သတင္း

ညအိပ္ယာဝင္လွ်င္ ေျခေထာက္ပူ ကိုက္ခဲေနသူမ်ားအတြက္ ကိုယ္ေတြ႕ေဆးနည္း

(Zawgyi)
ညအိပ္ယာဝင္လွ်င္ ေျခေထာက္ပူ ကိုက္ခဲေနသူမ်ားအတြက္ ကိုယ္ေတြ႕ေဆးနည္း

ကြၽန္ေတာ့္မွာ ညအိပ္ယာဝင္ၿပီဆိုရင္ ေတာ္ေတာ္နဲ႔အိပ္မေပ်ာ္ပါဘူး။ အထူးသျဖင့္ ကြၽန္ေတာ့္ေျခေထာက္က တ႐ုတ္အေမႊးပြေစာင္ဆို ၿခဳံအိပ္လို႔မရဘူး။

ေဆာင္းရာသီျဖစ္ေနပါေစ တ႐ုတ္ကလာတဲ့ အေမႊးပြေစာင္ၿခဳံလိုက္တာနဲ႔ ေျခဖ်ားေတြပူ ကိုက္ခဲလာတာ ေနာက္ဆုံးမေနႏိုင္ေတာ့ ေျခေထာက္ကို ေစာင္အျပင္ဘက္ထုတ္ၿပီး အိပ္မွရတယ္။

အေပၚပိုင္းဘဲ ေစာင္ၿခဳံအိပ္ရတယ္။ တစ္ခါတစ္ရံေဆာင္းရာသီေတာင္မွ ေျခဖ်ားေတြပူေနလို႔ ေရေအးသြားေလာင္းၿပီးမွအိပ္လို႔ရတယ္။

ဒါေတာင္ခနေလးေနရင္ ေျခေထာက္အဖ်ားပိုင္းကို ေစာင္အျပင္ထုတ္အိပ္ရတာဘဲ ေျခေထာက္ဖ်ားက ပူလာရင္အိပ္ကိုမရေတာ့ဘူး ဒီလိုျဖစ္လာတာၾကာခဲ့ပါၿပီဗ်ာ။ ေနာက္ဆုံး တ႐ုတ္အေမႊးပြေစာင္ျမင္တာနဲ႔ ၿခဳံအိပ္ရမွာကိုေၾကာက္လာပါတယ္။

မႏၲေလးလို ပူတဲ့ေနရာကို ခရီးထြက္ရၿပီဆိုရင္ ေစာင္မၿခဳံရေပမဲ့ ပူတဲ့ဒါဏ္နဲ႔ ေျခဖ်ားေတြပူလာရင္ အိပ္ကိုမရေတာ့ဘူး ကိုက္ခဲလာေတာ့တာပါဘဲ။ အခုေတာ့ တ႐ုတ္အေမႊးပြေစာင္ၿခဳံလည္း အိပ္လို႔ရလာသလို ကိုက္တာခဲတာေတြလဲ ေလ်ာ့သြားပါၿပီ။

ဒါဘာေၾကာင့္လဲ ? ? ?

ဘာေဆးနဲ႔ေပ်ာက္တာလဲေမးရင္ ဟုတ္ကဲ့ ေျပာျပပါ့မယ္။ေထြေထြထူးထူး လုပ္စရာမလိုသလို ေငြကုန္လည္းအရမ္းသက္သာတဲ့နည္းပါ။

ညအိပ္ယာမဝင္ခင္ ေရေႏြးပူနဲ႔ ေရေအးနဲ႔မွ်တေအာင္စပ္ၿပီး ဇလုံတစ္ခုထဲထည့္ပါ။ ေျခဖ်ားျမႇပ္ေအာင္ေတာ့ ေရထည့္ပါ။ အဲဒီေရထဲမွာ အိမ္သုံး႐ိုး႐ိုးဆား လက္တစ္ဆုပ္စာထည့္ၿပီး ေျခဖ်ားေတြကို နာရီဝက္ၾကာေအာင္ စိမ္ေပးပါ။ ညစဥ္ ညတိုင္း လုပ္ေပးပါ။

၄/၅ ရက္ ဆားရည္စိပ္ၿပီးတာနဲ႔ကို သိသိသာသာ သက္သာလာပါလိမ့္မယ္။ အခုဆို တ႐ုတ္အေႏြးေစာင္နဲ႔ အိပ္လို႔ရသလို ခါတိုင္းလိုေျခေထာက္ကို ေစာင္အျပင္ဘက္ ထုတ္အိပ္စရာမလိုေတာ့ပါဘူး။ ကိုက္တာခဲတာေတြလည္း သိသိသာသာ သက္သာလာပါၿပီ။ အဲဒီအတြက္ ေဆးနည္းသိၿပီး လုပ္ေပးခဲ့တဲ့ ကြၽန္ေတာ့္ဇနီးကိုလည္း ေက်းဇူးတင္ပါတယ္။

ညညေျခဖ်ားေတြပူ ကိုက္ခဲလို႔ အိပ္မရဘူးဆိုတဲ့သူေတြ လုပ္ၾကည့္လိုက္ပါ။ တစ္ျခားလူမ်ားသိေအာင္လည္း ေဝမွ်ေပးႏိုင္ပါတယ္။

Credit – မဂၤလာထြန္း ( ေက်ာက္မဲ )

Via – Sai Min Thant
(Unicode)

“ညအိပ်ယာဝင်လျှင် ခြေထောက်ပူ ကိုက်ခဲနေသူများအတွက် ကိုယ်တွေ့ဆေးနည်း ”

ကျွန်တော့်မှာ ညအိပ်ယာဝင်ပြီဆိုရင် တော်တော်နဲ့အိပ်မပျော်ပါဘူး။ အထူးသဖြင့် ကျွန်တော့်ခြေထောက်က တရုတ်အမွှေးပွစောင်ဆို ခြုံအိပ်လို့မရဘူး။

ဆောင်းရာသီဖြစ်နေပါစေ တရုတ်ကလာတဲ့ အမွှေးပွစောင်ခြုံလိုက်တာနဲ့ ခြေဖျားတွေပူ ကိုက်ခဲလာတာ နောက်ဆုံးမနေနိုင်တော့ ခြေထောက်ကို စောင်အပြင်ဘက်ထုတ်ပြီး အိပ်မှရတယ်။

အပေါ်ပိုင်းဘဲ စောင်ခြုံအိပ်ရတယ်။ တစ်ခါတစ်ရံဆောင်းရာသီတောင်မှ ခြေဖျားတွေပူနေလို့ ရေအေးသွားလောင်းပြီးမှ အိပ်လို့ရတယ်။

ဒါတောင်ခနလေးနေရင် ခြေထောက်အဖျားပိုင်းကို စောင်အပြင်ထုတ်အိပ်ရတာဘဲ ခြေထောက်ဖျားက ပူလာရင်အိပ်ကိုမရတော့ဘူး ဒီလိုဖြစ်လာတာကြာခဲ့ပါပြီဗျာ။ နောက်ဆုံး တရုတ်အမွှေးပွစောင်မြင်တာနဲ့ ခြုံအိပ်ရမှာကိုကြောက်လာပါတယ်။

မန္တလေးလို ပူတဲ့နေရာကို ခရီးထွက်ရပြီဆိုရင် စောင်မခြုံရပေမဲ့ ပူတဲ့ဒါဏ်နဲ့ ခြေဖျားတွေပူလာရင် အိပ်ကိုမရတော့ဘူး ကိုက်ခဲလာတော့တာပါဘဲ။ အခုတော့ တရုတ်အမွှေးပွစောင်ခြုံလည်း အိပ်လို့ရလာသလို ကိုက်တာခဲတာတွေလဲ လျော့သွားပါပြီ။

ဒါဘာကြောင့်လဲ?

ဘာဆေးနဲ့ပျောက်တာလဲမေးရင် ဟုတ်ကဲ့ ပြောပြပါ့မယ်။ထွေထွေထူးထူး လုပ်စရာမလိုသလို ငွေကုန်လည်းအရမ်းသက်သာတဲ့နည်းပါ။

ညအိပ်ယာမဝင်ခင် ရေနွေးပူနဲ့ ရေအေးနဲ့မျှတအောင်စပ်ပြီး ဇလုံတစ်ခုထဲထည့်ပါ။ ခြေဖျားမြှပ်အောင်တော့ ရေထည့်ပါ။ အဲဒီရေထဲမှာ အိမ်သုံးရိုးရိုးဆား လက်တစ်ဆုပ်စာထည့်ပြီး ခြေဖျားတွေကို နာရီဝက်ကြာအောင် စိမ်ပေးပါ။ ညစဉ် ညတိုင်း လုပ်ပေးပါ။

၄/၅ ရက် ဆားရည်စိပ်ပြီးတာနဲ့ကို သိသိသာသာ သက်သာလာပါလိမ့်မယ်။ အခုဆို တရုတ်အနွေးစောင်နဲ့ အိပ်လို့ရသလို ခါတိုင်းလို ခြေထောက်ကို စောင်အပြင်ဘက် ထုတ်အိပ်စရာ မလိုတော့ပါဘူး။ ကိုက်တာခဲတာတွေလည်း သိသိသာသာ သက်သာလာပါပြီ။ အဲဒီအတွက် ဆေးနည်းသိပြီး လုပ်ပေးခဲ့တဲ့ ကျွန်တော့်ဇနီးကိုလည်း ကျေးဇူးတင်ပါတယ်။

ညညခြေဖျားတွေပူ ကိုက်ခဲလို့ အိပ်မရဘူးဆိုတဲ့သူတွေ လုပ်ကြည့်လိုက်ပါ။ တစ်ခြားလူများသိအောင်လည်း ဝေမျှပေးနိုင်ပါတယ်။

Credit – မင်္ဂလာထွန်း (ကျောက်မဲ)

Via – Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *