သတင္း

လူေတြကို မိုးၾကိဳးပစ္ပံုပစ္နည္း (၄)မ်ိဳး

(Zawgyi)

လူေပါင္းဘယ္ေလာက္ေလာက္မ်ား မိုးႀကိဳးပစ္တာ ခံခဲ့ရဖူးလဲဆိုတာေတာ့ တိတိက်က်သိႏိုင္ဖို႔ ဆိုတာေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ လူေတြကို မိုးႀကိဳးပစ္တဲ့အခါ နည္းေပါင္းဘယ္ႏွမ်ိဳးနဲ႔ ပစ္ေလ့ရွိၾကလဲ ဆိုတာေတာ့ မွတ္တမ္းတစ္ခုရွိပါတယ္။ ၿပီးေတာ့ အခု စာရင္းျပဳေဖာ္ျပလိုက္တဲ့ မိုးႀကိဳးပစ္ပုံ အမ်ိဳးအစားေတြထဲက ဘယ္ပုံစံနဲ႔ပဲ ပစ္ခဲ့ပစ္ခဲ့ ေသေစႏိုင္ပါတယ္။ အကယ္၍ မိုးႀကိဳးပစ္ခံရတဲ့ အေျခအေနတစ္ခုနဲ႔ ေတြ႕ႀကဳံခဲ့ရရင္လည္း မိုးႀကိဳးပစ္ခံခဲ့ရသူကို အသက္ဆက္လက္ ရွင္သန္ႏိုင္ေရးအတြက္ ေဆးဝါးကုသေစာင့္ေလွ်ာက္မႈ ျပဳလုပ္ေပးႏိုင္မယ့္ ဌာနဆိုင္ရာေတြကို ခ်က္ခ်င္း အေၾကာင္းၾကားေပးသင့္ပါတယ္။

၁။ တိုက္႐ိုက္ပစ္ျခင္း

ပင္မလွ်ပ္စီးေၾကာင္း ထုတ္လႊတ္မႈလမ္းေၾကာင္းရဲ႕ အစိတ္အပိုင္းတစ္ခုကေန ျဖစ္ေပၚလာတဲ့ လွ်ပ္စီးေၾကာင္းဟာ လူကို တိုက္႐ိုက္ထိခိုက္ႏိုင္ပါတယ္။ ဆိုလိုတာက လူေတြေပၚမွာ မိုးႀကိဳးပစ္ျခင္း တိုက္႐ိုက္သက္ေရာက္ေစႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အမိုးအကာမရွိတဲ့ ကြင္းျပင္ (သို႔) ဟင္းလင္းျပင္လို ေနရာမ်ိဳးေတြမွာ လူရွိေနမယ္ဆိုရင္ မိုးႀကိဳးပစ္ခတ္မႈ တိုက္႐ိုက္ျဖစ္ေပၚေစပါတယ္။

၂။ လွ်ပ္စီးစက္ကြင္း

အနီးအနားမွာရွိတဲ့ သစ္ပင္အျမင့္ႀကီးေတြကို မိုးႀကိဳးပစ္တဲ့အခါ လွ်ပ္စီးစက္ကြင္းကို ျဖစ္ေပၚေစၿပီး လွ်ပ္စီးေၾကာင္းရဲ႕ အစိတ္အပိုင္းတစ္ခုက အပင္စတဲ့ ျမင့္မားတဲ့အရာေတြကို ေက်ာ္သြားၿပီး လူဆီကို လာေရာက္ ထိမွန္ရျခင္းျဖစ္ပါတယ္။ အဓိကအားျဖင့္ေတာ့ လူကို လွ်ပ္စီးထုတ္လႊတ္မႈမွာရွိေနတဲ့ စြမ္းအင္အခ်ိဳ႕က “short circuit” တစ္ခုအျဖစ္နဲ႔ လုပ္ေဆာင္ပါတယ္။

၃။ ေျမေအာက္လွ်ပ္စီးေၾကာင္း

သစ္ပင္ (သို႔) အျခားေသာ အရာဝတၳဳတစ္ခုကို မိုးႀကိဳးပစ္တဲ့အခါ၊ စြမ္းအင္ေတာ္ေတာ္မ်ားမ်ားဟာ မိုးႀကိဳးပစ္တဲ့ ေနရာကေန ေျမမ်က္ႏွာျပင္တစ္ေလွ်ာက္ကို ေလွ်ာက္သြားေစပါတယ္။ ဒါကို ေျမေအာက္လွ်ပ္စီးေၾကာင္းလို႔ ေခၚပါတယ္။ မိုးႀကိဳးပစ္လိုက္တဲ့ေနရာနဲ႔ အနီးအနားတစ္ဝိုက္မွာ တစ္ေယာက္ေယာက္ရွိေနခဲ့မယ္ဆိုရင္ ေျမေအာက္လွ်ပ္စီးေၾကာင္းရဲ႕ စီးကူးမႈေၾကာင့္ မိုးႀကိဳးပစ္ခံရႏိုင္ေျခရွိပါတယ္။

