သတင္း

ဓာတ္ဆီကို ပိုက္နဲ႔စုပ္ရင္း မေတာ္တဆ မ်ိဳခ်မိတဲ့အခါ

(Zawgyi)
မေတာ္တဆ ဓာတ္ဆီ ဗိုက္ထဲဝင္တဲ့အခါ

– ဓာတ္ဆီကို ပိုက္နဲ႔စုပ္ရင္း မေတာ္တဆ မ်ိဳခ်မိတဲ့အခါ ဓာတ္ဆီက အစာေရမ်ိဳႁပြန္ကို ျဖတ္ၿပီး အစာအိမ္ကို ေရာက္သြားပါတယ္။ အစာအိမ္နဲ႔ အူကေန ဓာတ္ဆီကို စုပ္ယူတာ သိပ္နည္းပါတယ္။ ဒါေၾကာင့္ သူ႔ဘာသာပဲ ဝမ္းထဲကေန ျပန္ထြက္သြားမွာပါ။

– ဓာတ္ဆီက သိပ္အရသာေတာ့ မရွိပါဘူး။ ပါးလႊာႏူးညံ့တဲ့ ကိုယ္တြင္း အေျမႇးပါးေတြကိုေတာ့ ေကာင္းေကာင္း ေလာင္ကြၽမ္းေစပါတယ္။ ဒါေၾကာင့္ ဓာတ္ဆီ မေတာ္တဆ ဗိုက္ထဲ မ်ိဳမိရင္ ေရတစ္ခြက္ ေသာက္ခ်ပါ။ ျပင္းအားနည္းသြားေစဖို႔ ျဖစ္ပါတယ္။

– ဓာတ္ဆီ သီးသြားရင္ အသက္ရွဴၾကပ္တာ၊ ခက္တာေတြ ခ်က္ခ်င္းျဖစ္လာၿပီး ေဆး႐ုံျပသဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဓာတ္ဆီဟာ ႏူးညံ့တဲ့ အဆုတ္နဲ႔ ေလႁပြန္အေျမႇးပါးေလးေတြကို ဒဏ္ရာ ရသြားေစပါတယ္။

– ကေလးေတြ ဓာတ္ဆီ ေမာ့မိရင္ အတင္း ေထြးမထုတ္ခိုင္းပါနဲ႔။ အန္ေအာင္ မလုပ္ပါနဲ႔၊ ေလႁပြန္ထဲကို ေရာက္သြားမွာစိုးလို႔ပါ။ ေရေႏြးေႏြးေလး ႏွစ္ခြက္ေလာက္ တိုက္လိုက္ပါ။ ပလုတ္က်င္းခိုင္းပါ။ အာေခါင္အေျမႇးပါးေတြကို မေလာင္ကြၽမ္းေစဖို႔ပါ။ ေရေသာက္ျခင္းျဖင့္ မူလျပင္းအား သိသိသာသာ ေလ်ာ့နည္းသြားေစမွာပါ၊ အစာအိမ္နဲ႔ အူက ဓာတ္ဆီကို မစုပ္ယူတာမို႔ သူ႔အလိုလို ဝမ္းသြားရင္း ပါသြားတတ္ပါတယ္။

– နားထဲကို ဓာတ္ဆီဝင္ရင္ ေရေႏြးေႏြးနဲ႔ ေလာင္းခ် ျပန္ထုတ္ၾကည့္ပါ။ ျပႆနာက ဓာတ္ဆီဟာ ႏူးညံ့တဲ့နားစည္နဲ႔ တျခား နားတြင္းအစိတ္အပိုင္းေတြကို ေကာင္းေကာင္း ပ်က္စီးေစတာမို႔ ဆရာဝန္နဲ႔ ေသခ်ာျပသၿပီး ကိရိယာသုံးၿပီး နားတြင္းကို သန႔္စင္ေစသင့္ပါတယ္။

– အသားနဲ႔ ထိရင္ေတာ့ အသားေတြ ေျခာက္ေသြ႕တာ၊ ဓာတ္မတည့္တာေတြ ျဖစ္ေစပါတယ္။ အဖုအေသးေလးေတြပါ ျပင္လိုက္ေပါက္လာတတ္ၿပီး နီရဲတာ ယားယံတာေတြ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာေတြ ႀကဳံရမွာပါ၊ ဓာတ္ဆီ ထိေတြ႕ကိုင္တြယ္ၿပီးတိုင္း လက္ကို ဆပ္ျပာနဲ႔ေျပာင္ေအာင္ ေဆးေၾကာသင့္ပါတယ္။

– တခ်ိဳ႕ေတြက ရွိတယ္၊ ခိုက္မိရင္ ဒဏ္ရာရင္ ဓာတ္ဆီ ေလာင္းခ်လိုက္တာ။ သူတို႔အဆို ပိုးေသတယ္ အနာက်က္တယ္ေပါ့။ လုံးဝမလုပ္ရပါဘူး။ တစ္သွ်ဴးေတြ အသားေတြ ပိုမိုပ်က္စီးသြားၿပီး အနာက်က္ အလြန္ေႏွးသြားတတ္ပါတယ္။ အမာ႐ြတ္ႀကီးႀကီးလည္း က်န္တတ္ပါတယ္ေနာ္။

– ဓာတ္ဆီနံ႔စြဲတာ ျပသနာလား။ တခ်ိဳ႕လူေတြက ဓာတ္ဆီနံ႔ကို ႏွစ္သက္ၾကပါတယ္။ ႏွာေခါင္းေလးပိတ္ရင္ ဓာတ္ဆီေလးရွဴရမွ ဆိုတာမ်ိဳး။ လူတစ္ကိုယ္ စိတ္တစ္မ်ိဳးေပါ့။ ႐ိုး႐ိုးအနံ႔နဲ႔ ေက်နပ္ရင္ ျပႆနာ မတက္ေပမယ့္ ဓာတ္ဆီကို ခြက္ထဲထည့္ ရွဴၾကည့္ရင္း ႏွာေခါင္းထဲ တစ္စက္ေလာက္ပဲ ေရာက္ပါေစ။ အသက္ရွဴလမ္းေၾကာင္းကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ပါေၾကာင္း သတိခ်ပ္ၾကဖို႔ပါ။

– ဓာတ္ဆီ မ်က္လုံးထဲဝင္ရင္ ေရေႏြးေႏြးနဲ႔ ေဆးခ်ပါ၊ ေရေအး မသုံးရပါဘူး။ ေရမ်ားမ်ား ေလာင္းေဆးၿပီးတာနဲ႔ မ်က္စိဆရာဝန္နဲ႔ ခ်က္ခ်င္းျပသ ကုသမႈခံယူပါ။ ဘာမ်က္စဥ္းမွ မထည့္ပါနဲ႔။ အဝတ္သန႔္ေလးနဲ႔ ဖုံးအုပ္ကာ ေဆးခန္းျပသပါ။

– ေန႔စဥ္ဓာတ္ဆီေငြ႕ေတြ စက္ကထြက္တဲ့ အခိုးအေငြ႕ေတြကို ရွဴသြင္းေနရသူေတြမွာ အဆုတ္နဲ႔ အသက္ရွဴလမ္းေၾကာင္းဆဲလ္မ်ား ေျပာင္းလဲမႈျဖစ္လာၿပီး အဆုတ္ကင္ဆာျဖစ္ေစပါတယ္လို႔ သုေတသနေတြ ထြက္ရွိထားပါတယ္။

ဓာတ္ဆီ ႏွစ္ငုံစာေလာက္ ဗိုက္ထဲဝင္တာ အဲေလာက္ အႏၲရာယ္ မရွိေပမယ့္ အလြန္အကြၽံ ေသာက္သုံးမိတဲ့အခါ …
အာေခါင္စပ္တာ၊ ရင္ပူတာ၊ ပ်ိဳ႕အန္တာ၊ ေခါင္းကိုက္တာ၊ မ်က္စိဝါးတာ၊ ဗိုက္နာတာ၊ သတိလစ္တာေတြထိ ျဖစ္ေစပါတယ္။

Credit – ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

(Unicode)
မတော်တဆ ဓာတ်ဆီ ဗိုက်ထဲဝင်တဲ့အခါ

-ဓာတ်ဆီကို ပိုက်နဲ့စုပ်ရင်း မတော်တဆ မျိုချမိတဲ့အခါ ဓာတ်ဆီက အစာရေမျိုပြွန်ကို ဖြတ်ပြီး အစာအိမ်ကို ရောက်သွားပါတယ်။ အစာအိမ်နဲ့ အူကနေ ဓာတ်ဆီကို စုပ်ယူတာ သိပ်နည်းပါတယ်။ ဒါကြောင့် သူ့ဘာသာပဲ ဝမ်းထဲကနေ ပြန်ထွက်သွားမှာပါ။

-ဓာတ်ဆီက သိပ်အရသာတော့ မရှိပါဘူး။ ပါးလွှာနူးညံ့တဲ့ ကိုယ်တွင်း အမြှေးပါးတွေကိုတော့ ကောင်းကောင်း လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ဓာတ်ဆီ မတော်တဆ ဗိုက်ထဲ မျိုမိရင် ရေတစ်ခွက် သောက်ချပါ။ ပြင်းအားနည်းသွားစေဖို့ ဖြစ်ပါတယ်။

– ဓာတ်ဆီ သီးသွားရင် အသက်ရှူကြပ်တာ၊ ခက်တာတွေ ချက်ချင်းဖြစ်လာပြီး ဆေးရုံပြသဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်ဆီဟာ နူးညံ့တဲ့ အဆုတ်နဲ့ လေပြွန်အမြှေးပါးလေးတွေကို ဒဏ်ရာ ရသွားစေပါတယ်။

– ကလေးတွေ ဓာတ်ဆီ မော့မိရင် အတင်း ထွေးမထုတ်ခိုင်းပါနဲ့။ အန်အောင် မလုပ်ပါနဲ့၊ လေပြွန်ထဲကို ရောက်သွားမှာစိုးလို့ပါ။ ရေနွေးနွေးလေး နှစ်ခွက်လောက် တိုက်လိုက်ပါ။ ပလုတ်ကျင်းခိုင်းပါ။ အာခေါင်အမြှေးပါးတွေကို မလောင်ကျွမ်းစေဖို့ပါ။ ရေသောက်ခြင်းဖြင့် မူလပြင်းအား သိသိသာသာ လျော့နည်းသွားစေမှာပါ၊ အစာအိမ်နဲ့ အူက ဓာတ်ဆီကို မစုပ်ယူတာမို့ သူ့အလိုလို ဝမ်းသွားရင်း ပါသွားတတ်ပါတယ်။

– နားထဲကို ဓာတ်ဆီဝင်ရင် ရေနွေးနွေးနဲ့ လောင်းချ ပြန်ထုတ်ကြည့်ပါ။ ပြဿနာက ဓာတ်ဆီဟာ နူးညံ့တဲ့နားစည်နဲ့ တခြား နားတွင်းအစိတ်အပိုင်းတွေကို ကောင်းကောင်း ပျက်စီးစေတာမို့ ဆရာဝန်နဲ့ သေချာပြသပြီး ကိရိယာသုံးပြီး နားတွင်းကို သန့်စင်စေသင့်ပါတယ်။

– အသားနဲ့ ထိရင်တော့ အသားတွေ ခြောက်သွေ့တာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေပါတယ်။ အဖုအသေးလေးတွေပါ ပြင်လိုက်ပေါက်လာတတ်ပြီး နီရဲတာ ယားယံတာတွေ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ ကြုံရမှာပါ၊ ဓာတ်ဆီ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ပြောင်အောင် ဆေးကြောသင့်ပါတယ်။

– တချို့တွေက ရှိတယ်၊ ခိုက်မိရင် ဒဏ်ရာရင် ဓာတ်ဆီ လောင်းချလိုက်တာ။ သူတို့အဆို ပိုးသေတယ် အနာကျက်တယ်ပေါ့။ လုံးဝမလုပ်ရပါဘူး။ တစ်သျှူးတွေ အသားတွေ ပိုမိုပျက်စီးသွားပြီး အနာကျက် အလွန်နှေးသွားတတ်ပါတယ်။ အမာရွတ်ကြီးကြီးလည်း ကျန်တတ်ပါတယ်နော်။

– ဓာတ်ဆီနံ့စွဲတာ ပြသနာလား။ တချို့လူတွေက ဓာတ်ဆီနံ့ကို နှစ်သက်ကြပါတယ်။ နှာခေါင်းလေးပိတ်ရင် ဓာတ်ဆီလေးရှူရမှ ဆိုတာမျိုး။ လူတစ်ကိုယ် စိတ်တစ်မျိုးပေါ့။ ရိုးရိုးအနံ့နဲ့ ကျေနပ်ရင် ပြဿနာ မတက်ပေမယ့် ဓာတ်ဆီကို ခွက်ထဲထည့် ရှူကြည့်ရင်း နှာခေါင်းထဲ တစ်စက်လောက်ပဲ ရောက်ပါစေ။ အသက်ရှူလမ်းကြောင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါကြောင်း သတိချပ်ကြဖို့ပါ။

– ဓာတ်ဆီ မျက်လုံးထဲဝင်ရင် ရေနွေးနွေးနဲ့ ဆေးချပါ၊ ရေအေး မသုံးရပါဘူး။ ရေများများ လောင်းဆေးပြီးတာနဲ့ မျက်စိဆရာဝန်နဲ့ ချက်ချင်းပြသ ကုသမှုခံယူပါ။ ဘာမျက်စဉ်းမှ မထည့်ပါနဲ့။ အဝတ်သန့်လေးနဲ့ ဖုံးအုပ်ကာ ဆေးခန်းပြသပါ။

– နေ့စဉ်ဓာတ်ဆီငွေ့တွေ စက်ကထွက်တဲ့ အခိုးအငွေ့တွေကို ရှူသွင်းနေရသူတွေမှာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆဲလ်များ ပြောင်းလဲမှုဖြစ်လာပြီး အဆုတ်ကင်ဆာဖြစ်စေပါတယ်လို့ သုတေသနတွေ ထွက်ရှိထားပါတယ်။

ဓာတ်ဆီ နှစ်ငုံစာလောက် ဗိုက်ထဲဝင်တာ အဲလောက် အန္တရာယ် မရှိပေမယ့် အလွန်အကျွံ သောက်သုံးမိတဲ့အခါ …
အာခေါင်စပ်တာ၊ ရင်ပူတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ မျက်စိဝါးတာ၊ ဗိုက်နာတာ၊ သတိလစ်တာတွေထိ ဖြစ်စေပါတယ်။

Credit – ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *