သတင်း

Respect (​လေးစားမှု)

Respect (​လေးစားမှု)

တခါက ဘုရင်ကြီးတစ်ပါးဟာ သူရဲ့ မြေးတော်နဲ့အတူ လမ်းလျှောက်ထွက်လာခဲ့တယ်။

လမ်းမှာ သူတောင်းစားတစ်ဦးက ဘုရင်ကြီးကိုတွေ့တော့ ခါးညွှတ်အလေးပြုတယ်။

ဘုရင်ကြီးကလည်း ချက်ချင်းပြန် ခါးညွှတ်အလေးပြုတယ်။

ဘုရင်ကြီးညွှတ်တဲ့ခါးက သူတောင်းစားထက်တောင် ပိုနိမ့်နေသေးတာ​တွေ့ရလို့ မြေးဖြစ်သူက နားမလည်ဖြစ်ပြီးမေးတယ်။

“ဘိုးဘိုး.. သူက သူတောင်းစားတစ်ဦးပဲ..
ဘာလို့ ခါးကို ဒီလောက်ညွှတ်ပြီး ပြန်အလေးပြုရသလဲ”

“သူတောင်းစားတစ်ဦးက
ဘုရင်တစ်ပါး ထက်တောင် ပိုယဉ်ကျေးတာကို ငါလက်မခံနိုင်ဘူး”
—-

တခြားသူ သင့်ကိုလေးစားတာဟာ သင်တော်လို့ ထူးကဲလို့မဟုတ်ဘူး။

တခြားသူ သင့်ကိုလေးစားတာဟာ သူတို့တော်လို့ ထူးကဲလို့ဖြစ်တယ်။

ထက်မြက်ထူးချွန်သူတွေက လူတိုင်းကိုလေးစားတယ်။

ယဉ်ကျေးခြင်း၊ လေးစားခြင်းဆိုတာ
သင့်အဆင့်အတန်း၊ သင့်အသိဉာဏ်အနိမ့်အမြင့်ရဲ့
သင်္ကေတဖြစ်တယ်။

credit to ပြေခိုင်

Leave a Reply

Your email address will not be published. Required fields are marked *