၄။ လွ်ပ္ကူးျခင္း

လွ်ပ္စီးေၾကာင္းေတြဟာ ဝါယာႀကိဳး (သို႔) အျခားေသာ သတၱဳမ်က္ႏွာျပင္ေတြ တစ္ေလွ်ာက္လုံးကို စီးကူးသြား ႏိုင္ပါတယ္။ သတၱဳေတြက လွ်ပ္စီးေၾကာင္းေတြကို မဆြဲငင္ႏိုင္ၾကပါဘူး။ ဒါေပမဲ့ လွ်ပ္စီးေၾကာင္းေတြ ေရာက္လာဖို႔ရာအတြက္ေတာ့ လမ္းေၾကာင္းတစ္ခုအျဖစ္နဲ႔ ကူညီေထာက္ပံ့ေပးပါတယ္။

Credit – Duwun

(Unicode)

လူပေါင်းဘယ်လောက်လောက်များ မိုးကြိုးပစ်တာ ခံခဲ့ရဖူးလဲဆိုတာတော့ တိတိကျကျသိနိုင်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လူတွေကို မိုးကြိုးပစ်တဲ့အခါ နည်းပေါင်းဘယ်နှမျိုးနဲ့ ပစ်လေ့ရှိကြလဲ ဆိုတာတော့ မှတ်တမ်းတစ်ခုရှိပါတယ်။ ပြီးတော့ အခု စာရင်းပြုဖော်ပြလိုက်တဲ့ မိုးကြိုးပစ်ပုံ အမျိုးအစားတွေထဲက ဘယ်ပုံစံနဲ့ပဲ ပစ်ခဲ့ပစ်ခဲ့ သေစေနိုင်ပါတယ်။ အကယ်၍ မိုးကြိုးပစ်ခံရတဲ့ အခြေအနေတစ်ခုနဲ့ တွေ့ကြုံခဲ့ရရင်လည်း မိုးကြိုးပစ်ခံခဲ့ရသူကို အသက်ဆက်လက် ရှင်သန်နိုင်ရေးအတွက် ဆေးဝါးကုသစောင့်လျှောက်မှု ပြုလုပ်ပေးနိုင်မယ့် ဌာနဆိုင်ရာတွေကို ချက်ချင်း အကြောင်းကြားပေးသင့်ပါတယ်။

၁။ တိုက်ရိုက်ပစ်ခြင်း

ပင်မလျှပ်စီးကြောင်း ထုတ်လွှတ်မှုလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုကနေ ဖြစ်ပေါ်လာတဲ့ လျှပ်စီးကြောင်းဟာ လူကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ ဆိုလိုတာက လူတွေပေါ်မှာ မိုးကြိုးပစ်ခြင်း တိုက်ရိုက်သက်ရောက်စေနိုင်ပါတယ်။ များသောအားဖြင့်တော့ အမိုးအကာမရှိတဲ့ ကွင်းပြင် (သို့) ဟင်းလင်းပြင်လို နေရာမျိုးတွေမှာ လူရှိနေမယ်ဆိုရင် မိုးကြိုးပစ်ခတ်မှု တိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။

၂။ လျှပ်စီးစက်ကွင်း

အနီးအနားမှာရှိတဲ့ သစ်ပင်အမြင့်ကြီးတွေကို မိုးကြိုးပစ်တဲ့အခါ လျှပ်စီးစက်ကွင်းကို ဖြစ်ပေါ်စေပြီး လျှပ်စီးကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုက အပင်စတဲ့ မြင့်မားတဲ့အရာတွေကို ကျော်သွားပြီး လူဆီကို လာရောက် ထိမှန်ရခြင်းဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ လူကို လျှပ်စီးထုတ်လွှတ်မှုမှာရှိနေတဲ့ စွမ်းအင်အချို့က “short circuit” တစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပါတယ်။

၃။ မြေအောက်လျှပ်စီးကြောင်း

သစ်ပင် (သို့) အခြားသော အရာဝတ္ထုတစ်ခုကို မိုးကြိုးပစ်တဲ့အခါ၊ စွမ်းအင်တော်တော်များများဟာ မိုးကြိုးပစ်တဲ့ နေရာကနေ မြေမျက်နှာပြင်တစ်လျှောက်ကို လျှောက်သွားစေပါတယ်။ ဒါကို မြေအောက်လျှပ်စီးကြောင်းလို့ ခေါ်ပါတယ်။ မိုးကြိုးပစ်လိုက်တဲ့နေရာနဲ့ အနီးအနားတစ်ဝိုက်မှာ တစ်ယောက်ယောက်ရှိနေခဲ့မယ်ဆိုရင် မြေအောက်လျှပ်စီးကြောင်းရဲ့ စီးကူးမှုကြောင့် မိုးကြိုးပစ်ခံရနိုင်ခြေရှိပါတယ်။

၄။ လျှပ်ကူးခြင်း

လျှပ်စီးကြောင်းတွေဟာ ဝါယာကြိုး (သို့) အခြားသော သတ္တုမျက်နှာပြင်တွေ တစ်လျှောက်လုံးကို စီးကူးသွား နိုင်ပါတယ်။ သတ္တုတွေက လျှပ်စီးကြောင်းတွေကို မဆွဲငင်နိုင်ကြပါဘူး။ ဒါပေမဲ့ လျှပ်စီးကြောင်းတွေ ရောက်လာဖို့ရာအတွက်တော့ လမ်းကြောင်းတစ်ခုအဖြစ်နဲ့ ကူညီထောက်ပံ့ပေးပါတယ်။

Credit – Duwun

Leave a Reply

Your email address will not be published. Required fields are marked *