သတင္း

ဧရာဝတီျမစ္လို႔ ဘာ့ၾကာင့္ေခၚသလဲ..?

(Zawgyi)
ဧရာဝတီျမစ္လို႔ ဘာ့ၾကာင့္ေခၚသလဲ..?

လူငယ္မ်ား ကိုယ့္ႏိုင္ငံရဲ႕ ေရ၊ ေျမ သမိုင္းေၾကာင္းနဲ႔ အမည္နာမေတြ ျဖစ္ေပၚလာပံုကို သိရွိရန္ ရည္ရြယ္ေရးသားပါတယ္။ ရာဇဝင္ သမိုင္းကိုသိမွ အနာဂတ္ကို ရႈၾကည့္ႏိုင္မွာပါ။ က်ေနာ့္ရဲ႕ ဆရာႀကီးမ်ားရဲ႕ ေျပာစကားမ်ားနဲ႔ က်ေနာ့္ရွာေဖြေတြ႕ရွိခ်က္ကို စုစည္းကိုးကားၿပီး ေရးသားလိုက္ပါတယ္။

ဧရာဝတီလို႔ ဘာျဖစ္လို႔ေခၚသလဲ..?

တခ်ိဳ႕က ႀကီးမားၿပီး လွပလို႔ လို႔ ထင္ၾကပါလိမ့္မယ္။ တကယ္ေတာ့ ဧရာဝတီဆိုတဲ့ စကားဟာ သသၤက႐ိုက္ ဘာသစကားမွ ဆင္းသက္လာၿပီး ဆင္ ျမစ္ လို႔ အဓိပၸါယ္ရပါတယ္။ (Credit: U Win Thein, U Tin Maung Maung: ဧရာနဒီ သိပါသည္ ေဆာင္းပါး။)

မည္သည့္ဆင္ကို ကိုယ္စားျပဳသလဲလို႔ လိုက္ရွာၾကည့္တဲ့အခါ ဟိႏၵဴက်န္းလာ အျဒၤာနတ္မင္း (Hindu god of Indra) စီးနင္းခဲ့တဲ့ ဦးေခါင္း ၃၃ လံုးပါတဲ့ ဧရာဝဏ္ ဆင္ျဖဴကို ကိုယ္စားျပဳေၾကာင္း သြားေတြ႕ပါတယ္။ ဗုဒၶဘာသာ အယူမွာေတာ့ သိၾကားမင္းစီးတဲ့ နတ္ဆင္လို႔ ေရးသားေခၚ ဆိုၾကတာကို ေတြ႕ရပါတယ္။ ျမတ္စြာဘုရား ေျခေတာ္ရာ နံပါတ္ ၇၆ ခုေျမာက္ လကၡဏာေတာ္ဟာ ဧရာဝဏၰဟတၱိရာဇာစက္ – ဧရာဝဏ္ ဆင္မင္းပံု ျဖစ္ပါတယ္။

ဧရာဝဏ (ပ) ဧရာဝဏ္ဆင္ဟာ သိၾကားမင္းစီးေသာ နတ္ဆင္(ျဖဴ) ျဖစ္ၿပီး..၊ ဧရာဝဏ-ကၡႏၶ-ဝရ-ဂတ တိ ဆိုတာကေတာ့.. ျမတ္ေသာ ဧရာဝဏ္ဆင္၏ ေက်ာကုန္းထက္၌ စီးေသာ ျမစ္လို႔ အဓိပၸါယ္ရပါတယ္။ ဧရာဝဏ္တိ ကေန “ဧရာဝတီ” ျဖစ္လာပါေတာ့တယ္..။

ကိုးကား။ ။ ဦးဟုတ္စိန္ (ပါဠိ-ျမန္မာ အဘိဓါန္)

အနာဂတ္ ပညာေရးအတြက္..

Credit – သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

စာႂကြင္း။ ။ ယခင္က အိႏၵိယႏုိင္ငံတြင္ ျမစ္ဖ်ားခံျပီး ပါကစၥတန္ႏုိင္ငံထဲသုိ႕ စီး၀င္တဲ့ ပါရူရွနီ (Parushani) ျမစ္ကို ဧရာ၀တီ (Iravati) ျမစ္လို႔ ေခၚခဲ့ၾကဖူးပါတယ္။ ယခုအခါ ထုိျမစ္၏ ပတ္၀န္းက်င္တြင္ ေနထုိင္ သူတုိ႕၏ ဘာသာတရား ကုိးကြယ္မွဳအရ “ရာ၀ီ” (Ravi)ဟု ေခၚၾကပါသည္။

မွတ္ခ်က္။ ။ သမိုင္းျဖစ္စဥ္ အမည္ေခၚေဝၚျခင္းအား အေထာက္အထားျဖင့္ ကိုးကားေရးသားျခင္းျဖစ္ပါသည္။ ထင္ရာေလွ်ာက္ေရးထားျခင္းမဟုတ္ပါ။

(Unicode)
ဧရာဝတီမြစ်လို့ ဘာ့ကြာင့်ခေါ်သလဲ..?

လူငယ်များ ကိုယ့်နိုင်ငံရဲ့ ရေ၊ မြေ သမိုင်းကြောင်းနဲ့ အမည်နာမတွေ ဖြစ်ပေါ်လာပုံကို သိရှိရန် ရည်ရွယ်ရေးသားပါတယ်။ ရာဇဝင် သမိုင်းကိုသိမှ အနာဂတ်ကို ရှုကြည့်နိုင်မှာပါ။ ကျနော့်ရဲ့ ဆရာကြီးများရဲ့ ပြောစကားများနဲ့ ကျနော့်ရှာဖွေတွေ့ရှိချက်ကို စုစည်းကိုးကားပြီး ရေးသားလိုက်ပါတယ်။

ဧရာဝတီလို့ ဘာဖြစ်လို့ခေါ်သလဲ..?

တချို့က ကြီးမားပြီး လှပလို့ လို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ ဧရာဝတီဆိုတဲ့ စကားဟာ သင်္သကရိုက် ဘာသစကားမှ ဆင်းသက်လာပြီး ဆင် မြစ် လို့ အဓိပ္ပါယ်ရပါတယ်။ (Credit: U Win Thein, U Tin Maung Maung: ဧရာနဒီ သိပါသည် ဆောင်းပါး။)

မည်သည့်ဆင်ကို ကိုယ်စားပြုသလဲလို့ လိုက်ရှာကြည့်တဲ့အခါ ဟိန္ဒူကျန်းလာ အြင်္ဒာနတ်မင်း (Hindu god of Indra) စီးနင်းခဲ့တဲ့ ဦးခေါင်း ၃၃ လုံးပါတဲ့ ဧရာဝဏ် ဆင်ဖြူကို ကိုယ်စားပြုကြောင်း သွားတွေ့ပါတယ်။ ဗုဒ္ဓဘာသာ အယူမှာတော့ သိကြားမင်းစီးတဲ့ နတ်ဆင်လို့ ရေးသားခေါ် ဆိုကြတာကို တွေ့ရပါတယ်။ မြတ်စွာဘုရား ခြေတော်ရာ နံပါတ် ၇၆ ခုမြောက် လက္ခဏာတော်ဟာ ဧရာဝဏ္ဏဟတ္တိရာဇာစက် – ဧရာဝဏ် ဆင်မင်းပုံ ဖြစ်ပါတယ်။

ဧရာဝဏ (ပ) ဧရာဝဏ်ဆင်ဟာ သိကြားမင်းစီးသော နတ်ဆင်(ဖြူ) ဖြစ်ပြီး..၊ ဧရာဝဏ-က္ခန္ဓ-ဝရ-ဂတ တိ ဆိုတာကတော့.. မြတ်သော ဧရာဝဏ်ဆင်၏ ကျောကုန်းထက်၌ စီးသော မြစ်လို့ အဓိပ္ပါယ်ရပါတယ်။ ဧရာဝဏ်တိ ကနေ “ဧရာဝတီ” ဖြစ်လာပါတော့တယ်..။

ကိုးကား။ ။ ဦးဟုတ်စိန် (ပါဠိ-မြန်မာ အဘိဓါန်)

အနာဂတ် ပညာရေးအတွက်..

Credit – သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

စာကြွင်း။ ။ ယခင်က အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင်တဲ့ ပါရူရှနီ (Parushani) မြစ်ကို ဧရာဝတီ (Iravati) မြစ်လို့ ခေါ်ခဲ့ကြဖူးပါတယ်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင် သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။

မှတ်ချက်။ ။ သမိုင်းဖြစ်စဉ် အမည်ခေါ်ဝေါ်ခြင်းအား အထောက်အထားဖြင့် ကိုးကားရေးသားခြင်းဖြစ်ပါသည်။ ထင်ရာလျှောက်ရေးထားခြင်းမဟုတ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *