သတင္း

ေဈးခ်ိဳတဲ့ေျမကြက္ဆို သတိထားၾကေစဖို႕

ေဈးခ်ိဳတဲ့ေျမကြက္ဆို သတိသာထားၾကပါေတာ့ မိဘျပည္သူမ်ားခင္ဗ်ာ

ၿမိတ္ၿမိဳ႕တြင္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း တစ္ဦးက စည္ပင္သာယာလမ္းေပၚတြင္ ေျမယာမ်ား အကြက္႐ိုက္ေရာင္းခဲ့ရာ မသိနားမလည္ဘဲ ဝယ္ယူခဲ့သူမ်ားမွာ တစ္ပတ္အတြင္း ျပန္လည္ၿဖိဳဖ်က္ ေပးရမည္ဟု သိရသည္။

ၿမိတ္ၿမိဳ႕ ၿမိတ္ေတာင္ေက်း႐ြာအုပ္စု ခ်မ္းေျမ့သာယာ ရပ္ကြက္တြင္ ယခင္ဆိပ္ငယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဆိုသူက စည္ပင္သာယာလမ္းေပၚတြင္ ေျမယာမ်ား အကြက္႐ိုက္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ေျမမ်ားေပၚတြင္ ဝယ္ယူမိသူမ်ားက အိမ္လာေရာက္ ေဆာက္လုပ္ခဲ့ရာ ၿမိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားက ဇန္နဝါရီ ၈ ရက္တြင္ လာေရာက္ စစ္ေဆးခဲ့ၿပီး တစ္ပတ္အတြင္း ျပန္လည္ၿဖိဳဖ်က္ရန္ ၫႊန္ၾကားခဲ့ေၾကာင္း သိရသည္။ ေပ ၄၀ လမ္းေပၚတြင္ အကြက္႐ိုက္ ေရာင္းစားခဲ့ျခင္း ျဖစ္ၿပီး ေနအိမ္ ၁၄ လုံး ေဆာက္လုပ္ထားၿပီးျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရသည့္အတြက္ ခုနစ္ ရက္အတြင္း ဖယ္ရွားရန္ စာထုတ္ထားခဲ့ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီက ေျပာၾကားခဲ့သည္။

“ၿမိတ္ေတာင္ေက်း႐ြာ အင္းေလးၿမိဳင္ စက္မႈဇုန္၂ လမ္းမွာ ေပ ၄၀ ရွိတဲ့လမ္းမေပၚ မွာက်ဴးေက်ာ္တဲ့အိမ္ေတြကို လာေဆာက္ထားတယ္ ႏွစ္ရက္တည္းႏွင့္အိမ္ ၁၄ လုံးကို ေဆာက္ခဲ့ၾကတာ ေနာက္ကြယ္မွာေတာ့ အင္အားစုေတြ ရွိႏိုင္တယ္။ ေဆာက္ထားတဲ့အိမ္ေတြက စည္ပင္သာယာေရးလမ္းေပၚမွာ ျဖစ္ေနတယ္။ အိမ္ရွင္ေတြကို သြားေရာက္စုံစမ္းတဲ့ အခါမွာ ႏွစ္ဦးပဲေတြ႕တယ္။ ဘယ္လိုဝယ္ထားသလဲဆိုၿပီး စုံစမ္းေတာ့ ေျမအေရာင္းဝယ္စာခ်ဳပ္ ရွိေနတယ္။ ေအာက္ေျခမွာ ခ်ဳပ္ထားတဲ့ စာခ်ဳပ္ေတြရွိေနတယ္။ ေရာင္းတဲ့သူက ဦးခင္ေမာင္ရင္လို႔ ေခၚတယ္။ ယခင္ဆိပ္ငယ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ျဖစ္ဖူးတဲ့သူပါ။ ဝယ္တဲ့သူေတြက မသိမနားလည္တဲ့ ေက်း႐ြာပိုင္းကလူေတြ ျဖစ္ေနတယ္။ စည္ပင္သာယာေရး လမ္းေပၚမွာ ေဆာက္ထားတဲ့ အေဆာက္အအုံကို ကြၽန္ေတာ္တို႔က ဖယ္ရွားရမွာ ျဖစ္တဲ့အတြက္ေၾကာင့္ တားျမစ္ခဲ့တယ္။ ခုနစ္ရက္အတြင္း ဖယ္ရွားေပးဖို႔ စာထုတ္ထားခဲ့တယ္” ဟု ၿမိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီဥကၠ႒ ဦးျမတ္ကိုကိုက ေျပာၾကားသည္။

စည္ပင္သာယာလမ္းေပၚရွိ ေျမမ်ားကို ေပ ၂၀ x ၃၅ ေပအကြက္မ်ားခ်ကာ ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး ဝယ္ယူသူမ်ားက၂၀၁၆ ခုႏွစ္ ကတည္းက ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ယခင္ ဆိပ္ငယ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး တာဝန္ယူေနစဥ္ကပင္ လာေရာက္ ေရာင္းခ်ခဲ့ျခင္း ျဖစ္ေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မ်ားစြာနစ္နာမႈ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

“ဦးခင္ေမာင္ရင္ (ဆိပ္ငယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္း) ဆီကေန ကြၽန္ေတာ္တို႔ ဝယ္ယူခဲ့တယ္။၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ ၁၈ ရက္မွာ ဝယ္ယူခဲ့တယ္။ လြန္ခဲ့တဲ့ တစ္လေလာက္က ရာအိမ္မႉးေတြ လာတိုင္းေပးၿပီး အိမ္ကိုေပးေဆာက္ခြင့္ ေပးခဲ့တယ္။ အိမ္မွာေနတဲ့ သူေတြကလည္း ေနထိုင္ေနၿပီ အဲဒီအခ်ိန္မွာ စည္ပင္ကလာၿပီး လမ္းနယ္နိမိတ္မွာ ေျမက်ဴးေက်ာ္ေနတယ္ဆိုၿပီး အစည္းအေဝး ေခၚယူခဲ့တယ္ အဲဒါၿပီးေနာက္ စာေတြလာကပ္ၿပီး ခ်ိပ္ပိတ္ခဲ့တယ္။ ျပည္သူတစ္ေယာက္ အေနႏွင့္ကေတာ့ ဆုံးရႈံးနစ္နာမႈေတြ အမ်ားႀကီး ျဖစ္ခဲ့ရတယ္” ဟု ေျမဝယ္ခဲ့မိသူ ဦးေနေဇာ္ထူးက ေျပာၾကားခဲ့သည္။

“သူတို႔အိမ္လာေဆာက္စဥ္က ကြၽန္ေတာ္တို႔ လာေရာက္ဟန႔္တားခဲ့တယ္။ အုပ္ခ်ဳပ္ေရးမႉး ၫြန္ၾကားခ်က္အရ လာေရာက္ ဟန႔္တားခဲ့တယ္။ ကြၽန္ေတာ္တို႔ ဟန႔္တားတဲ့ အခ်ိန္မွာ နားလိုက္တယ္။ ျပန္သြားတဲ့အခ်ိန္မွာ ျပန္လုပ္ၾကတယ္” ဟု ခ်မ္းေျမ့သာယာရပ္ကြက္ ရာအိမ္မႉး ဦးသန္းႏိုင္ဦးက ေျပာၾကားသည္။

ေျမယာဝယ္ယူမိသူမ်ား အေနျဖင့္ ေျမကြက္မ်ား ဝယ္ယူစဥ္က တစ္ကြက္လွ်င္ က်ပ္သိန္း ၂၀ မွ သိန္း ၇၀ ၾကားအထိေပးကာ ဝယ္ယူခဲ့ရၿပီး ထိုစဥ္က သက္ဆိုင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ားလည္း အသိသက္ေသ ရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

Credit: Eleven Media Group

(Unicode)

ဈေးချိုတဲ့မြေကွက်ဆို သတိသာထားကြပါတော့ မိဘပြည်သူများခင်ဗျာ

မြိတ်မြို့တွင် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးက စည်ပင်သာယာလမ်းပေါ်တွင် မြေယာများ အကွက်ရိုက်ရောင်းခဲ့ရာ မသိနားမလည်ဘဲ ဝယ်ယူခဲ့သူများမှာ တစ်ပတ်အတွင်း ပြန်လည်ဖြိုဖျက် ပေးရမည်ဟု သိရသည်။

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ချမ်းမြေ့သာယာ ရပ်ကွက်တွင် ယခင်ဆိပ်ငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဆိုသူက စည်ပင်သာယာလမ်းပေါ်တွင် မြေယာများ အကွက်ရိုက် ရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါ မြေများပေါ်တွင် ဝယ်ယူမိသူများက အိမ်လာရောက် ဆောက်လုပ်ခဲ့ရာ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် လာရောက် စစ်ဆေးခဲ့ပြီး တစ်ပတ်အတွင်း ပြန်လည်ဖြိုဖျက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ပေ ၄၀ လမ်းပေါ်တွင် အကွက်ရိုက် ရောင်းစားခဲ့ခြင်း ဖြစ်ပြီး နေအိမ် ၁၄ လုံး ဆောက်လုပ်ထားပြီးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ခုနစ် ရက်အတွင်း ဖယ်ရှားရန် စာထုတ်ထားခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီက ပြောကြားခဲ့သည်။

