သတင်း

အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာမှာ ဒုလ္လဘရဟန်း ဝတ်နေတဲ့ လွင်မိုး

အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာမှာ ဒုလ္လဘရဟန်း ဝတ်နေတဲ့ လွင်မိုး

March 20, 2018

သရုပ်ဆောင် အကယ်ဒမီလွင်မိုးတစ်ယောက်ကတော့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာကို သွားပြီး ဒုလ္လဘဝတ်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့ပဲ ဒီအကြောင်းကို သူ့ရဲ့ အမျိုးသမီးဖြစ်သူက လူမှုကွန်ယက်မှာ တင်လိုက်တာပဲ ဖြစ်ပါတယ်။ လွင်မိုးတစ်ယောက် ဦးပြည်းစိမ်းစိမ်းနဲ့ တရားမှတ်နေတာကို တွေ့ရပါတယ်။

တစ်ချိန်က ဒိတ်ဒိတ်ကျဲ အောင်မြင်ခဲ့သူ မင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ လွင်မိုးဟာ အနုပညာအလုပ်တွေလည်း အများကြီးလုပ်ခဲ့သလို နောက်ပိုင်း စီးပွားရေးဘက်ကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်နဲ့ ဝေးသွားခဲ့ပြီး ခု ဖေ့စ်ဘွက်လူမှုကွန်ယက်ပေါ်လာမှာ ပရိတ်သတ်နဲ့ အနည်းငယ် အဆက်အသွယ်ပြန်ဖြစ်ခဲ့တာဖြစ်ပါတယ်။

လွင်မိုးက ၁၉ ၉ ၉ ခုနှစ်တွင် ရင်ထဲကဆောင်းရာသီ၊ ၂ဝဝ၁ ခုနှစ်က ပန်းတစ်ပွင့်ဖန်ဆင်းခြင်း ဇာတ်ကားများနဲ့ ဇာတ်ဆောင် အကယ်ဒမီဆုများ ရရှိခဲ့သူ ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ ဇာတ်ကားအချို့မှာ လူကြီးပိုင်းက ဇာတ်ပို့အဖြစ် ပြန်လည်ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *