သတင္း

ချစ်ဇနီး(၂၇)ဦးနဲ့သားသမီး (၁၅၀)ယောက်ရှိပြီး မယားများဂိုဏ်းရဲ့ ဥက္ကဌဖြစ်လာတဲ့အဖိုးအို

ချစ်ဇနီး(၂၇)ဦးနဲ့သားသမီး (၁၅၀)ယောက်ရှိပြီး မယားများဂိုဏ်းရဲ့ ဥက္ကဌဖြစ်လာတဲ့အဖိုးအို

ကမ္ဘာ့မယားအများဆုံးခင်ပွန်းတစ်ဦး သို့မဟုတ် ကမ္ဘာ့ကလေးအများဆုံးမိသားစုတစ်ခုရဲ့ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ Winston Blackmore အကြောင်းကို စာဖတ်သူကြီး တီးမိခေါက်မိရှိမယ်ထင်ပါတယ်။ သူဟာ ကနေဒါနိုင်ငံ၊ Blackmore , British Columbia မှာနေထိုင်တဲ့ သင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး၊ တရားဝင်မယား (၂၇)ယောက်အထိရှိကာ သားသမီး (၁၅၀)အထိ ရှိပါတယ်။

အိမ်ထောင်ဘက်ဇနီး မြောက်များစွာရှိသူကို Polygamist လို့ ခေါ်ပါတယ်။ အခုဆို Winston ဟာ သူတို့မျိုးရိုးစဉ်ဆက်က တည်ထောင်ခဲ့တဲ့ဂိုဏ်းမှာ Bishop (ဂိုဏ်းအုပ်)ရာထူးတောင် ရယူထားပါပြီ။ သူဟာ အသက်(၆၄)နှစ်တောင် ရှိပြီဖြစ်ပြီး၊ မယား(၂၇)ယောက်ထဲမှာ အသက်မပြည့်သူတွေလည်း ပါဝင်ခဲ့တာကြောင့် အမှုတွေ ရင်ဆိုင်နေရဆဲပါ။

မယားအမြောက်အများယူတဲ့သူတွေဖွဲ့စည်းထားတဲ့ Latter Day Saint မှာလည်း သူက ဥက္ကဋ္ဌဖြစ်ပါတယ်။ သူ့ကို ကနေဒါရဲ့လူသိအများဆုံး မယားပေါသူကြီးလို့တောင် သတင်းတွေက တင်စားကြပါတယ်။ သူဟာ မယားများတဲ့နေရာမှာ ဖခင်နဲ့ ဦးလေးအမွေကို ဆက်ခံခဲ့တယ်လို့ ဆိုရမှာပါ။ ဘလက်မိုးက မယားများသူအသိုင်းအဝိုင်းကို

Winston ရဲ့ဖခင်ဖြစ်တဲ့ Ray Blackmore နဲ့ ဘကြီးဖြစ်သူ Harold Blackmore တို့က စတင်တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းတော့ Ray က Harold ကို အသင်းကနေ ထုတ်ပယ်ဖို့ အချိန်အတန်ကြာ ကြိုးစားခဲ့ရပြီး၊ နောက်ဆုံး ဒီအသိုင်းအဝိုင်းကြီးကို ခြယ်လှယ်အုပ်စိုးနိုင်တဲ့ အကြီးဆုံးရာထူးကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ သားဖြစ်သူ Winston ကလည်း ရေကန်အသင့် ကြာအသင့် ဖခင်ရဲ့အရိုက်အရာကို ဆက်ခံခဲ့တာပါ။

ဖခင် Ray ကလည်း မယားပေါင်း (၃၀)ကျော်ရှိခဲ့ပြီး၊ သားသမီးကတော့ Winston လောက် မထွန်းကားခဲ့ပါဘူး။ Winston ကိုတော့ Anna Mae Blackmore အမည်ရ မယားနဲ့ မွေးခဲ့တာဖြစ်ပါတယ်။ သားသမီး(၁၃)ယောက်ယောက်အနက် Winston က နဝမမြောက်ဖြစ်ပါတယ်။ သားတွေအားလုံးထဲမှာ Winston က အချစ်ခံရဆုံးဖြစ်ခဲ့လို့

အခုလို ထိပ်ပိုင်းကို ရောက်လာခဲ့တာပါ။ သူရဲ့ လက်ရှိအသက်အငယ်ဆုံးဇနီးနှစ်ဦးရှိပြီး အခုမှ အသက်(၁၉)နှစ်ပဲ ရှိပါသေးတယ်။ သူတို့နှစ်ယောက်ဟာ (၂၀၁၇)ခုနှစ်ကတည်းက မယားဘဝ ရောက်ခဲ့ပြီး၊ ထိုစဉ်က အသက်(၁၅)နှစ်သာ ရှိပါသေးတယ်။ အဲဒီတုန်းကတည်းက သက်ဆိုင်ရာက Winston ကို အမှုတွဲတင်ဖို့ ကြိုးစားခဲ့ပေမယ့်

သူတို့အသင်းအဖွဲ့ဟာ သက်ဆိုင်ရာအစိုးရဆီကနေ တရားဝင်အသင်းအဖွဲ့လက်မှတ် ရထားလို့ လုပ်ရကိုင်ရ ခက်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်(၂)စုကျော်က ဒီလူမှုရေးအဝန်းအဝိုင်းကြီးမှာ ထိပ်သီးပိုင်းနေရာကိုရောက်ချင်လို့ နေရာလုချင်တဲ့ ဆွေမျိုးသားချင်းတွေ ရှိခဲ့ပါသေးတယ်။ ထိုစဉ်တုန်းက ဒီအဝန်းအဝိုင်းကနေ ခွဲထွက်ဖို့ကြိုးစားသူတွေ ရှိခဲ့သော်လည်း အခုတော့ အားလုံး စည်းစည်းလုံးလုံး ဖြစ်နေဆဲပါ။

Crd,လင်းဇော်ကို

Leave a Reply

Your email address will not be published. Required fields are marked *