သတင္း

ပန္းသီးေစ့က အဆိပ္ျဖစ္ေစႏိုင္သလား?

[Zawgyi]
ပန္းသီးေစ့က အဆိပ္ျဖစ္ေစႏိုင္သလား?

တစ္ေန႔ကို ပန္းသီးတစ္လုံး စားေပးရင္ အသက္ရွည္က်န္းမာတယ္ဆိုတဲ့ စကားေလးကို ၾကားဖူးၾကလား။ ပန္းသီးက ခႏၶာကိုယ္အတြက္ တကယ္ကို ေကာင္းတဲ့အသီးလို႔ တင္စားၾကတာ ၾကားဖူးပါတယ္။ တကယ္လည္း ပန္းသီးကရႏိုင္တဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြက အမ်ားႀကီးပါ။ ဒါဆို ပန္းသီးတစ္လုံးလုံးက အသုံးဝင္တာလား။

ပန္းသီးကို ကမာၻ႔ေနရာအႏွံ႔အျပားမွာ စိုက္ပ်ိဳးေနၾကၿပီး ပန္းသီးက အာဟာရဓာတ္ႂကြယ္ဝသလို ခႏၶာကိုယ္ကို ေရာဂါပိုးမႊားေတြ အႏၲရာယ္ကေန ကာကြယ္ေပးပါတယ္။ ဒါေပမဲ့ ပန္းသီးအလယ္အူတိုင္ထဲက အေစ့မည္းမည္းေလးေတြကေတာ့ ခႏၶာကိုယ္ကို အဆိပ္အေတာက္ျဖစ္ေစပါသတဲ့။

ပန္းသီးအသားမွာ ေရာဂါေတြကို တိုက္ဖ်က္ေပးတဲ့ ဓာတ္တိုးဆန႔္က်င္အာနိသင္ေတြရွိေနေပမဲ့ ပန္းသီးေစ့မွာေတာ့ Amygdalin လို႔ေခၚတဲ့ ဓာတ္တစ္မ်ိဳးပါဝင္ၿပီး အစာေျခ စနစ္ထဲက အင္ဇိုင္းနဲ႔ ဓာတ္ျပဳ လိုက္တဲ့အခါ cyanide ထြက္လာၿပီး ခႏၶာကိုယ္ကို ထိခိုက္ေစပါတယ္။

ပန္းသီးစားရင္း တစ္ေစ့ ႏွစ္ေစ့ေလာက္ မေတာ္လို႔ဝါးမိတာက ျပႆနာမရွိေပမဲ့ အမ်ားႀကီး စားမိရင္ေတာ့ ခႏၶာကိုယ္မွာ အဆိပ္အေတာက္ ျဖစ္ေစႏိုင္ပါတယ္။ Cya-nide အဆိပ္က အသက္ေသဆုံး ေစႏိုင္တဲ့အထိ အႏၲရာယ္မ်ားပါတယ္။ ဆဲလ္ေတြဆီ ေအာက္ဆီဂ်င္ျဖန႔္ျဖဴးမႈကို ထိခိုက္ေစၿပီး ပမာဏမ်ားေလေလ ေသဆုံးႏိုင္ေျခမ်ားေလေလပါ။ သည္ဓာတ္ကို rose မ်ိဳးရင္းဝင္ အပင္ေတြျဖစ္ၾကတဲ့ တ႐ုတ္ဇီးသီး၊ အယ္လ္မါန္သီး၊ ပန္းသီး၊ မက္မြန္သီးနဲ႔ ခ်ယ္ရီသီးေတြမွာ ေတြ႕ရပါတယ္။ ပန္းသီးေစ့မွာ အေပၚက အမည္းေရာင္ရွိတဲ့ အခြံထူထူေလးက အတြင္းကအေစ့နဲ႔ အစာေျခရည္ မထိေတြ႕ႏိုင္ေအာင္ ကာကြယ္ေပးထားတာ ျဖစ္တာေၾကာင့္ မေတာ္တဆ မ်ိဳခ်မိ႐ုံေလာက္နဲ႔ေတာ့ ခႏၶာကိုယ္မွာ ထိခိုက္တာမ်ိဳး မျဖစ္ႏိုင္ပါဘူး။ တကယ္လို႔ ဝါးစားမိတာဆိုရင္ေတာ့ အႏၲရာယ္မ်ားတယ္လို႔ ေျပာပါရေစ။

Author: မေအးသီမြန္
[ref: boldsky]
Credit – Kumudra

[Unicode]
ပန်းသီးစေ့က အဆိပ်ဖြစ်စေနိုင်သလား?

တစ်နေ့ကို ပန်းသီးတစ်လုံး စားပေးရင် အသက်ရှည်ကျန်းမာတယ်ဆိုတဲ့ စကားလေးကို ကြားဖူးကြလား။ ပန်းသီးက ခန္ဓာကိုယ်အတွက် တကယ်ကို ကောင်းတဲ့အသီးလို့ တင်စားကြတာ ကြားဖူးပါတယ်။ တကယ်လည်း ပန်းသီးကရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများကြီးပါ။ ဒါဆို ပန်းသီးတစ်လုံးလုံးက အသုံးဝင်တာလား။

ပန်းသီးကို ကမ္ဘာ့နေရာအနှံ့အပြားမှာ စိုက်ပျိုးနေကြပြီး ပန်းသီးက အာဟာရဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ်ကို ရောဂါပိုးမွှားတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ပန်းသီးအလယ်အူတိုင်ထဲက အစေ့မည်းမည်းလေးတွေကတော့ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါသတဲ့။

ပန်းသီးအသားမှာ ရောဂါတွေကို တိုက်ဖျက်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိနေပေမဲ့ ပန်းသီးစေ့မှာတော့ Amygdalin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး အစာခြေစနစ်ထဲက အင်ဇိုင်းနဲ့ ဓာတ်ပြု လိုက်တဲ့အခါ cyanide ထွက်လာပြီး ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။

ပန်းသီးစားရင်း တစ်စေ့ နှစ်စေ့လောက် မတော်လို့ဝါးမိတာက ပြဿနာမရှိပေမဲ့ အများကြီး စားမိရင်တော့ ခန္ဓာကိုယ်မှာ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ Cya-nide အဆိပ်က အသက်သေဆုံး စေနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ ဆဲလ်တွေဆီ အောက်ဆီဂျင်ဖြန့်ဖြူးမှုကို ထိခိုက်စေပြီး ပမာဏများလေလေ သေဆုံးနိုင်ခြေများလေလေပါ။ သည်ဓာတ်ကို rose မျိုးရင်းဝင် အပင်တွေဖြစ်ကြတဲ့ တရုတ်ဇီးသီး၊ အယ်လ်မါန်သီး၊ ပန်းသီး၊ မက်မွန်သီးနဲ့ ချယ်ရီသီးတွေမှာ တွေ့ရပါတယ်။ ပန်းသီးစေ့မှာ အပေါ်က အမည်းရောင်ရှိတဲ့ အခွံထူထူလေးက အတွင်းကအစေ့နဲ့ အစာခြေရည် မထိတွေ့နိုင်အောင် ကာကွယ်ပေးထားတာ ဖြစ်တာကြောင့် မတော်တဆ မျိုချမိရုံလောက်နဲ့တော့ ခန္ဓာကိုယ်မှာ ထိခိုက်တာမျိုး မဖြစ်နိုင်ပါဘူး။ တကယ်လို့ ဝါးစားမိတာဆိုရင်တော့ အန္တရာယ်များတယ်လို့ ပြောပါရစေ။

Author: မအေးသီမွန်
[ref: boldsky]
Credit – Kumudra

Leave a Reply

Your email address will not be published. Required fields are marked *