ခြေဖဝါး သဲဝဲစားနေလျှင် မြန်စွာ ပျောက်သော ဆေးနည်းလွယ်

ခြေဖဝါး သဲဝဲစားနေလျှင် မြန်စွာ ပျောက်သော ဆေးနည်းလွယ်

(Zawgyi)







(Unicode)
ခြေဖဝါး သဲဝဲစားနေလျှင်

မြစ်ချောင်းကမ်းနား အလုပ်လုပ်သူများ၊ အချို့သောတောသူတောင်သားများ၊ ဗွက်ရေ မိုးရေထဲ ခရီးသွားကြရ၍ ခြေချောင်းလေးများကြား မကြာခဏ သဲဝဲစားခြင်းမျိုး ကြုံတတ်ကြပါသည်။

သဲဝဲဟာ ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုး ဖြစ်ပါသည်။ ကိုယ်တိုင်လည်း ကြုံဖူးပြီး ခြေထောက်မထောက်နိုင်အောင် ခံစားရပါသည်။ လက်တွေ့ လွယ်ကူစွာဖြင့် သက်သာ ပျောက်ကင်းခြင်း မြန်လှသော ဆေးမြီးတိုလေးအား မျှဝေလိုက်ပါသည်။

ငှက်ပျောဖူးမှ အပြင်ဘက်သို့ ကွာကျနေသည့် အဖက်တစ်လက်ကို မီးရှို့ပြီး ပြာချလိုက်ပါ။ ထိုပြာနုလေးကို အုန်းဆီလေးနှင့် ဖျော်ပြီး ခြေချောင်းလေးများ၊ခြေချောင်း အောက်ခြေနှင့် ခြေဖဝါးတို့အား လိမ်းပေးလိုက်ပါ။ (၂)(၃)ရက်အတွင်း ပျောက်ကင်းပါသည်။ မကြာခဏကြုံတွေ့ရသော သဲဝဲအတွက် လွယ်ကူစွာ ပျောက်ကင်းသည့် ဆေးနည်းလေး ဖြစ်ပါသည်။

အချို့ သွားတိုက်ဆေး သိပ်ပါသည်။ သက်သာသလိုရှိသော်လည်း မြန်ဆန်စွာ မပျောက်ကင်းပါ။ အချို့က အာလူးစိမ်းကိုလှီးပြီး သဲဝဲပေါ် မကြာခဏ ကပ်ပေး၍လည်း ကုသကြပါသည်။

သိတော့လည်း အလွယ်လေးပါ။ လိုသူတို့ သုံးနိုင်ကြပါစေ။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top