နှစ်ပေါင်း ၁ဝဝဝဝ အထိ မှန်ကန် သောအချိန် ဖော်ပြပေးမည့် နာရီကြီးကို အနောက် တက္ကဆက် တောင်ပေါ်၌ တည်ဆောက်နေ

နှစ်ပေါင်း ၁ဝဝဝဝ အထိ မှန်ကန် သောအချိန် ဖော်ပြပေးမည့် နာရီကြီးကို အနောက် တက္ကဆက် တောင်ပေါ်၌ တည်ဆောက်နေ

နှစ်ပေါင်း ၁ဝဝဝဝ အထိ မှန်ကန် သောအချိန် ဖော်ပြပေးမည့် နာရီကြီးကို အနောက် တက္ကဆက် တောင်ပေါ်၌ တည်ဆောက်နေ

အမေဇွန် ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဂျက်ဘီဇော့သည် နှစ်ပေါင်း ၁ဝဝဝဝ အထိတိကျ မှန်ကန်သောအချိန် ဖော်ပြပေးမည့် နာရီကြီး တစ်လုံးကို အနောက်တက္ကဆက် တောင်ပေါ်၌ တည်ဆောက် လျက်ရှိသည်။
ဘီဇော့သည် အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၂ သန်း ရင်းနှီးမြှုပ်နှံကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး အလုပ်သမားများက ထိုနာရီကြီး၏ စက်ကိရိယာများကို တပ်ဆင်နေသည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းပေါ်သို့ ရောက်ရှိလာသည်။

အဆိုပါ နာရီကြီးသည် ကမ္ဘာမြေ၏အပူ လှည့်ပတ် စီးဆင်းမှု စွမ်းအင်ဖြင့် လည်ပတ်မည် ဖြစ်ပြီး ထောင်ပေါင်း များစွာသော နှစ်များအတွင်း တစ်နာရီတစ်ကြိမ်ထက် တစ်ရက် လျှင်တစ်ကြိမ် နာရီခေါင်းလောင်း ထိုးသည့်အသံ ထုတ်လွှင့်ပေးမည် ဖြစ်သည်။

လူသားများ အနေဖြင့် ကမ္ဘာမြေအတွက် ၄င်းတို့၏ လုပ်ဆောင်ချက် အကျိုး သက်ရောက်မှုများကို ပြန်လည် ဆင်ခြင် သုံးသပ်နိုင်ရန်နှင့် ကာလရှည်ကြာ တွေးတောခြင်း ပြယုဂ်အဖြစ် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ထိုနာရီကို တီထွင်သူများက ဆိုသည်။ အဆိုပါ နာရီသည် ဒန်နီဟေးလစ်၏ ကိုယ်ပိုင် စိတ်ကူးဖြစ်ပြီး ၄င်းသည် ၁၉၈၉ ခုနှစ် မှစ၍ ယင်းနာရီအတွက် ကြံစည် စိတ်ကူးကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နာရီ လည်ပတ်မှုအတွက် ကြီးမားသော ချိန်သီးကို အသုံးပြုထားခြင်း ဖြစ်ပြီး အစွန်းခံ သံမဏိ၊ တိုက်တေနီယံနှင့် ကြွေသီးများဖြင့် နာရီကို တည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းနာရီကြီးကို ဆီယာရာဒိုင်ယာဘလို တောင်တန်းပေါ်မှ အနက်ပေ ၅ဝဝ တွင် မြှုပ်နှံတည်ဆောက်ထားခြင်း ဖြစ်ပြီး နာရီထိုးသည့် ခေါင်းလောင်းမြည်သံ တစ်ခုနှင့် တစ်ခု မထပ်အောင် စီစဉ်လုပ်ဆောင်ထားခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်း ပြီးစီးမည့် အချိန်ကို တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသော်လည်း ပြီးစီး သွားပါက ခရီးသွားများ အနေဖြင့် ထိုနာရီကြီး အပေါ်သို့ တက်ခွင့်ရမည် ဖြစ်ပြီး မွန်းတည့်ချိန်တွင် မြည်မည့် နာရီထိုး ခေါင်းလောင်းသံကို နားဆင်နိုင်မည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top