သတင္း

ဗိုက္ေၾကာျပတ္၊ ေပါင္ေၾကာျပတ္ပီး အသားအရည္တြန႔္ေနတာေတြအတြက္ ေဆးေကာင္းတလက္

(Zawgyi)

ဗိုက္ေၾကာျပတ္၊ ေပါင္ေၾကာျပတ္ပီး အသားအရည္တြန႔္ေနတာေတြအတြက္ ေဆးေကာင္းတလက္

ကိုယ္တိုင္အရင္က ေပါင္ေၾကာျပတ္ဖူးလို႔ အိမ္မွာလုပ္ပီးအသုံးျပဳေနတာ ႏွစ္နဲ႔ခ်ီေနပါပီေနာ္။ တကယ္လည္း ေကာင္းလို႔ ျပန္မွ်ေဝေပးလိုက္တာပါ။ ပိုက္ဆံမကုန္ပဲ ထိေရာက္တဲ့ ေဆးေလးပါ။ ကိုယ္ဝန္ေဆာင္လို႔ပဲ ဗိုက္ေၾကာျပတ္ျပတ္၊ ဝလာလို႔ပဲ ေပါင္ေၾကာျပတ္ျပတ္၊ ဘယ္လိုအေၾကာင္းရာေၾကာင့္ ေပါင္ေၾကာျပတ္ျပတ္ ေဆးေကာင္းရွိပါတယ္ေနာ္။ လုပ္ရတာလည္းမခက္ပဲအရမ္းကို လြယ္ကူ႐ိုးရွင္းပါတယ္။

ရွားေစာင္းလက္ပတ္ အပင္ႀကီးက အႏွစ္တုံး ငါးခုေျခာက္ခုခန႔္နဲ႔ အုန္းဆီစစ္စစ္၊ သံပုရာအနည္းငယ္ပဲလိုတာပါေနာ္။ အုန္းဆီက M150 ပုလင္း တစ္ပုလင္းခြဲလိုပါတယ္။ သံအိုးတစ္ခုထဲမွာ ရွားေစာင္းအႏွစ္ခ်ည္း ထည့္ပါ။ အုန္းဆီေလာင္းထည့္ပါ။ အဲ့ဒီအိုးကို မီးဖိုေပၚတင္ပီး မီးခပ္ေအးေအးေလးနဲ႔သာ ေပးဆူထားပါ။

မိနစ္၃၀ခန႔္ ရွားေစာင္းေတြမဲတဲ့ထိတည္ပီး မီးဖိုေပၚမွခ်ကာ ရွားေစာင္းအမဲေတြကိုဖယ္ပါ။ ဆီရည္ေတြကို ဖန္ဘူးတစ္ခုထဲ ေလာင္းထည့္ထားပါ။

အေၾကာျပတ္တဲ့ေနရာေတြကို ထိုဆီေရျဖင့္ အသားထဲစိမ့္ဝင္ေအာင္ ေန႔စဥ္တစ္ႀကိမ္မွ ႏွစ္ႀကိမ္လိမ္းေပးသြားရင္ သိသိသာသာ တစ္ပတ္အတြင္း ေလ်ာ့လာမွာပါ။ ဂြၽတ္တတ္ေနတဲ့ ေနရာေတြနဲ႔ အမာ႐ြတ္ေနရာေတြကို သံပုရာရည္ အနည္းငယ္ ေရာစပ္ကာ လိမ္းေပးႏိုင္တယ္ေနာ္။ ႏွစ္ပတ္အတြင္းေလ်ာ့သြားမွာပါ။

ညအိပ္ခါနီးတိုင္း Bodyအႏွံ႔လိမ္းေပးသြားရင္လည္း စိုေျပဝင္းလက္ တင္းရင္းတဲ့ အသားအရည္ကို ရေစမွာပါေနာ္။ က်န္းမာလွပၾကပါေစေနာ္။

ေမတၱာမ်ားစြာျဖင့္

Credit – Chaw Lay Su

(Unicode)
ဗိုက်ကြောပြတ်၊ ပေါင်ကြောပြတ်ပီး အသားအရည်တွန့်နေတာတွေအတွက် ဆေးကောင်းတလက်

ကိုယ်တိုင်အရင်က ပေါင်ကြောပြတ်ဖူးလို့ အိမ်မှာလုပ်ပီးအသုံးပြုနေတာ နှစ်နဲ့ချီနေပါပီနော်။ တကယ်လည်း ကောင်းလို့ ပြန်မျှဝေပေးလိုက်တာပါ။ ပိုက်ဆံမကုန်ပဲ ထိရောက်တဲ့ ဆေးလေးပါ။ ကိုယ်ဝန်ဆောင်လို့ပဲ ဗိုက်ကြောပြတ်ပြတ်၊ ဝလာလို့ပဲ ပေါင်ကြောပြတ်ပြတ်၊ ဘယ်လိုအကြောင်းရာကြောင့် ပေါင်ကြောပြတ်ပြတ် ဆေးကောင်းရှိပါတယ်နော်။ လုပ်ရတာလည်းမခက်ပဲအရမ်းကို လွယ်ကူရိုးရှင်းပါတယ်။

ရှားစောင်းလက်ပတ် အပင်ကြီးက အနှစ်တုံး ငါးခုခြောက်ခုခန့်နဲ့ အုန်းဆီစစ်စစ်၊ သံပုရာအနည်းငယ်ပဲလိုတာပါနော်။ အုန်းဆီက M150 ပုလင်း တစ်ပုလင်းခွဲလိုပါတယ်။ သံအိုးတစ်ခုထဲမှာ ရှားစောင်းအနှစ်ချည်း ထည့်ပါ။ အုန်းဆီလောင်းထည့်ပါ။ အဲ့ဒီအိုးကို မီးဖိုပေါ်တင်ပီး မီးခပ်အေးအေးလေးနဲ့သာ ပေးဆူထားပါ။

မိနစ်၃၀ခန့် ရှားစောင်းတွေမဲတဲ့ထိတည်ပီး မီးဖိုပေါ်မှချကာ ရှားစောင်းအမဲတွေကိုဖယ်ပါ။ ဆီရည်တွေကို ဖန်ဘူးတစ်ခုထဲ လောင်းထည့်ထားပါ။

အကြောပြတ်တဲ့နေရာတွေကို ထိုဆီရေဖြင့် အသားထဲစိမ့်ဝင်အောင် နေ့စဉ်တစ်ကြိမ်မှ နှစ်ကြိမ်လိမ်းပေးသွားရင် သိသိသာသာ တစ်ပတ်အတွင်း လျော့လာမှာပါ။ ဂျွတ်တတ်နေတဲ့ နေရာတွေနဲ့ အမာရွတ်နေရာတွေကို သံပုရာရည် အနည်းငယ် ရောစပ်ကာ လိမ်းပေးနိုင်တယ်နော်။ နှစ်ပတ်အတွင်းလျော့သွားမှာပါ။

ညအိပ်ခါနီးတိုင်း Bodyအနှံ့လိမ်းပေးသွားရင်လည်း စိုပြေဝင်းလက် တင်းရင်းတဲ့ အသားအရည်ကို ရစေမှာပါနော်။ ကျန်းမာလှပကြပါစေနော်။

မေတ္တာများစွာဖြင့်

Credit – Chaw Lay Su

Leave a Reply

Your email address will not be published. Required fields are marked *