သတင္း

စစ်သူကြီး ဗန္ဓုလ၏ အရိုးဂူစေတီအကြောင်း သိမှတ်ဖွယ်

(Zawgyi)
ဗႏၶဳလ၏ ”အ႐ိုးဂူေစတီ”

မေကြးတိုင္းေဒသႀကီး အထက္မင္းလွ၊ မလြန္ၿမိဳ႕ေဟာင္း ျမသပိတ္ေစတီ၏ ေတာင္ဘက္ ဆင္ေျခေလွ်ာတြင္ စစ္သူႀကီး သတိုးသုဓမၼ မဟာဗႏၶဳလ၏ ဗိမာန္ေၾကး႐ုပ္ႀကီးႏွင့္အတူ အ႐ိုးဂူ ေစတီကိုလည္း ေတြ႕ရသည္။

စစ္သူႀကီး မဟာဗႏၶဳလ၏ ဗိမာန္တြင္ ကမၸည္းစာတန္း ထိုးထားၿပီး ေၾကး႐ုပ္၏ အေနာက္ဘက္တြင္ မဟာဗႏၶဳလ၏ ”အ႐ိုးဂူေစတီ” ကို ေတြ႕ျမင္ရသည္။ စစ္သူႀကီး မဟာဗႏၶဳလသည္ ေ႐ႊထီးေအာက္၌ တိုက္ခိုက္မႈ အေရးအရာမ်ားကို ၫႊန္ၾကား ကြပ္ကဲေနစဥ္ ဗုံးဆန္မ်ား က်ေရာက္လာကာ၊ စစ္သူႀကီး မဟာဗႏၶဳလ ေျမေပၚ ပုံက်သြားခဲ့ေလ၏။ တပ္ပ်က္သြားမည္ စိုးသျဖင့္ အနီးရွိ စစ္ကဲ၊ တပ္မႉးမ်ားက တိုက္ခိုက္ေရးကို စီမံကြပ္ကဲလ်က္ ဗႏၶဳလ၏ အေလာင္းကို ၃၂ခန္း ရွိေသာ ဗႏၶဳလ၏ တပ္တြင္းရွိ အိမ္ေတာ္သို႔ ယူေဆာင္ သြားၾက၏။ ထိုေန႔ကား သကၠရာဇ္ ၁၁၈၆ ခုႏွစ္ ေႏွာင္းတန္ခူးလဆန္း ၁၄ ရက္ ခရစ္ႏွစ္ ၁၈၂၅ ျဖစ္သည္။

စစ္ကဲႀကီး၊ အတြင္းဝန္ႀကီး မင္းလွရာဇာႏွင့္ ၿမိဳ႕လတ္ဝန္မင္းႀကီး မဟာမင္းလွမင္းေခါင္တို႔က ဗႏၶဳလ၏ အေလာင္းကို ေ႐ႊထီးျဖင့္ ျဖန႔္မိုးကာ ဓႏုျဖဴ ခံတပ္မွာပင္ ခ်က္ခ်င္း မီးသၿဂိဳလ္လိုက္သည္။ ထို႔ေနာက္ အ႐ိုးအိုးကို ေကာက္ယူ၍ စစ္မက္ေတာ္မ်ား အုပ္စည္းမပ်က္ ဓႏုျဖဴခံတပ္မွ ဆုတ္ခြာၾကသည္။ စစ္သည္ဗိုလ္မႉးတို႔သည္ ဗႏၶဳလ အ႐ိုးစုကို ေ႐ႊအိုးျဖင့္ ထည့္ကာ ယာယီ ဂူသြင္း၍ ထားရွိခဲ့ၾကသည္။

အထက္မင္းလွၿမိဳ႕ မလြန္စခန္းသို႔ ေရာက္ရွိစဥ္ အ႐ိုးအိုးကို ဗိုလ္မႉး မင္းရဲေခါင္က ဂူသြင္း ထိန္းသိမ္းထားစဥ္ ေနျပည္ေတာ္မွ တပ္မ်ား အျမန္ဆုတ္ခဲ့ရန္ အမိန႔္ေၾကာင့္ အ႐ိုးဂူမွာ မလြန္ၿမိဳ႕၌ က်န္ခဲ့သည္။ မင္းလွခံတပ္မွ ဗလမင္းထင္ႏွင့္ အျခားဗိုလ္မႉးမ်ားက အ႐ိုးဂူ မပ်က္ေစရန္ အေပၚေစတီ တည္ထားခဲ့သည္။ မူလ ေခြးလင္းပန္းေခ်ာင္းကမ္းပါးေပၚ၌ တည္ရွိရာ ကမ္းပါးၿပိဳက်မႈ ရွိသျဖင့္ ၁၉၆၄ ခုႏွစ္တြင္ ေရွးေဟာင္း သုေတသန အဖြဲ႕က ေရလြတ္ရာ မလြန္ျမသပိတ္ေစတီ ကုန္းေတာ္ ေစာင္းတန္း၏ ေတာင္ဘက္၌ မူလပုံအတိုင္း ျပန္လည္တည္ေဆာက္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

by T.AK.

