာက္ေတြပါၿပီး အဲဒါေတြကို ကိုင္တြယ္ၿပီးရင္ ေသခ်ာစြာ ေဆးေၾကာ သန္႕ စင္ဖို႔ လိုအပ္ပါတယ္။ အဲ့ဒီအဆိပ္ အေတာက္ေတြေၾကာင့္ အသက္ရွဴခက္ခဲျခင္း၊ နာတာရွည္ ေခါင္းကိုက္ျခင္း၊ ဦးေႏွာက္၊ အသည္းနဲ႔ ေက်ာက္ကပ္ကို ပ်က္စီးေစျခင္း၊ ေလသင္တုန္းျဖတ္ျခင္း စတာေတြ ျဖစ္ ႏိုင္လို႔ပါ။

ေကာ္ေဇာ – ေကာ္ေဇာအၾကာႀကီး ခင္းထားၿပီး သန္႕ရွင္းေရး မလုပ္ဘူးဆိုရင္ အမႈန္အမႊားနဲ႔ ပိုးေပါင္းစုံ ကပ္ၿငိေနတာေၾကာင့္ အေရျပားေရာဂါ၊ အသက္ရွဴလမ္းေၾကာင္းေရာဂါနဲ႔ အသည္း၊ သိုင္း႐ြိဳက္ ဂလင္း ေတြကို ဆိုးက်ိဳးေပးႏိုင္ပါတယ္။

ေလသန႔္ျဖန္းေဆး – အဆိပ္အေတာက္ျဖစ္ေစတဲ့ ပါဝင္ပစၥည္းအခ်ိဳ႕ေၾကာင့္ ပါးစပ္၊ အစာႁပြန္၊ အစာအိမ္တြင္ အနာျဖစ္ျခင္း၊ ေခ်ာင္းဆိုးရင္က်ပ္ျဖစ္ျခင္း တို႔အျပင္ ကင္ဆာအထိပါ ျဖစ္ႏိုင္တာေၾကာင့္ စနစ္တက် သုံးစြဲဖို႔ လိုအပ္ပါတယ္။

ကေလးႏို႔ဘူး – ေရာဂါပိုး အမ်ားဆုံး ကပ္ၿငိႏိုင္တာက ကေလးႏို႔ဘူးေတြျဖစ္ၿပီး ႏို႔ဘူးေတြ ေဆးေၾကာတဲ့အခါ အရမ္းအပူေပးၿပီး ခဏခဏ ေဆးတဲ့အခါမ်ိဳးမွာ ပလတ္စတစ္က ဓာတ္ေျပာင္းၿပီး ႏို႔ထဲကို ေရာ သြားတတ္တာေၾကာင့္ သတိခ်ပ္သင့္ပါတယ္။

ပ႐ုတ္လုံး – အဝတ္ေတြ၊ စာအုပ္ေတြ ပိုးမကိုက္ေအာင္ဆိုၿပီး ပ႐ုတ္လုံးသုံးၾကသလို တခ်ိဳ႕ကလည္း ပန္းၿခံထဲ၊ အိမ္ၾကမ္းခင္းေတြမွာ အင္းဆက္ေတြ မလာေအာင္ ထားတတ္ၾကပါတယ္။ ပ႐ုတ္လုံးကို ခဏခဏ လက္နဲ႔ကိုင္တာမ်ားရင္ ပ႐ုတ္လုံးထဲက အဆိပ္အေတာက္ေတြ အေရျပားတို႔၊ မ်က္လုံးထဲတို႔ ဝင္တဲ့အခါ ေအာ့အန္ျခင္း၊ မ်က္စိအတြင္းတိမ္ျဖစ္ျခင္းမွ ကင္ဆာအထိပါ ျဖစ္ႏိုင္ပါတယ္။

အလွကုန္မ်ား – ေဈးႀကီးေပးဝယ္ထားရတယ္ဆိုၿပီး သက္တမ္းကုန္၊ အလွကုန္ေတြကို ဆက္မသုံးသင့္ပါဘူး။ ယားယံတာ၊ ဓာတ္မတည့္တာကစလို႔ ကင္ဆာေရာဂါအထိ ျဖစ္ႏိုင္လို႔ပါ။

အပူခံမကပ္ဒယ္အိုး – အပူခံၿပီး မကပ္တဲ့ ပလတ္စတစ္တစ္မ်ိဳးကို ဒယ္အိုးအတြင္းပိုင္းမွာ ကပ္ထားတဲ့ လူသုံးမ်ား မီးဖိုေခ်ာင္သုံး ပစၥည္းေတြကို ထာဝရ မသုံးစြဲသင့္ဘူးလို႔ ေဆးပညာရွင္ေတြက အႀကံျပဳထား ပါတယ္။ ဒီလို အိုးခြက္ေတြနဲ႔ပဲ အၿမဲလိုလို ခ်က္ျပဳတ္မယ္ဆိုရင္ အိုးတြင္းကပ္ထားတဲ့ ပလတ္စတစ္က ဓာတ္ေျပာင္းၿပီး ဆိုးက်ိဳးေတြ ေပးႏိုင္လို႔ပါ။

Credit – 7day dail

(Zawgy)
သိထားသင့်တဲ့ အိမ်တွင်းအန္တရာယ်တွေ

အိမ်ဆိုတာ လုံခြုံမှု၊ စိတ်အပန်းပြေမှုတွေ အပေးနိုင်ဆုံးသော အကောင်းဆုံးနေရာလို့ လူတိုင်းခံယူထားတတ်ကြပါတယ်။ အန္တရာယ်ကင်းတယ်လို့ ယုံကြည်ထားတဲ့ အိမ်ထဲမှာ လူတိုင်းလိုလို သတိမထားမိတဲ့ အန္တရာယ်တွေရှိနေတာကြောင့် ရှောင်ရှားနိုင်ဖို့အတွက် မျှဝေပေးချင်ပါတယ်။

မှို – နေရောင်ခြည်လုံးဝမရတဲ့ စိုထိုင်းထိုင်းနေရာတွေ၊ မြေအောက်ခန်းနေရာတွေ၊ မျက်နှာကြက်၊ ကြမ်းခင်း၊ ပရိဘောဂ အဟောင်းတွေရဲ့ ခြေထောက်တွေနဲ့ ပြတင်းပေါက်၊ တံခါးပေါက်၊ ရေထုတ်ပိုက်၊ ရေချိုးခန်းတို့မှာ မှိုတွေ ရှိနေတတ်ပါတယ်။ မှိုတွေအရမ်းများလာတဲ့ အခါ ချောင်းဆိုး၊ နှာချေ၊ ယားယံ၊ ခေါင်းကိုက်တာကစလို့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တတ်ပါတယ်။

ခဲ – ခဲပါတဲ့ အိမ်သုတ်ဆေးသုံးရင် ဆေးမှုန်၊ ဆေးခဲတွေကြမ်းပေါ် အဝတ်အစားတွေပေါ်၊ ကလေးကစားစရာတွေပေါ် ကျကုန်ရင် လက်ကနေ တဆင့် ခဲမှုန်တွေ ပါးစပ်ထဲ ဝင်နိုင်ပါတယ်။ ခဲဆိပ်သင့်ရင် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ သွေးတိုးခြင်း၊ မျိုးပွားမှုအတွက် အခက်အခဲဖြစ်စေခြင်း၊ ကလေးများ ကြီးထွားမှု နှေးကွေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။

