သတင္း

ေလျဖတ္ျခင္းကို ဘယ္လိုကာကြယ္မလဲ

(Zawgyi)

ေလျဖတ္ျခင္းကို ဘယ္လိုကာကြယ္မလဲ

ေသြးေၾကာပိတ္လို႔ျဖစ္ေစ၊ ေသြးေၾကာေပါက္ၿပီး ေသြးမ်ား ယိုထြက္လို႔ျဖစ္ေစ ဦးေႏွာက္အစိတ္အပိုင္းေတြဆီ ေသြးမေရာက္ေတာ့ပဲ ဦးေႏွာက္ဆဲလ္မ်ား ေအာက္ဆီဂ်င္ျပတ္လပ္ၿပီး ပ်က္စီးကုန္တဲ့အတြက္ ေလျဖတ္ျခင္း ျဖစ္ရပါတယ္။ေလျဖတ္ျခင္းလကၡဏာမ်ားက တေယာက္ႏွင့္တေယာက္ မတူပါဘူး။ အမ်ားစု လကၡဏာမ်ားက မ်က္ႏွာ႐ြဲ႕ျခင္း၊ စကားေျပာခက္ျခင္း၊ ကိုယ္ခႏၶာတစ္ျခမ္းမွာ ႂကြက္သားမ်ား အားေပ်ာ့သြားျခင္းတို႔ ျဖစ္ပါတယ္။

ေလျဖတ္ျခင္းကို ၈၀% ေလာက္ ကာကြယ္ႏိုင္ပါတယ္။ ဘယ္လိုနည္းမ်ားနဲ႔လဲဆိုေတာ့

၁။ ေဆးလိပ္ျဖတ္ပါ။ အကန႔္အသတ္နဲ႔ အရက္ေသာက္ပါ။

ေဆးလိပ္ေသာက္သူမ်ားမွာ မေသာက္သူထက္ ေလျဖတ္ႏိုင္ေခ် ၂ဆ ရွိပါတယ္။ ေဆးလိပ္က ေသြးေၾကာမ်ား က်ဥ္းေစပါတယ္။ ေဆးလိပ္က ျဖတ္ကိုျဖတ္ရပါမယ္။ အရက္ကိုေတာ့ သတ္မွတ္ခ်က္နဲ႔ ေသာက္ရပါမယ္။ ေယာက္်ားမ်ားက တေန႔ အရက္ ၃-၄ ယူနစ္ထက္ ပိုမေသာက္ရပါဘူး၊(ဘီယာေပ်ာ့ ပိုင့္ဝက္၊ အရက္ခ်င္ခြက္အေသး (၂၅စီစီ)၊ ပုံမွန္ဝိုင္ခြက္ တဝက္ဟာ အယ္ကိုေဟာ ၁ယူနစ္ ျဖစ္ပါတယ္) မိန္းမမ်ားက အရက္ ၂-၃ ယူနစ္ထက္ ပိုမေသာက္ရပါဘူး။

၂။ ေသြးတိုးထိန္းပါ။

ေသြးတိုးမထိန္းသိမ္းႏိုင္သူဟာ ေသြးေၾကာေပါက္ၿပီး ေလျဖတ္ကာေသဆုံးႏိုင္ေခ် သာမန္လူထက္ ၄ဆ ရွိပါတယ္။ေသြးတိုးကို ဂ႐ုတစိုက္ ထိန္းရပါမယ္။

၃။ က်န္းမာေရးနဲ႔ညီၫြတ္သည့္အစားအစာေ႐ြးခ်ယ္စားေသာက္ပါ။

အသီးအ႐ြက္မ်ား ဥပမာ ပန္းသီး၊ သစ္ေတာ္သီး၊ ဘယ္ရီသီး၊ ခ်ယ္ရီသီး၊ သလဲသီး၊ ပန္းေဂၚဖီစိမ္း၊ ကိုက္လန္၊ ဟင္းႏုနယ္၊ ေထာပတ္သီး၊ ဗာဒံေစ့၊ သစ္ၾကားသီး၊ ႏွမ္းၾကတ္ေစ့ စတာေတြဟာ က်န္းမာေရးနဲ႔ ညီၫြတ္ပါတယ္။ အ႐ြက္မ်ားတဲ့ဟင္း႐ြက္မ်ား၊ အေစ့အႏွံမ်ားမွာ ေဖာလစ္အက္ဆစ္၊ ဘီစစ္၊ ဘီတြဲ ၾကြယ္ဝပါတယ္။ ဒီ အာဟာရဓါတ္ေတြဟာ ဟိုမိုစစ္စတင္း အမိုင္ႏိုအက္ဆစ္ ေလ်ာ့က်ေစပါတယ္။ ဟိုမိုစစ္စတင္း အမိုင္ႏိုအက္ဆစ္ ျမင့္ျခင္းဟာ ႏွလုံးေသြးေၾကာေရာဂါနဲ႔ ေလျဖတ္ျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။

၄။ ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ။

ကိုယ္လက္ေလ့က်င့္ခန္း မွန္မွန္လုပ္ျခင္းဟာ ေသြးတိုးထိန္းေပးတယ္။ ကိုလက္စထေရာ က်ေစတယ္။ ဆီးခ်ိဳထိန္းေပးတယ္။ ေသြးခဲျခင္းကို ကာကြယ္တယ္ စတဲ့အက်ိဳးေက်းဇူးမ်ား ရရွိေစပါတယ္။ လမ္းသြက္သြက္ေလွ်ာက္ျခင္း၊ ေရကူးျခင္း၊ ကခုန္ျခင္း၊ ဥယ်ာဥ္ျပဳစုျခင္း၊ စက္ဘီးစီးျခင္း၊ တိုင္ခ်ီကစားျခင္း၊ ဓါတ္ေလွခါး မသုံးဘဲ ႐ိုး႐ိုးေလွခါးသုံးျခင္းစတဲ့ ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ရပါမယ္။

၅။ ခါးသိမ္ဗိုက္ခ်ပ္အေလးခ်ိန္မတိုးေအာင္ ဂ႐ုစိုက္ပါ။

အဝလြန္ျခင္း (ခါးတုတ္ ဗိုက္ပူျခင္း)နဲ႔ ေလျဖတ္ျခင္းဟာ တြဲေနပါတယ္။ အဝလြန္ျခင္းဟာ မေကာင္းတဲ့ ကိုလက္စထေရာ ပိုထြက္ေစပါတယ္။ ခါးတုတ္ ဗိုက္ပူလာျခင္းဟာ ေသြးတိုး၊ ႏွလုံး ဆီခ်ိဳ ေရာဂါေတြ ျဖစ္ႏိုင္ေခ် မ်ားေစပါတယ္။

၆။ ကိုလက္စထေရာကို ဂ႐ုစိုက္ပါ။

မေကာင္းတဲ့ ကိုလက္စထေရာ LDL (‘bad’) cholesterol က ေသြးေၾကာပိတ္ေစပါတယ္။ ထ႐ြိဳင္ဂလစ္စ႐ြိဳက္ triglycerides ေသြးအဆီ (blood fats) က ေသြးေၾကာပိတ္ေလျဖတ္ဖို႔ အားေပးပါတယ္။ ေကာင္းတဲ့ ကိုလက္စထေရာ High-density lipoproteins (HDL or ‘good’ cholesterol)က ေလျဖတ္ျခင္း ႏွလုံးေရာဂါျဖစ္ျခင္းကို ကာကြယ္ပါတယ္။ ေကာင္းတဲ့ ကိုလက္စထေရာ အတြက္ ဖိုင္ဘာဓါတ္ႂကြယ္ဝတဲ့ သီးႏွံေတြ စားရပါမယ္။ အသားေလ်ာ့ရပါမယ္။ ေၾကာ္ေလွာ္ျခင္းအစား ဖုတ္ ကင္ ေပါင္း စားျခင္းက အဆီတိုးျခင္းကို ေလ်ာ့ေစပါတယ္။

