ဗဟုတုသ

အဆိပ္ရွိေႁမြႏွင့္ အဆိပ္မရွိေႁမြခြဲျခားနည္း

(Zawgyi)

အဆိပ္ရွိေႁမြႏွင့္ အဆိပ္မရွိေႁမြခြဲျခားနည္း။

အဆိပ္ရွိတဲ့ေႁမြနဲ႔ အဆိပ္မရွိတဲ့ေႁမြေတြကို မ်က္ျမင္နဲ႔ အၾကမ္းအားျဖင့္ အလြယ္တကူ ခြဲျခားႏိုင္ပါတယ္။

-အဆိပ္ရွိတဲ့ေႁမြရဲ႕ ဦးေခါင္းဟာ ႀတိဂံပုံစံ( Triangular shaped head) ျဖစ္ၿပီး အဆိပ္မရွိရင္ အဝိုင္းပုံ(Rounded head) ျဖစ္ပါတယ္။

-ေနာက္ၿပီး အဆိပ္ရွိတဲ့ေႁမြရဲ႕ မ်က္လုံးသူငယ္အိမ္ဟာ ေဒါင္လိုက္ေထာင္ထားတဲ့လြန္းပုံစံ / ဘဲဥပုံစံ (Elliptical pupil) ျဖစ္ၿပီး အဆိပ္မရွိရင္ အဝိုင္းပုံသူငယ္အိမ္ (Round pupil) ျဖစ္ပါတယ္။

– အဆိပ္ရွိတဲ့ေႁမြရဲ႕ နားေခါင္းေပါက္အေနာက္ဘက္နားေလးမွာ အပူအာ႐ုံခံတြင္း (Heat-sensing pit) ရွိၿပီး အဆိပ္မရွိတဲ့ေႁမြမွာ အဲ့ဒီအေပါက္မပါပါဘူး။

– အဆိပ္ရွိတဲ့ေႁမြမွာ အဆိပ္က်ိတ္၊ အဆိပ္ႁပြန္နဲ႔ဆက္ထားတဲ့ အစြယ္ (Fangs) ပါၿပီး အဆိပ္မရွိတဲ့ေႁမြမွာ အစြယ္မပါပါဘူး။ အဆိပ္ရွိတဲ့ေႁမြဟာ ေႁမြစြယ္ကို အတြင္းမွာ ေခါက္သြင္းထားတာျဖစ္ၿပီး ေပါက္မယ္ဆိုမွ အျပင္ကို ထုတ္တာျဖစ္ပါတယ္။

– အဆိပ္ရွိတဲ့ေႁမြရဲ႕ အၿမီးပိုင္းဝမ္းဘက္ကို လွန္ၾကည့္ရင္ စအိုေၾကးခြံ (Anal plate) ရဲ႕ေအာက္မွာရွိတဲ့ အေၾကးခြံ (Subcaudal plate) ေတြဟာ တစ္တန္းထဲရွိေနၿပီး အဆိပ္မရွိတဲ့ေႁမြမွာေတာ့ ႏွစ္တန္းခြဲသြားတာကို ေတြ႕ႏိုင္ပါတယ္။

– ေနာက္ၿပီး အဆိပ္ရွိတဲ့ ခေလာက္ေႁမြေတြရဲ႕အၿမီးမွာ ခေလာက္ပုံစံအေၾကးခြံမာေလးေတြ အထပ္ထပ္ရွိတာကို ေတြ႕ႏိုင္ၿပီး အဆိပ္မရွိတဲ့ေႁမြမွာ အဲ့လိုခေလာက္ေလးေတြ မပါရွိပါဘူး။

ဒီေလာက္ဆိုရင္ အဆိပ္ရွိတဲ့ေႁမြနဲ႔ အဆိပ္မရွိတဲ့ေႁမြကို ခြဲျခားႏိုင္ေလာက္ပါၿပီ။ ေႁမြကိုက္ဒဏ္ရာကို ၾကည့္မယ္ဆိုရင္လည္း အဆိပ္ရွိတဲ့ေႁမြ အေပါက္ခံရတာဆိုရင္ အစြယ္ရာ (Fangs Mark)ေတြ႕ႏိုင္ၿပီး အဆိပ္မရွိတဲ့ေႁမြ အကိုက္ခံရရင္ေတာ့ သြားရာေသးေသးေလးေတြကိုပဲ ေတြ႕ရမွာျဖစ္ပါတယ္။

Credit : Dr.Nay Linn Aung (Pyaw Bwe)

[Unicode]

အဆိပ်ရှိမြွေနှင့် အဆိပ်မရှိမြွေခွဲခြားနည်း ´အများသိအောင်Shareပေးပါ

အဆိပ်ရှိမြွေနှင့် အဆိပ်မရှိမြွေခွဲခြားနည်း။ အဆိပ်ရှိတဲ့မြွေနဲ့ အဆိပ်မရှိတဲ့မြွေတွေကို မျက်မြင်နဲ့ အကြမ်းအားဖြင့် အလွယ်တကူ ခွဲခြားနိုင်ပါတယ်။

-အဆိပ်ရှိတဲ့မြွေရဲ့ ဦးခေါင်းဟာ တြိဂံပုံစံ( Triangular shaped head) ဖြစ်ပြီး အဆိပ်မရှိရင် အဝိုင်းပုံ(Rounded head) ဖြစ်ပါတယ်။

-နောက်ပြီး အဆိပ်ရှိတဲ့မြွေရဲ့ မျက်လုံးသူငယ်အိမ်ဟာ ဒေါင်လိုက်ထောင်ထားတဲ့လွန်းပုံစံ / ဘဲဥပုံစံ (Elliptical pupil) ဖြစ်ပြီး အဆိပ်မရှိရင် အဝိုင်းပုံသူငယ်အိမ် (Round pupil) ဖြစ်ပါတယ်။

– အဆိပ်ရှိတဲ့မြွေရဲ့ နားခေါင်းပေါက်အနောက်ဘက်နားလေးမှာ အပူအာရုံခံတွင်း (Heat-sensing pit) ရှိပြီး အဆိပ်မရှိတဲ့မြွေမှာ အဲ့ဒီအပေါက်မပါပါဘူး။

– အဆိပ်ရှိတဲ့မြွေမှာ အဆိပ်ကျိတ်၊ အဆိပ်ပြွန်နဲ့ဆက်ထားတဲ့ အစွယ် (Fangs) ပါပြီး အဆိပ်မရှိတဲ့မြွေမှာ အစွယ်မပါပါဘူး။ အဆိပ်ရှိတဲ့မြွေဟာ မြွေစွယ်ကို အတွင်းမှာ ခေါက်သွင်းထားတာဖြစ်ပြီး ပေါက်မယ်ဆိုမှ အပြင်ကို ထုတ်တာဖြစ်ပါတယ်။

– အဆိပ်ရှိတဲ့မြွေရဲ့ အမြီးပိုင်းဝမ်းဘက်ကို လှန်ကြည့်ရင် စအိုကြေးခွံ (Anal plate) ရဲ့အောက်မှာရှိတဲ့ အကြေးခွံ (Subcaudal plate) တွေဟာ တစ်တန်းထဲရှိနေပြီး အဆိပ်မရှိတဲ့မြွေမှာတော့ နှစ်တန်းခွဲသွားတာကို တွေ့နိုင်ပါတယ်။

– နောက်ပြီး အဆိပ်ရှိတဲ့ ခလောက်မြွေတွေရဲ့အမြီးမှာ ခလောက်ပုံစံအကြေးခွံမာလေးတွေ အထပ်ထပ်ရှိတာကို တွေ့နိုင်ပြီး အဆိပ်မရှိတဲ့မြွေမှာ အဲ့လိုခလောက်လေးတွေ မပါရှိပါဘူး။

ဒီလောက်ဆိုရင် အဆိပ်ရှိတဲ့မြွေနဲ့ အဆိပ်မရှိတဲ့မြွေကို ခွဲခြားနိုင်လောက်ပါပြီ။ မြွေကိုက်ဒဏ်ရာကို ကြည့်မယ်ဆိုရင်လည်း အဆိပ်ရှိတဲ့မြွေ အပေါက်ခံရတာဆိုရင် အစွယ်ရာ (Fangs Mark)တွေ့နိုင်ပြီး အဆိပ်မရှိတဲ့မြွေ အကိုက်ခံရရင်တော့ သွားရာသေးသေးလေးတွေကိုပဲ တွေ့ရမှာဖြစ်ပါတယ်။

Credit : Dr.Nay Linn Aung (Pyaw Bwe)

Leave a Reply

Your email address will not be published. Required fields are marked *