“မြိတ်တောင်ကျေးရွာ အင်းလေးမြိုင် စက်မှုဇုန်၂ လမ်းမှာ ပေ ၄၀ ရှိတဲ့လမ်းမပေါ် မှာကျူးကျော်တဲ့အိမ်တွေကို လာဆောက်ထားတယ် နှစ်ရက်တည်းနှင့်အိမ် ၁၄ လုံးကို ဆောက်ခဲ့ကြတာ နောက်ကွယ်မှာတော့ အင်အားစုတွေ ရှိနိုင်တယ်။ ဆောက်ထားတဲ့အိမ်တွေက စည်ပင်သာယာရေးလမ်းပေါ်မှာ ဖြစ်နေတယ်။ အိမ်ရှင်တွေကို သွားရောက်စုံစမ်းတဲ့ အခါမှာ နှစ်ဦးပဲတွေ့တယ်။ ဘယ်လိုဝယ်ထားသလဲဆိုပြီး စုံစမ်းတော့ မြေအရောင်းဝယ်စာချုပ် ရှိနေတယ်။ အောက်ခြေမှာ ချုပ်ထားတဲ့ စာချုပ်တွေရှိနေတယ်။ ရောင်းတဲ့သူက ဦးခင်မောင်ရင်လို့ ခေါ်တယ်။ ယခင်ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်ဖူးတဲ့သူပါ။ ဝယ်တဲ့သူတွေက မသိမနားလည်တဲ့ ကျေးရွာပိုင်းကလူတွေ ဖြစ်နေတယ်။ စည်ပင်သာယာရေး လမ်းပေါ်မှာ ဆောက်ထားတဲ့ အဆောက်အအုံကို ကျွန်တော်တို့က ဖယ်ရှားရမှာ ဖြစ်တဲ့အတွက်ကြောင့် တားမြစ်ခဲ့တယ်။ ခုနစ်ရက်အတွင်း ဖယ်ရှားပေးဖို့ စာထုတ်ထားခဲ့တယ်” ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။

စည်ပင်သာယာလမ်းပေါ်ရှိ မြေများကို ပေ ၂၀ x ၃၅ ပေအကွက်များချကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး ဝယ်ယူသူများက၂၀၁၆ ခုနှစ် ကတည်းက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ယခင် ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်ယူနေစဉ်ကပင် လာရောက် ရောင်းချခဲ့ခြင်း ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် များစွာနစ်နာမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ဦးခင်မောင်ရင် (ဆိပ်ငယ်အုပ်ချုပ်ရေးမှူးဟောင်း) ဆီကနေ ကျွန်တော်တို့ ဝယ်ယူခဲ့တယ်။၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ဝယ်ယူခဲ့တယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ရာအိမ်မှူးတွေ လာတိုင်းပေးပြီး အိမ်ကိုပေးဆောက်ခွင့် ပေးခဲ့တယ်။ အိမ်မှာနေတဲ့ သူတွေကလည်း နေထိုင်နေပြီ အဲဒီအချိန်မှာ စည်ပင်ကလာပြီး လမ်းနယ်နိမိတ်မှာ မြေကျူးကျော်နေတယ်ဆိုပြီး အစည်းအဝေး ခေါ်ယူခဲ့တယ် အဲဒါပြီးနောက် စာတွေလာကပ်ပြီး ချိပ်ပိတ်ခဲ့တယ်။ ပြည်သူတစ်ယောက် အနေနှင့်ကတော့ ဆုံးရှုံးနစ်နာမှုတွေ အများကြီး ဖြစ်ခဲ့ရတယ်” ဟု မြေဝယ်ခဲ့မိသူ ဦးနေဇော်ထူးက ပြောကြားခဲ့သည်။

“သူတို့အိမ်လာဆောက်စဉ်က ကျွန်တော်တို့ လာရောက်ဟန့်တားခဲ့တယ်။ အုပ်ချုပ်ရေးမှူး ညွန်ကြားချက်အရ လာရောက် ဟန့်တားခဲ့တယ်။ ကျွန်တော်တို့ ဟန့်တားတဲ့ အချိန်မှာ နားလိုက်တယ်။ ပြန်သွားတဲ့အချိန်မှာ ပြန်လုပ်ကြတယ်” ဟု ချမ်းမြေ့သာယာရပ်ကွက် ရာအိမ်မှူး ဦးသန်းနိုင်ဦးက ပြောကြားသည်။

မြေယာဝယ်ယူမိသူများ အနေဖြင့် မြေကွက်များ ဝယ်ယူစဉ်က တစ်ကွက်လျှင် ကျပ်သိန်း ၂၀ မှ သိန်း ၇၀ ကြားအထိပေးကာ ဝယ်ယူခဲ့ရပြီး ထိုစဉ်က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများလည်း အသိသက်သေ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Credit: Eleven Media Group




Leave a Reply

Your email address will not be published. Required fields are marked *