သတင်း

ရုတ်တရက်ရမ်ဆေးကို မဖြစ်မနေ ရောင်းချရတော့မယ့် အာဆင်နယ်

ရုတ်တရက်ရမ်ဆေးကို မဖြစ်မနေ ရောင်းချရတော့မယ့် အာဆင်နယ်
Sunday, March 4, 2018

ညာနောက်ခံလူ ဘယ်လာရင်ကလည်း ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ရမ်ဆေးကို လာမယ့်နွေရာသီမှာ ရောင်းချတော့မယ်လို့ ရုတ်တရက် သတင်း ထုတ်ပြန်လိုက်ပါတယ်။

အကြောင်းကတော့ စာချုပ်သက်တမ်းတိုးဖို့ ရမ်ဆေးက ငြင်းဆန်လိုက်တာကြောင့်ဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ရောင်းချဖို့ စီစဉ်ရပြီလည်း ဖြစ်ပါတယ်။

ရမ်ဆေးအနေနဲ့ ယခုနှစ် အာဆင်နယ်အသင်းရဲ့ ခြေစွမ်းအပေါ် စိတ်ပျက်လျက်ရှိနေသလို ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာလည်း ခြေစွမ်းပိုင်းနဲ့ ပက်သက်ပြီး စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။

ဒေးလီးမေးလ်သတင်းစာရဲ့ ဖော်ပြထားချက်မှာတော့ အာဆင်နယ်အသင်းအနေနဲ့ ရမ်ဆေးကို လာမယ့်နွေရာသီမှာ မရောင်းချနိုင်ပါက စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် လာမယ့်နှစ်အကုန်မှာ အလွတ်ထွက်ခွာခွင့်(သို့) ပြောင်းရွှေ့ခွင့်ပြုရမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်။

ရမ်ဆေးမှာ ၁၇ နှစ်အရွယ်ကတည်းက အာဆင်နယ်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ရောက်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက ယနေ့ အချိန်အထိ အသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော် ကစားပေးထားသူလည်း ဖြစ်ပါတယ်။

ယခုလို ရမ်ဆေးကို လက်လွှတ်ရတော့မယ့် သတင်းကတော့ အာဆင်နယ် ပရိသတ်တွေကို ယူကျုံးမရ ဖြစ်စေခဲ့ပြီဖြစ်သလို အာဆင်နယ်အသင်း ကနေ နောက်ထပ် ကစားသမားတွေ ဆက်လက်ထွက်ခွာဖို့ လမ်းစ ဖြစ်နေခဲ့တယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြလာပါတယ်။

အခြား ညာနောက်ခံလူ တစ်ဦးဖြစ်တဲ့ ဘယ်လာရင်ကလည်း လီဗာပူးမှာ ချိန်ဘာလိန် ကစားတာကို တွေ့မြင်နေရပြီးနောက် အာဆင်နယ်က ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောလာခဲ့တယ်လို့ သိရပြန်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်မှာ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာသာရပ်တည်ထားနိုင်ပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက် မရေရာ မသေချာ ဖြစ်နေသလို နည်းပြ အာစင်ဝင်းဂါးမှာလည်း နှစ်ကုန်မှာ ထုတ်ပယ်ခံရဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Source- Metro

Leave a Reply

Your email address will not be published. Required fields are marked *