ရယ္ဒီမိတ္ အသားလံုးမ်ားကို စိတ္မသန္႕သူမ်ားအတြက္ ကိုယ္တိုင္လုပ္ ၾကက္သားလံုးလုပ္နည္း မွ်ေ၀လုိက္ပါတယ္။

ရယ္ဒီမိတ္ အသားလံုးမ်ားကို စိတ္မသန္႕သူမ်ားအတြက္ ကိုယ္တိုင္လုပ္ ၾကက္သားလံုးလုပ္နည္း မွ်ေ၀လုိက္ပါတယ္။

(Zawgyi)

ၾကက္သားလုံး ကိုယ္တိုင္လုပ္ပါတယ္ရွင္။ လုပ္နည္း မွ်ေဝေပးမယ္ေနာ္။

ၾကက္သား…၅၀၀၀ဖိုးကို ၾကက္သားလုံး ၅၅လုံးရပါတယ္။ တျခားပစၥည္းဖိုးေတြပါ တြက္လိုက္မယ္ဆိုပါက တစ္လုံးကို ၁၁၀ ေလာက္ပဲက်တယ္။ သန႔္လဲသန႔္တယ္..စားရတာလဲ မစိုးရိမ္ေနရေတာ့ဘူးေလ။ ရယ္ဒီမိတ္ အသားလုံးေတြ ခုေနာက္ပိုင္းစားရတာ စိတ္မသန႔္လို႔…တတ္သည့္ပညာမေနသာလို႔ အပင္ပန္းခံၿပီး လုပ္စားလိုက္ပါတယ္။ လုပ္နည္းေရးေပးမယ္ေနာ္။

ပါဝင္ပစၥည္းမ်ား –

ၾကက္ရင္ဖုံသား..၅၀သား

ပဲငံျပာရည္ အၾကည္..ထမင္းစားဇြန္း၂ဇြန္း

သၾကား…ထမင္းစားဇြန္းဝက္

င႐ုပ္ေကာင္းမႉန႔္.. လက္ဖက္စားဇြန္း၁ဇြန္း

ၾကက္သားမႈန႔္…ဇြန္းဝက္

ေျပာင္းဖူးမႉန႔္.. ထမင္းစားဇြန္း ၂ဇြန္း

ေဆာ္ဒါမႉန႔္ လက္ဖက္ဇြန္း ၁ဇြန္း

ေရခဲေရ…150ml..(၁ခြက္စာဖန္ခြက္)

ျပဳလုပ္ပုံအဆင့္ဆင့္ –

ပထမဦးစြာ အသားကို အေနေတာ္ေလးေတြ လွီးျဖတ္ၿပီး အသားႀကိတ္စက္ျဖင့္ ညက္ေနေအာင္ႀကိတ္ေပးပါ။ ခြက္တခုထဲသို႔ ေရခဲေရႏွင့္ ေျပာင္းဖူးမႈန႔္\ င႐ုပ္ေကာင္းမႉန႔္\ သၾကား\ ၾကက္သားမႈန႔္\ ပဲငံျပာရည္\ ေဆာ္ဒါမႈန႔္တို႔ထည့္ကာ..သမေအာင္ေဖ်ာ္ၿပီး ႀကိတ္ထားတဲ့ အသားထဲသို႔ထည့္၍ သမေအာင္ ႀကိတ္စက္ျဖင့္ ၅ မိနစ္ခန႔္ ဆက္ႀကိတ္ၿပီး ရရွိလာေသာ ေရာစပ္ၿပီးသား ႀကိတ္သားမ်ားကို ဗူးထဲထည့္ၿပီး အဖုံးလုံေအာင္ဖုံးၿပီး ေရခဲေသတၱာ ခဲတဲ့အထပ္မွာ ၂နာရီခန႔္ ထည့္ထားပါ။

၂နာရီျပည့္ပါက ႀကိတ္စက္ထဲသို႔ တေခါက္ျပန္ထည့္ၿပီး စီးေနေအာင္ ၅မိနစ္ခန႔္ ထပ္ႀကိတ္ပါ။ ၿပီးပါက အသားလုံးျပဳတ္ရန္ ျပင္ဆင္ပါ။ အိုးတစ္ခုထဲသို႔ ေရထည့္ၿပီး မီးေအးေအးနဲ႔ တည္ထားတဲ့ အထဲကို အသားလုံးမ်ား ျဖည္းျဖည္းျခင္း လုံး၍ ထည့္ပါ။ အသားလုံးမ်ား က်က္လာပါက ေရေပၚသို႔ ေပၚလာမွာျဖစ္ပါတယ္။ ၅မိနစ္ခန႔္ ထားၿပီးမွ ဆယ္ယူပါ။ ေပၚလာသည့္ အသားလုံးမ်ားကို ေရခဲေရ ထဲသို႔ ထည့္ၿပီး နာရီဝက္ခန႔္ စိမ္ထားၿပီးမွ ဆယ္ယူ၍ ေလလုံဗူးထဲ ထည့္၍ ေရခဲေသတၱာထဲ ထည့္၍ သိမ္းထားၿပီး စားလို႔ရပါၿပီရွင္။ အဆင္ေျပၾကပါေစေနာ္။ ဟင္းခ်က္ဝါသနာရွင္မ်ား မည္သူမဆို Shareလို႔ရပါတယ္ရွင္

Credit – Thida Lay Lay

Via – စိုက္ပ်ိဳးေရး ႏွင့္ အေထြေထြဗဟုသုတ

(Unicode)

ကြက်သားလုံး ကိုယ်တိုင်လုပ်ပါတယ်ရှင်။ လုပ်နည်း မျှဝေပေးမယ်နော်။

ကြက်သား…၅၀၀၀ဖိုးကို ကြက်သားလုံး ၅၅လုံးရပါတယ်။ တခြားပစ္စည်းဖိုးတွေပါ တွက်လိုက်မယ်ဆိုပါက တစ်လုံးကို ၁၁၀ လောက်ပဲကျတယ်။ သန့်လဲသန့်တယ်..စားရတာလဲ မစိုးရိမ်နေရတော့ဘူးလေ။ ရယ်ဒီမိတ် အသားလုံးတွေ ခုနောက်ပိုင်းစားရတာ စိတ်မသန့်လို့…တတ်သည့်ပညာမနေသာလို့ အပင်ပန်းခံပြီး လုပ်စားလိုက်ပါတယ်။ လုပ်နည်းရေးပေးမယ်နော်။

ပါဝင်ပစ္စည်းများ –

ကြက်ရင်ဖုံသား..၅၀သား

ပဲငံပြာရည် အကြည်..ထမင်းစားဇွန်း၂ဇွန်း

သကြား…ထမင်းစားဇွန်းဝက်

ငရုပ်ကောင်းမှူန့်.. လက်ဖက်စားဇွန်း၁ဇွန်း

ကြက်သားမှုန့်…ဇွန်းဝက်

ပြောင်းဖူးမှူန့်.. ထမင်းစားဇွန်း ၂ဇွန်း

ဆော်ဒါမှူန့် လက်ဖက်ဇွန်း ၁ဇွန်း

ရေခဲရေ…150ml..(၁ခွက်စာဖန်ခွက်)

ပြုလုပ်ပုံအဆင့်ဆင့် –

ပထမဦးစွာ အသားကို အနေတော်လေးတွေ လှီးဖြတ်ပြီး အသားကြိတ်စက်ဖြင့် ညက်နေအောင်ကြိတ်ပေးပါ။ ခွက်တခုထဲသို့ ရေခဲရေနှင့် ပြောင်းဖူးမှုန့်\ ငရုပ်ကောင်းမှူန့်\ သကြား\ ကြက်သားမှုန့်\ ပဲငံပြာရည်\ ဆော်ဒါမှုန့်တို့ထည့်ကာ..သမအောင်ဖျော်ပြီး ကြိတ်ထားတဲ့ အသားထဲသို့ထည့်၍ သမအောင် ကြိတ်စက်ဖြင့် ၅ မိနစ်ခန့် ဆက်ကြိတ်ပြီး ရရှိလာသော ရောစပ်ပြီးသား ကြိတ်သားများကို ဗူးထဲထည့်ပြီး အဖုံးလုံအောင်ဖုံးပြီး ရေခဲသေတ္တာ ခဲတဲ့အထပ်မှာ ၂နာရီခန့် ထည့်ထားပါ။

၂နာရီပြည့်ပါက ကြိတ်စက်ထဲသို့ တခေါက်ပြန်ထည့်ပြီး စီးနေအောင် ၅မိနစ်ခန့် ထပ်ကြိတ်ပါ။ ပြီးပါက အသားလုံးပြုတ်ရန် ပြင်ဆင်ပါ။ အိုးတစ်ခုထဲသို့ ရေထည့်ပြီး မီးအေးအေးနဲ့ တည်ထားတဲ့ အထဲကို အသားလုံးများ ဖြည်းဖြည်းခြင်း လုံး၍ ထည့်ပါ။ အသားလုံးများ ကျက်လာပါက ရေပေါ်သို့ ပေါ်လာမှာဖြစ်ပါတယ်။ ၅မိနစ်ခန့် ထားပြီးမှ ဆယ်ယူပါ။ ပေါ်လာသည့် အသားလုံးများကို ရေခဲရေ ထဲသို့ ထည့်ပြီး နာရီဝက်ခန့် စိမ်ထားပြီးမှ ဆယ်ယူ၍ လေလုံဗူးထဲ ထည့်၍ ရေခဲသေတ္တာထဲ ထည့်၍ သိမ်းထားပြီး စားလို့ရပါပြီရှင်။ အဆင်ပြေကြပါစေနော်။ ဟင်းချက်ဝါသနာရှင်များ မည်သူမဆို Shareလို့ရပါတယ်ရှင်

Credit – Thida Lay Lay

Via – စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top