သတင္း

ကွမ်းကြိုက် ကွမ်းစားပြီး ဆေးမွှေးတွေနဲ့ စားတဲ့ ညီအကိုတွေအတွက် သတိပြု ဂရုစိုက်စေချင်လို့ ပြန်လည် ဖော်ပြရပါတယ်။

(Unicode)
ဗဟုသုတလို့ပဲ မှတ်ပေါ့ ဗျာတို့ရယ်

အထူးသဖြင့် ကျွန်တော့်လို ကွမ်းကြိုက် ကွမ်းစားပြီး ဆေးမွှေးတွေနဲ့ စားတဲ့ ညီအကိုတွေအတွက်ပါ။ ကျတော် ဆေးရုံတက်တုန်းက ကျွန်တော့်ကုတင်ရဲ့ ၂ကုတင်ကျော်က ကိုမျိုးလွင် ဆိုတဲ့ လူနာနဲ့ ခင်သွားတဲ့အခါ သူက ကွမ်းယာဆိုင်တွေ ဖွင့်ထားတယ်ဆိုတာ သိရပါတယ်။ ဆိုင်ခွဲတွေ ဘာတွေ ဖွင့်ထားတယ်ဆိုတော့ Pro ပေါ့ဗျာ။

သူပြောပြတာက

ကိုမျိုးလွင်—‘ ဆရာလေး ဆေးမွေး တွေနဲ့ မစားပါနဲ့လား။ ဆေးမွေးတွေက အကုန်နီးပါး အတုတွေဗျ။ သိမ်ကြီးဈေးမှာ ရိုးရိုးဆေးကြမ်းတွေ ဝယ်ပြီး 92 ဆို92 အနံ့ အဆီ၊ Signal ဆိုလည်း Signal အနံ့ အဆီ၊ ဘုရင်မဆိုလည်း ဘုရင်မ အနံ့ အဆီ ဗူးတွေ ပုလင်းတွေရှိတယ်။ အဲ့ အနံ့အဆီတွေနဲ့ ဆေးကြမ်းတွေကို ဖြူးပြီး နယ်တယ်။ ပြီးရင် ပရုတ်လုံးတွေကြိတ်ပြီး ထပ်ဖြူးပြီး နယ်တယ်။ အနံ့လည်းရပြီ ပရုတ်လုံးက ပူတော့ တကယ့်ဆေး လိုပဲပေါ့။ ပြီးရင် ဆေးဗူးရိုက်တဲ့ စက်ထဲ ထည့်ရိုက်တယ်။ အရင်က ဆေးဗူးရိုက်စက် တစ်လုံးကို သိန်း၃၀ ကျော်တယ်။ ခု ၁၅သိန်းပဲ ရှိတော့တယ်။ အရင်က 92 ဆေး။ Signalဆေးထဲမှာ ငွေဖတ်လေးတွေ ပါတာမှတ်မိလား။ အဲ့ ငွေဖက်လေးတွေက နှလုံးကို ထိန်းပေးတာလေ။ တချို့က ဗူးထဲက ကွာကျတယ်ထင်ပြီး ဖယ်စားကြတယ်။ အဲ့တာ ဆေးအစစ်ဗူးတွေလေ။ ခုဗူးတွေထဲ ပါမှမပါတော့တာ။ ဆရာ သတိထားမိမှာပေါ့။

ဗမာဆေး၊ ထုံးဖြူ၊ ကွမ်းသီးပဲ ကောင်းပါတယ်။ ဒါပေမယ့် ဗမာဆေးတောင် အတုထွက်နေပြီဗျ။ ကျွန်တော့်ကို တချို့က ဆေးဗူးအတု ရိုက်ထုတ်ဖို့အကြံပေးတယ်။ ကျွန်တော်တော့ မလုပ်ရက်ပါဘူးဗျာ။ ဖြစ်နိုင်ရင် ရသလောက် သတိပေးလိုက်ပါဗျာ။” တဲ့. . အမလေး ကြောက်စရာကြီးပါလား။

ပြီးတော့ ကျတော့်ကို မေးသေးတယ်။

ကိုမျိုးလွင် —- ” ပရုတ်လုံးတွေ စားနေမိတာဆိုတော့ ဘာတွေဖြစ်တတ်လဲ ဆရာ။ ကျတော်တော့ ဆရာလေးလောက် မသိလို့ဗျ” တဲ့

