သတင်း
(Zawgyi)
Credit – ခရီးသည်
(Unicode)
ရန်ကုန်တိုင်းအတွင်း အဂတိလိုက်စားမှုများကို တွေ့ရှိပါက တိုင်ကြားရန်ဖုန်းနံပါတ်များ
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၈ မြို့နယ်များထဲမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဘက်ပေါင်းစုံအတွက် တချို့သောသူများအနေနဲ့ ပိုက်ဆံများ လာဘ်ပေးလာဘ်ယူ ပြုလုပ်ကြပါသော ပုဂ္ဂိုလ်တဦးချင်းစီအလိုက် အဂတိတရား လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်လုပ်ငန်းအဖွဲ့ထံသို့ ခိုင်လုံသော သက်သေအထောက်အထားများ ဖြစ်ကြတဲ့ စာရွက်စာတမ်းအပြည့်အစုံ၊ ဓာတ်ပုံ၊ Video ဖိုင်များနဲ့တကွ ထိထိရောက်ရောက် ပြင်းထန်စွာ တိုင်ကြားပေးကြပါရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုဂ္ဂိုလ်ကြီးများဖြစ်ကြသော ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြို့တော်ဝန်များထံသို့ တိုက်ရိုက်တိုင်ကြားပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ ကြိုတင်အကြောင်းကြား အစီရင်ခံတင်ပြ သိစေလိုက်ရပါသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး – ဒေါ်ခင်လှမြင့်-ဒုတိယညွှန်ကြားရေးမှူးချုပ်
တိုင်းအစိုးရအဖွဲ့ဖုန်းနံပါတ် – 01-8302175/09-5065135
ရန်ကုန်တိုင်းသာသနာရေးမှူးရုံး – ဖုန်းနံပါတ်=01-665523/09-8602163
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း – ဖုန်းနံပါတ်=09-5076234
လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော် – ဖုန်းနံပါတ်=09-459016007
ဒေါက်တာမောင်အောင်အတွင်းရေးမှူး(YRTA) – ဖုန်းနံပါတ်=09-5066782
ဦးသန်းဝင်းတွဲဘက်အတွင်းရေးမှူး(အစိုးရအဖွဲ့) – ဖုန်းနံပါတ်=09-770677497
ဦးလှအောင်တွဲဘက်အရေးမှူး(YRTA) – ဖုန်းနံပါတ်=09-789324528
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)လိုင်စင်ရုံးထံသို့လည်း တရားဝင်ဖောင်းကြွနံပါတ်ပြားများကို ယခုအချိန်ကနေစပြီး နောက်ပိုင်း ကားအသစ်များထပ်မံရောက်ရှိလာပါက စည်းကမ်းပိုင်းအရ လုံးဝဘက်လိုက်မျက်နှာသာမပေးတော့ပါရန်၊ ယခင်ထက် ပိုမိုတင်းကြပ်ဆောင်ရွက်ပေးပါရန်နှင့် ပိုက်ဆံလာဘ်ယူ နာမည်အလွှဲသုံးစားပြုလုပ်ထားသူများကိုလည်း နောက်ကွယ်ကနေ ပြုလုပ်ခိုင်းသူ၊ လက်ခံသူ၊ ပေးသူ၃ဦးစလုံးအား ဥပဒေအရ ထိရောက်ပြင်းထန်စွာ မတရားသမျှ ယူထားသော ပိုက်ဆံများအား ခိုင်လုံသောသက်သေအထောက်အထား စာရွက်စာတမ်းအပြည့်အစုံ၊ မှတ်တမ်းဓာတ်ပုံ၊ Videoဖိုင်များနဲ့တကွ အမှန်အကန် သတင်းပေးတိုင်ကြားလာသူများကို ထိုက်တန်စွာ ဆုတော်ငွေများလည်းချီးမြှင့်ပေးသွားပါမည်။ အပြစ်ရှိသူများကိုလည်းထိထိရောက်ရောက် ပြင်းထန်စွာအရေးယူပေးပါ့မယ်။ သက်ဆိုင်ရာခရိုင်၄ခုက ကညနလိုင်စင်ရုံး(၄)ခုများထံသို့လည်း ကျွန်တော်တို့အနေနဲ့ လုံလောက်စွာ စီမံမှာကြားပေးထားပြီးဖြစ်ပါကြောင်း၊ မှာကြားတဲ့ ကြားထဲကနေ ထပ်မံပိုက်ဆံများဖြင့် လာဘ်လာဘ်ယူပြုလုပ်ထားသူများကို တွေ့ရှိရပါက အဂတိတရားလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်လုပ်ငန်းအဖွဲ့ထံသို့ တိုက်ရိုက်တိုင်ကြားပေးကြပါရန်နှင့် လုပ်ခိုင်းသူ၊ လက်ခံသူ၊ ပေးသူ ၃ဦးစလုံးအား တရားဥပဒေအရ ညီညီမျှမျှ ထိရောက်ပြင်းထန်စွာ အရေးယူပေးသွားမည် ဖြစ်ပါသည်။
အချိန်နဲ့တပြေးညီ သတင်းနှင့်ပြန်ကြားရေး
အစဉ်ထာဝရချစ်ခင်ရိုသေလေးစားလျက်…
Credit – ခရီးသည်
Leave a Reply
Your email address will not be published. Required fields are marked *