သတင်း

စိုးရိမ်လွန်နေကြသော အဆီကျိတ်များ (lipomas)

စိုးရိမ်လွန်နေကြသော အဆီကျိတ်များ (lipomas)

အဆီကျိတ် (lipomas) ဆိုတာ ကျွန်တော်တို့ နဲ သိပ်မစိမ်းတဲ့ ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ တချို့သူတွေဆိုရင် အဆီကျိတ်ကို ကိုယ်ခန္ဒာ အနှံ ကျောတပြင်လုံးမှာ အလုံးပေါင်းများစွာ ထွက်ကြတယ်😮😮😮။ ပထမစထွက်တုန်းက တစ်လုံးပဲ ပြီးမှ တဖြည်းဖြည်းကြီးလာပြီး နောက်အလုံးတွေ ပွားလာတာဆိုတော့ လူနာတွေ အထင်မှားတာက ငါ ကင်ဆာများ ဖြစ်ပြီလားပေါ့လေ။ အဆီကျိတ်ဆိုတာလဲ သက်ကြီးရွယ်အိုတွေထက် သက်လတ်ပိုင်းမှာ ဖြစ်တာများတော့ အချို့ဆို ငါငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်ပြီလား ဆိုပြီး အတော်လေး ဆိုက်ကို ဝင်ကြပါတယ်။ အမြင်တွေမမှားစေဖို့ တိတိကျကျ ဖော်ပြလိုက်ပါတယ်။

(၁) အဆီကျိတ် (lipoma) ဆိုတာဘာလဲ။

အဆီကျိတ် (lipoma) ဆိုတာ အဆီတစ်ရှူး (fatty tissue)တွေစုပြီးတော့ အရေပြား အောက်မှာ ကပ်လျက်ဖြစ်ပေါ်တတ်တဲ့ အကျိတ်ငယ်လေးတွေပါ။ လည်ပင်း၊ ပခုံး၊ နောက်ကျော၊ ဝမ်းဗိုက် ၊ လက်မောင်း၊ ပေါင် စသည့်နေရာတွေမှာ အဆီကျိတ်ဖြစ်ပေါ်တတ်ပြီး အကျိတ်ကို ကိုင်ကြည့်မယ်ဆိုရင် ပျော့ပျော့လေးနဲ့ ကိုင်ပြီး လှုပ်ရှားလို့ရမယ်၊ ယေဘုယျအားဖြင့် နာကျင်မှုမရှိဘူး၊ အရောင်မရှိဘူး၊ အရွယ်အစားက အများအားဖြင့် ၂ လက်မထက် ပိုမကြီးတတ်ဘူး။

အဖြစ်တော့နည်းပေမယ့် အချို့သော အဆီကျိတ်တွေက အရွယ်အစား ၂ လက်မထက် ကြီးနိုင်ပြီး (large lipoma) အာရုံကြောနား (nerve) မှာ ကပ်လျက် ပေါက်တဲ့အခါကျရင်တော့ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ မပြောင်းလဲတဲ့အချက်ကတော့ အဆီကျိတ်မှန်ရင် လုံးဝ မမာကျောပါဘူး။

(၂) အဆီကျိတ်တွေက အန္တရာယ်ရှိပါသလား။ ကင်ဆာအဖြစ်ပြောင်းနိုင်လား။

အဆီကျိတ်မှန်ရင် ၉၉ ရာခိုင်နှုန်း အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ရာခိုင်နှုန်းအနည်းငယ်သော အဆီကျိတ် တွေကတော့ liposarcoma လို့ခေါ်တဲ့ ကင်ဆာအဖြစ် ပြောင်းနိုင်ပါတယ်။ ကင်ဆာအဖြစ်ပြောင်း မယ့်အကျိတ်ကလဲ သာမန်နဲ့မတူပဲ သိသာပါတယ်။ လျှင်လျှင်မြန်မြန်ပဲ အချိန်တိုတွင်း ကြီးထွားလာပြီး မာကျောကာ နာကျင်ကိုက်ခဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆီကျိတ်ရှိသူများအနေနဲ့ အရမ်းကြီးစိုးရိမ်ဖို့ မလိုပါဘူး။

(၃) အဆီကျိတ်တွေ ပျောက်သွားအောင် လုပ်လို့ရလား။ ဘာလုပ်ရမလဲ။

အဆီကျိတ်ပေါက်နေတဲ့ နေရာက ကို့အတွက်ရုပ်ဆိုးစေတယ်၊ ဖယ်ရှားချင်တယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး (surgery)ခွဲထုတ်နိုင်ပါတယ်။ အဆီတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အပ်gate ကြီးကြီးနဲ့ စုတ်ထုတ်ခြင်း (Liposuction) ဖြင့်လဲ အဆိကျိတ် အရွယ်အစားကို လျော့သွားစေနိုင်ပါတယ် (ကိုယ့်ဘာသာမလုပ်ရဘူးနော်၊ ဆရာဝန်ပဲလုပ်ပေးရမှာ၊ ပိုးဝင်တတ်တယ်)။ ဖြစ်တဲ့ အကျိတ်နားကို steroid ထိုးသွင်းခြင်းဖြင့်လဲ အကျိတ်ကရှုံသွားနိုင့်ပါတယ်။
By
Dr.Zaw Htet Aung

Leave a Reply

Your email address will not be published. Required fields are marked *