သန့်ရှင်းရေးပစ္စည်းများ – ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ အစွန်းချွတ်ဆေး၊ ကြွေကြေးချွတ်ဆေးစတဲ့ သန့်ရှင်းရေး ပစ္စည်းတွေမှာ အဆိပ်အတောက်တွေပါပြီး အဲဒါတွေကို ကိုင်တွယ်ပြီးရင် သေချာစွာ ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအဆိပ် အတောက်တွေကြောင့် အသက်ရှူခက်ခဲခြင်း၊ နာတာရှည် ခေါင်းကိုက်ခြင်း၊ ဦးနှောက်၊ အသည်းနဲ့ ကျောက်ကပ်ကို ပျက်စီးစေခြင်း၊ လေသင်တုန်းဖြတ်ခြင်း စတာတွေ ဖြစ်နိုင်လို့ပါ။

ကော်ဇော – ကော်ဇောအကြာကြီး ခင်းထားပြီး သန့်ရှင်းရေး မလုပ်ဘူးဆိုရင် အမှုန်အမွှားနဲ့ ပိုးပေါင်းစုံ ကပ်ငြိနေတာကြောင့် အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အသည်း၊ သိုင်းရွိုက်ဂလင်းတွေကို ဆိုးကျိုးပေးနိုင်ပါတယ်။

လေသန့်ဖြန်းဆေး – အဆိပ်အတောက်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းအချို့ကြောင့် ပါးစပ်၊ အစာပြွန်၊ အစာအိမ်တွင် အနာဖြစ်ခြင်း၊ ချောင်းဆိုးရင်ကျပ်ဖြစ်ခြင်း တို့အပြင် ကင်ဆာအထိပါ ဖြစ်နိုင်တာကြောင့် စနစ်တကျ သုံးစွဲဖို့ လိုအပ်ပါတယ်။

ကလေးနို့ဘူး – ရောဂါပိုး အများဆုံး ကပ်ငြိနိုင်တာက ကလေးနို့ဘူးတွေဖြစ်ပြီး နို့ဘူးတွေ ဆေးကြောတဲ့အခါ အရမ်းအပူပေးပြီး ခဏခဏ ဆေးတဲ့အခါမျိုးမှာ ပလတ်စတစ်က ဓာတ်ပြောင်းပြီး နို့ထဲကို ရောသွားတတ်တာကြောင့် သတိချပ်သင့်ပါတယ်။

ပရုတ်လုံး – အဝတ်တွေ၊ စာအုပ်တွေ ပိုးမကိုက်အောင်ဆိုပြီး ပရုတ်လုံးသုံးကြသလို တချို့ကလည်း ပန်းခြံထဲ၊ အိမ်ကြမ်းခင်းတွေမှာ အင်းဆက်တွေ မလာအောင် ထားတတ်ကြပါတယ်။ ပရုတ်လုံးကို ခဏခဏ လက်နဲ့ကိုင်တာများရင် ပရုတ်လုံးထဲက အဆိပ်အတောက်တွေ အရေပြားတို့၊ မျက်လုံးထဲတို့ ဝင်တဲ့အခါ အော့အန်ခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။

အလှကုန်များ – ဈေးကြီးပေးဝယ်ထားရတယ်ဆိုပြီး သက်တမ်းကုန်၊ အလှကုန်တွေကို ဆက်မသုံးသင့်ပါဘူး။ယားယံတာ၊ ဓာတ်မတည့်တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နိုင်လို့ပါ။

အပူခံ မကပ်ဒယ်အိုး – အပူခံပြီး မကပ်တဲ့ ပလတ်စတစ်တစ်မျိုးကို ဒယ်အိုးအတွင်းပိုင်းမှာ ကပ်ထားတဲ့ လူသုံးများ မီးဖိုချောင်သုံး ပစ္စည်းတွေကို ထာဝရ မသုံးစွဲသင့်ဘူးလို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ ဒီလို အိုးခွက်တွေနဲ့ပဲ အမြဲလိုလို ချက်ပြုတ်မယ်ဆိုရင် အိုးတွင်းကပ်ထားတဲ့ ပလတ်စတစ်က ဓာတ်ပြောင်းပြီး ဆိုးကျိုးတွေ ပေးနိုင်လို့ပါ။

Credit – 7day dail

Leave a Reply

Your email address will not be published. Required fields are marked *