ကျွန်တော် —-” ဟ . . ပရုတ်လုံးတွေ ဗိုက်ထဲရောက်မှတော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း အနှေးနဲ့ အမြန် ပျက်ပြီပေါ့ ကိုမျိုးလွင်ရယ်။ ပန်းမသေခင် လူအရင်သေမှာပေါ့ ” လို့ပြောလိုက်တော့

ကိုမျိုးလွင်—-” အဲ့တာဆို ဆရာလေး ဆေးမွှေးတွေ မစားနဲ့တော့” လို့သတိပေးပါတယ်။

ဒါ ကိုမျိုးလွင် ပြောပြခဲ့တဲ့ တကယ့်သူ့အတွေ့အကြုံပါ။ သူ့ကိုလည်းကျေးဇူးတင်ပါတယ်။ အလိုကြီး လောဘ တဘို့ထဲ ကောင်တွေရဲ့ မိုက်ရိုင်းမှုတွေကို ညီအကိုတို့လည်း သတိပြု ဂရုစိုက်စေချင်လို့ ပြန်လည် ဖော်ပြရပါတယ်ခင်ဗျ။

မှတ်ချက်- (ခုရိုက်တင်ထားတဲ့ ဆေးဗူးတွေကတော့ နမူနာ ပြတာပါ။)

စာကြွင်း – နောက်တခုက ကျွန်တော့် ဇာတိမြို့နားက လုပ်တဲ့အကြောင်းပါ။ ကွမ်းရွတ်တွေ မနွမ်းအောင် TB ဆေးတွေ ကြိတ်ပြီး ရေဖျော်ဖြန်းတာတဲ့ဗျ။ နောင်များ အခါအခွင့်သင့်ရင် ရေးပါအုန်းမယ်။

Credit – ဖေကမ္ဘာငြိမ်းချမ်း

(Zawgyi)
ဗဟုသုတလို႔ပဲ မွတ္ေပါ့ ဗ်ာတို႔ရယ္

အထူးသျဖင့္ ကြၽန္ေတာ့္လို ကြမ္းႀကိဳက္ ကြမ္းစားၿပီး ေဆးေမႊးေတြနဲ႔ စားတဲ့ ညီအကိုေတြအတြက္ပါ။ က်ေတာ္ ေဆး႐ုံတက္တုန္းက ကြ်န္ေတာ့္ကုတင္ရဲ႕ ၂ကုတင္ေက်ာ္က ကိုမ်ိဳးလြင္ ဆိုတဲ့ လူနာနဲ႔ ခင္သြားတဲ့အခါ သူက ကြမ္းယာဆိုင္ေတြ ဖြင့္ထားတယ္ဆိုတာ သိရပါတယ္။ ဆိုင္ခြဲေတြ ဘာေတြ ဖြင့္ထားတယ္ဆိုေတာ့ Pro ေပါ့ဗ်ာ။

သူေျပာျပတာက

ကိုမ်ိဳးလြင္—‘ ဆရာေလး ေဆးေမြး ေတြနဲ႔ မစားပါနဲ႔လား။ ေဆးေမြးေတြက အကုန္နီးပါး အတုေတြဗ်။ သိမ္ႀကီးေဈးမွာ ႐ိုး႐ိုးေဆးၾကမ္းေတြ ဝယ္ၿပီး 92 ဆို92 အနံ႔ အဆီ၊ Signal ဆိုလည္း Signal အနံ႔ အဆီ၊ ဘုရင္မဆိုလည္း ဘုရင္မ အနံ႔ အဆီ ဗူးေတြ ပုလင္းေတြရွိတယ္။ အဲ့ အနံ႔အဆီေတြနဲ႔ ေဆးၾကမ္းေတြကို ျဖဴးၿပီး နယ္တယ္။ ၿပီးရင္ ပ႐ုတ္လုံးေတြႀကိတ္ၿပီး ထပ္ျဖဴးၿပီး နယ္တယ္။ အနံ႔လည္းရၿပီ ပ႐ုတ္လုံးက ပူေတာ့ တကယ့္ေဆး လိုပဲေပါ့။ ၿပီးရင္ ေဆးဗူး႐ိုက္တဲ့ စက္ထဲ ထည့္႐ိုက္တယ္။ အရင္က ေဆးဗူး႐ိုက္စက္ တစ္လုံးကို သိန္း၃၀ ေက်ာ္တယ္။ ခု ၁၅သိန္းပဲ ရွိေတာ့တယ္။ အရင္က 92 ေဆး။ Signalေဆးထဲမွာ ေငြဖတ္ေလးေတြ ပါတာမွတ္မိလား။ အဲ့ ေငြဖက္ေလးေတြက ႏွလုံးကို ထိန္းေပးတာေလ။ တခ်ိဳ႕က ဗူးထဲက ကြာက်တယ္ထင္ၿပီး ဖယ္စားၾကတယ္။ အဲ့တာ ေဆးအစစ္ဗူးေတြေလ။ ခုဗူးေတြထဲ ပါမွမပါေတာ့တာ။ ဆရာ သတိထားမိမွာေပါ့။

ဗမာေဆး၊ ထုံးျဖဴ၊ ကြမ္းသီးပဲ ေကာင္းပါတယ္။ ဒါေပမယ့္ ဗမာေဆးေတာင္ အတုထြက္ေနၿပီဗ်။ ကြ်န္ေတာ့္ကို တခ်ိဳ႕က ေဆးဗူးအတု ႐ိုက္ထုတ္ဖို ႔အႀကံေပးတယ္။ ကြ်န္ေတာ္ေတာ့ မလုပ္ရက္ပါဘူးဗ်ာ။ ျဖစ္ႏိုင္ရင္ ရသေလာက္ သတိေပးလိုက္ပါဗ်ာ။” တဲ့. . အမေလး ေၾကာက္စရာႀကီးပါလား။

ၿပီးေတာ့ က်ေတာ့္ကို ေမးေသးတယ္။

ကိုမ်ိဳးလြင္ —- ” ပ႐ုတ္လုံးေတြ စားေနမိတာဆိုေတာ့ ဘာေတြျဖစ္တတ္လဲ ဆရာ။ က်ေတာ္ေတာ့ ဆရာေလးေလာက္ မသိလို႔ဗ်” တဲ့

ကြ်န္ေတာ္ —-” ဟ . . ပ႐ုတ္လုံးေတြ ဗိုက္ထဲေရာက္မွေတာ့ ေက်ာက္ကပ္နဲ႔ ဆီးလမ္းေၾကာင္း အေႏွးနဲ႔ အျမန္ ပ်က္ၿပီေပါ့ ကိုမ်ိဳးလြင္ရယ္။ ပန္းမေသခင္ လူအရင္ေသမွာေပါ့ ” လို႔ေျပာလိုက္ေတာ့

ကိုမ်ိဳးလြင္—-” အဲ့တာဆို ဆရာေလး ေဆးေမႊးေတြ မစားနဲ႔ေတာ့” လို႔သတိေပးပါတယ္။

ဒါ ကိုမ်ိဳးလြင္ ေျပာျပခဲ့တဲ့ တကယ့္သူ႔အေတြ႕အႀကဳံပါ။ သူ႔ကိုလည္းေက်းဇူးတင္ပါတယ္။ အလိုႀကီး ေလာဘ တဘို႔ထဲ ေကာင္ေတြရဲ႕ မိုက္႐ိုင္းမႈေတြကို ညီအကိုတို႔လည္း သတိျပဳ ဂ႐ုစိုက္ေစခ်င္လို႔ ျပန္လည္ ေဖာ္ျပရပါတယ္ခင္ဗ်။

မွတ္ခ်က္- (ခု႐ိုက္တင္ထားတဲ့ ေဆးဗူးေတြကေတာ့ နမူနာ ျပတာပါ။)

စာၾကြင္း – ေနာက္တခုက ကြ်န္ေတာ့္ ဇာတိၿမိဳ႕နားက လုပ္တဲ့အေၾကာင္းပါ။ ကြမ္း႐ြတ္ေတြ မႏြမ္းေအာင္ TB ေဆးေတြ ႀကိတ္ၿပီး ေရေဖ်ာ္ျဖန္းတာတဲ့ဗ်။ ေနာင္မ်ား အခါအခြင့္သင့္ရင္ ေရးပါအုန္းမယ္။

Credit – ေဖကမာၻၿငိမ္းခ်မ္း

Leave a Reply

Your email address will not be published. Required fields are marked *