Via – က ေညာ မူ ဖိုး

(Unicode)
ဗန္ဓုလ၏ ”အရိုးဂူစေတီ”

မကွေးတိုင်းဒေသကြီး အထက်မင်းလှ၊ မလွန်မြို့ဟောင်း မြသပိတ်စေတီ၏ တောင်ဘက် ဆင်ခြေလျှောတွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ၏ ဗိမာန်ကြေးရုပ်ကြီးနှင့်အတူ အရိုးဂူ စေတီကိုလည်း တွေ့ရသည်။

စစ်သူကြီး မဟာဗန္ဓုလ၏ ဗိမာန်တွင် ကမ္ပည်းစာတန်း ထိုးထားပြီး ကြေးရုပ်၏ အနောက်ဘက်တွင် မဟာဗန္ဓုလ၏ ”အရိုးဂူစေတီ” ကို တွေ့မြင်ရသည်။ စစ်သူကြီး မဟာဗန္ဓုလသည် ရွှေထီးအောက်၌ တိုက်ခိုက်မှု အရေးအရာများကို ညွှန်ကြား ကွပ်ကဲနေစဉ် ဗုံးဆန်များ ကျရောက်လာကာ၊ စစ်သူကြီး မဟာဗန္ဓုလ မြေပေါ် ပုံကျ သွားခဲ့လေ၏။ တပ်ပျက်သွားမည် စိုးသဖြင့် အနီးရှိ စစ်ကဲ၊ တပ်မှူးများက တိုက်ခိုက်ရေးကို စီမံကွပ်ကဲလျက် ဗန္ဓုလ၏ အလောင်းကို ၃၂ ခန်း ရှိသော ဗန္ဓုလ၏ တပ်တွင်းရှိ အိမ်တော်သို့ ယူဆောင် သွားကြ၏။ ထိုနေ့ကား သက္ကရာဇ် ၁၁၈၆ ခု နှစ် နှောင်း တန်ခူးလဆန်း ၁၄ ရက် ခရစ်နှစ် ၁၈၂၅ ဖြစ်သည်။

စစ်ကဲကြီး၊ အတွင်းဝန်ကြီး မင်းလှရာဇာနှင့် မြို့လတ်ဝန်မင်းကြီး မဟာမင်းလှမင်းခေါင် တို့က ဗန္ဓုလ၏ အလောင်းကို ရွှေထီးဖြင့် ဖြန့်မိုးကာ ဓနုဖြူ ခံတပ်မှာပင် ချက်ချင်း မီးသဂြိုလ်လိုက်သည်။ ထို့နောက် အရိုးအိုးကို ကောက်ယူ၍ စစ်မက်တော်များ အုပ်စည်းမပျက် ဓနုဖြူခံတပ်မှ ဆုတ်ခွာကြသည်။ စစ်သည် ဗိုလ်မှူးတို့သည် ဗန္ဓုလ အရိုးစုကို ရွှေအိုးဖြင့် ထည့်ကာ ယာယီ ဂူသွင်း၍ ထားရှိခဲ့ကြသည်။

အထက်မင်းလှမြို့ မလွန်စခန်းသို့ ရောက်ရှိစဉ် အရိုးအိုးကို ဗိုလ်မှူး မင်းရဲခေါင်က ဂူသွင်း ထိန်းသိမ်းထားစဉ် နေပြည်တော်မှ တပ်များ အမြန်ဆုတ်ခဲ့ရန် အမိန့်ကြောင့် အရိုးဂူမှာ မလွန်မြို့၌ ကျန်ခဲ့သည်။ မင်းလှခံတပ်မှ ဗလမင်းထင်နှင့် အခြား ဗိုလ်မှူးများက အရိုးဂူ မပျက်စေရန် အပေါ်စေတီ တည်ထားခဲ့သည်။ မူလ ခွေးလင်းပန်းချောင်းကမ်းပါးပေါ်၌ တည်ရှိရာ ကမ်းပါးပြိုကျမှု ရှိသဖြင့် ၁၉၆၄ ခုနှစ်တွင် ရှေးဟောင်း သုတေသန အဖွဲ့က ရေလွတ်ရာ မလွန် မြသပိတ်စေတီ ကုန်းတော် စောင်းတန်း၏ တောင်ဘက်၌ မူလ ပုံအတိုင်း ပြန်လည် တည်ဆောက် ထိန်းသိမ်းထားကြောင်း သိရသည်။

by T.AK.
Via – က ညော မူ ဖိုး

Leave a Reply

Your email address will not be published. Required fields are marked *