၇။ ဆီးခ်ိဳထိန္းပါ။

ဆီးခ်ိဳေရာဂါဟာ ေလျဖတ္ျခင္းျဖစ္ဖို႔ အေျခခံေကာင္း ျဖစ္ပါတယ္။ ေသြးထဲမွာ ဂလူးကို႔ေတြ မ်ားျပားလာတဲ့အခါ ေသြးေၾကာေတြ ပ်က္စီးေစၿပီး၊အဆီေတြ စုပုံလာေစကာ ေသြးေၾကာ ပိတ္ဆို႔ေစပါတယ္။ ဆီးခ်ိဳထိန္း႐ုံမက က်န္းမာေစတဲ့ အစားအစာေတြစားရင္း ကိုယ္လက္ေလ့က်င့္ခန္းလည္း ေန႔စဥ္ မိနစ္၃၀ ေလာက္လုပ္ေပးရပါမယ္။

CREDIT – ေဒါက္တာျမင့္သိန္း

(Unicode)

လေဖြတ်ခြင်းကို ဘယ်လိုကာကွယ်မလဲ

သွေးကြောပိတ်လို့ဖြစ်စေ၊ သွေးကြောပေါက်ပြီး သွေးများ ယိုထွက်လို့ဖြစ်စေ ဦးနှောက်အစိတ်အပိုင်းတွေဆီ သွေးမရောက်တော့ပဲ ဦးနှောက်ဆဲလ်များ အောက်ဆီဂျင်ပြတ်လပ်ပြီး ပျက်စီးကုန်တဲ့အတွက် လေဖြတ်ခြင်း ဖြစ်ရပါတယ်။လေဖြတ်ခြင်းလက္ခဏာများက တယောက်နှင့်တယောက် မတူပါဘူး။ အများစု လက္ခဏာများက မျက်နှာရွဲ့ခြင်း၊ စကားပြောခက်ခြင်း၊ ကိုယ်ခန္ဓာတစ်ခြမ်းမှာ ကြွက်သားများ အားပျော့သွားခြင်းတို့ ဖြစ်ပါတယ်။

လေဖြတ်ခြင်းကို ၈၀% လောက် ကာကွယ်နိုင်ပါတယ်။ ဘယ်လိုနည်းများနဲ့လဲဆိုတော့

၁။ ဆေးလိပ်ဖြတ်ပါ။ အကန့်အသတ်နဲ့ အရက်သောက်ပါ။

ဆေးလိပ်သောက်သူများမှာ မသောက်သူထက် လေဖြတ်နိုင်ချေ ၂ဆ ရှိပါတယ်။ ဆေးလိပ်က သွေးကြောများ ကျဉ်းစေပါတယ်။ ဆေးလိပ်က ဖြတ်ကိုဖြတ်ရပါမယ်။ အရက်ကိုတော့ သတ်မှတ်ချက်နဲ့ သောက်ရပါမယ်။ ယောက်ျားများက တနေ့ အရက် ၃-၄ ယူနစ်ထက် ပိုမသောက်ရပါဘူး၊(ဘီယာပျော့ ပိုင့်ဝက်၊ အရက်ချင်ခွက်အသေး (၂၅စီစီ)၊ ပုံမှန်ဝိုင်ခွက် တဝက်ဟာ အယ်ကိုဟော ၁ယူနစ် ဖြစ်ပါတယ်) မိန်းမများက အရက် ၂-၃ ယူနစ်ထက် ပိုမသောက်ရပါဘူး။

၂။ သွေးတိုးထိန်းပါ။

သွေးတိုးမထိန်းသိမ်းနိုင်သူဟာ သွေးကြောပေါက်ပြီး လေဖြတ်ကာသေဆုံးနိုင်ချေ သာမန်လူထက် ၄ဆ ရှိပါတယ်။သွေးတိုးကို ဂရုတစိုက် ထိန်းရပါမယ်။

၃။ ကျန်းမာရေးနဲ့ညီညွတ်သည့်အစားအစာရွေးချယ်စားသောက်ပါ။

အသီးအရွက်များ ဥပမာ ပန်းသီး၊ သစ်တော်သီး၊ ဘယ်ရီသီး၊ ချယ်ရီသီး၊ သလဲသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဟင်းနုနယ်၊ ထောပတ်သီး၊ ဗာဒံစေ့၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့ စတာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အရွက်များတဲ့ဟင်းရွက်များ၊ အစေ့အနှံများမှာ ဖောလစ်အက်ဆစ်၊ ဘီစစ်၊ ဘီတွဲ ကြွယ်ဝပါတယ်။ ဒီ အာဟာရဓါတ်တွေဟာ ဟိုမိုစစ်စတင်း အမိုင်နိုအက်ဆစ် လျော့ကျစေပါတယ်။ ဟိုမိုစစ်စတင်း အမိုင်နိုအက်ဆစ် မြင့်ခြင်းဟာ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

၄။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဟာ သွေးတိုးထိန်းပေးတယ်။ ကိုလက်စထရော ကျစေတယ်။ ဆီးချိုထိန်းပေးတယ်။ သွေးခဲခြင်းကို ကာကွယ်တယ် စတဲ့အကျိုးကျေးဇူးများ ရရှိစေပါတယ်။ လမ်းသွက်သွက်လျှောက်ခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း၊ ဥယျာဉ်ပြုစုခြင်း၊ စက်ဘီးစီးခြင်း၊ တိုင်ချီကစားခြင်း၊ ဓါတ်လှေခါး မသုံးဘဲ ရိုးရိုးလှေခါးသုံးခြင်းစတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရပါမယ်။

၅။ ခါးသိမ်ဗိုက်ချပ်အလေးချိန်မတိုးအောင် ဂရုစိုက်ပါ။

အဝလွန်ခြင်း (ခါးတုတ် ဗိုက်ပူခြင်း)နဲ့ လေဖြတ်ခြင်းဟာ တွဲနေပါတယ်။ အဝလွန်ခြင်းဟာ မကောင်းတဲ့ ကိုလက်စထရော ပိုထွက်စေပါတယ်။ ခါးတုတ် ဗိုက်ပူလာခြင်းဟာ သွေးတိုး၊ နှလုံး ဆီချို ရောဂါတွေ ဖြစ်နိုင်ချေ များစေပါတယ်။

၆။ ကိုလက်စထရောကို ဂရုစိုက်ပါ။

မကောင်းတဲ့ ကိုလက်စထရော LDL (‘bad’) cholesterol က သွေးကြောပိတ်စေပါတယ်။ ထရွိုင်ဂလစ်စရွိုက် triglycerides သွေးအဆီ (blood fats) က သွေးကြောပိတ်လေဖြတ်ဖို့ အားပေးပါတယ်။ ကောင်းတဲ့ ကိုလက်စထရော High-density lipoproteins (HDL or ‘good’ cholesterol)က လေဖြတ်ခြင်း နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ပါတယ်။ ကောင်းတဲ့ ကိုလက်စထရော အတွက် ဖိုင်ဘာဓါတ်ကြွယ်ဝတဲ့ သီးနှံတွေ စားရပါမယ်။ အသားလျော့ရပါမယ်။ ကြော်လှော်ခြင်းအစား ဖုတ် ကင် ပေါင်း စားခြင်းက အဆီတိုးခြင်းကို လျော့စေပါတယ်။

၇။ ဆီးချိုထိန်းပါ။

ဆီးချိုရောဂါဟာ လေဖြတ်ခြင်းဖြစ်ဖို့ အခြေခံကောင်း ဖြစ်ပါတယ်။ သွေးထဲမှာ ဂလူးကို့တွေ များပြားလာတဲ့အခါ သွေးကြောတွေ ပျက်စီးစေပြီး၊အဆီတွေ စုပုံလာစေကာ သွေးကြော ပိတ်ဆို့စေပါတယ်။ ဆီးချိုထိန်းရုံမက ကျန်းမာစေတဲ့ အစားအစာတွေစားရင်း ကိုယ်လက်လေ့ကျင့်ခန်းလည်း နေ့စဉ် မိနစ်၃၀ လောက်လုပ်ပေးရပါမယ်။

CREDIT – ဒေါက်တာမြင့်သိန်း

Leave a Reply

Your email address will not be published. Required fields are marked *