ကျန်းမာရေးဗဟုသုတ

မွ်စ္စားျခင္းရဲ႕ ေကာင္းက်ဳိးနဲ႔ ဆုိးက်ဳိးမ်ား

[Zawgyi version]

မွ်စ္စားျခင္းရဲ႕ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးမ်ား

ျမန္မာႏိုင္ငံမွာ မွ်စ္စားလို႔ေသတဲ့သူဆိုတာ မၾကားဖူးသေလာက္ပါပဲ။ ျမန္မာႏိုင္ငံသားတိုင္း မွ်စ္ကို ႏွစ္ႏွစ္ကာကာစားၾကတာပါပဲ။ မွ်စ္စားျခင္းေၾကာင့္ က်န္းမာေရးကို အေထာက္အကူျဖစ္ေစသလို ဆိုးက်ိဳးေတြလည္း ရွိေနပါတယ္။

မွ်စ္ရဲ႕ေကာင္းက်ိဳးမ်ား

(၁) အစာေျခစနစ္ က်န္းမာျခင္း

မွ်စ္ဟာ အစာအိမ္ရဲ႕ အစာေခ်ဖ်က္တဲ့ လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစပါတယ္။ မွ်စ္ဟာ အစာအိမ္ေဝဒနာကို သက္သာေစၿပီး ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါကိုလည္း သက္သာေစပါတယ္။

(၂) နာတာရွည္ေရာဂါ ျဖစ္ႏိုင္ေျခ ေလ်ာ့က်ေစျခင္း

မွ်စ္မွာ ဖီေနာလစ္အက္စစ္ မ်ားစြာ ပါဝင္မႈေၾကာင့္ ေရာင္ရမ္းမႈ ေလ်ာ့က်ၿပီး အင္တီေအာက္ဆီးဒင့္ အစြမ္းရွိပါတယ္။ ဒါေၾကာင့္ ႏွလုံးေရာဂါ အပါအဝင္ နာတာရွည္ ေရာဂါေတြကို ေလ်ာ့က်ေစပါတယ္။ မွ်စ္မွာ ပါဝင္တဲ့ ပိုတက္စီယမ္ဟာလည္း ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

(၃) ပိုးသတ္အာနိသင္ ရွိျခင္း

မွ်စ္မွာ ဖိုင္ကိုကမ္မီကယ္ မ်ားစြာ ပါဝင္တာေၾကာင့္ ဖန္းဂက္စ္မႈိတား အာနိသင္၊ ဘက္တီးရီးယား ဆန႔္က်င္တဲ့ အာနိသင္နဲ႔ ကင္ဆာတား အာနိသင္တို႔ ရွိၾကပါတယ္။

(၄) ေသြးဖိအားကို ထိန္းသိမ္းေပးျခင္း

မွ်စ္မွာ ပိုတက္စီယမ္ ပါဝင္မႈ မ်ားတာေၾကာင့္ ေသြးတိုးကို က်ေစပါတယ္။ မွ်စ္တစ္ခြက္မွာ တစ္ေန႔တာ လိုအပ္တဲ့ ပိုတက္စီယမ္ ပမာဏရဲ႕ ငါးပုံတစ္ပုံ ပါဝင္ေနပါတယ္။

(၅) မေကာင္းေသာ အဆီကို က်ေစျခင္း

မွ်စ္ဟာ မေကာင္းတဲ့ ကိုလက္စထေရာအဆီ (LDL) ကို ေလ်ာ့က်ေစပါတယ္။ မွ်စ္မွာ ကယ္လိုရီ ပါဝင္မႈ ေလ်ာ့နည္းတာေၾကာင့္ အဝလြန္သူေတြနဲ႔ သင့္ေတာ္ပါတယ္။ ဒါ့အျပင္ အမွ်င္ဓာတ္ ပါဝင္မႈ မ်ားၿပီး မၾကာခဏ ဆာေလာင္မႈ ေလ်ာ့နည္းတာေၾကာင့္ ကိုယ္အေလးခ်ိန္ ထိန္းေနသူေတြအတြက္ သင့္ေတာ္ပါတယ္။ မွ်စ္ရည္ဟာ အူလမ္းေၾကာင္းရွိ သန္ေကာင္ေတြကို ေလ်ာ့က်ေစပါတယ္။

(၆) ဝမ္းမွန္မွန္သြားေစျခင္း

မွ်စ္မွာ အမွ်င္ဓာတ္မ်ားစြာ ပါဝင္တဲ့အတြက္ အူလႈပ္ရွားမႈကို ေကာင္းမြန္ေစၿပီး နာတာရွည္ ဝမ္းခ်ဳပ္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ မွ်စ္တစ္ခြက္ စားေပးရင္ တစ္ေန႔တာ လိုအပ္တဲ့ အမွ်င္ဓာတ္ ပမာဏကို ရရွိေစပါတယ္။

(၇) အမ်ိဳးသမီးမ်ားတြင္ ရာသီစက္ဝန္းမွန္ေစျခင္း

မွ်စ္ေတြဟာ ရာသီစက္ဝန္းကို လႈံ႕ေဆာ္ေပးၿပီး ရာသီမွန္မွန္လာေစပါတယ္။

(၈) သည္းေျခအိတ္ကို က်န္းမာေစျခင္း

႐ိုးရာေဆးနည္းအေနနဲ႔ မွ်စ္ကို သည္းေျခအိတ္ ေဝဒနာေတြ ေလ်ာ့က်ဖို႔ရာအတြက္ အိမ္သုံးေဆးတစ္လက္ အေနနဲ႔ အရင္က အသုံးျပဳခဲ့ၾကပါတယ္။

(၉) ဒဏ္ရာငယ္မ်ားကို သန႔္စင္ေစျခင္း

မွ်စ္ရည္ဟာ ဒဏ္ရာငယ္ေတြကို သန႔္စင္ေစတယ္လို႔ သိရပါတယ္။ သန႔္ရွင္းတဲ့ မွ်စ္ရည္ကို ဒဏ္ရာေပၚ လိမ္းေပးရင္ အနာအက်က္ျမန္ေစတယ္လို႔ တခ်ိဳ႕က ယုံၾကည္ၾကပါတယ္။

(၁ဝ) ေသြးထြက္ေနေသာ လိပ္ေခါင္းကို သက္သာေစျခင္း။

မွ်စ္စားျခင္းရဲ႕ဆိုးက်ိဳးမ်ား

မွ်စ္ကို လူအမ်ား အဆမတန္စားသုံးျခင္းေၾကာင့္ ဝါးမ်ိဳးမ်ားကို ျပဳန္းတီးေစၿပီး သဘာဝပတ္ဝန္းက်င္ကို မ်ားစြာထိခိုက္ပ်က္စီးေစပါတယ္။ ဝါးေတြဟာ ေလထုထဲမွာပါတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ ၇၀% ေက်ာ္ကိုစုပ္ယူၿပီး လူေတြအသက္ရွဴဖို႔ သန႔္စင္တဲ့ ေအာက္ဆီဂ်င္ကို ျပန္လည္ထုတ္လႊတ္ေပးတာေၾကာင့္ ဝါးပင္ေတြ ဝါးေတာေတြ ရွင္သန္ျဖစ္ထြန္းေနဖို႔ အေရးႀကီးပါတယ္။

မွ်စ္စားျခင္းျဖင့္ ခႏၶာကိုယ္ထဲက အဆီေတြကို ေလွ်ာ့ခ်ပစ္တာေၾကာင့္ အလြန္ပိန္လြန္းသူမ်ား မွ်စ္ကိုလုံး၀ မစားသုံးသင့္ပါ။

အထက္တြင္ေဖာ္ျပခဲ့သလို မွ်စ္စားျခင္းေၾကာင့္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားရွိသလို အလြန္အကြၽံစားသုံးရင္ေတာ့ ေျပာင္းျပန္အက်ိဳးသက္ေရာက္ေစပါတယ္။ ဥပမာ – ဝမ္းကို မွန္မွန္သြားေစတယ္လို႔ ေကာင္းက်ိဳးရွိေပမယ့္ အလြန္အကြၽံစားရင္ေတာ့ ဝမ္းသြားပါလိမ့္မယ္။

အေရးအႀကီးဆုံး အခ်က္လာပါၿပီ။ မွ်စ္အမ်ားစုဟာ စားတဲ့အခါမွာ တုံးကနဲ လဲေသေလာက္ေအာင္ အဆိပ္အေတာက္မရွိေပမယ့္ တရိရိေသေစႏိုင္တဲ့ Cyanogenic glycoside လို႔ေခၚတဲ့ Cyanide (ဆိုက္ယာႏိုက္) ျဒပ္ေတြပါဝင္ေနပါတယ္တဲ့။ အခ်ိဳ႕မွ်စ္ေတြမွာေတာ့ ဒီ Cyanide (ဆိုက္ယာႏိုက္) ျဒပ္ေပါင္းဟာ 300 mg HCN/100g fresh weight ပါဝင္ေနတာေၾကာင့္ ေတာ္ေတာ္ေလးကို အႏၲရာယ္ရွိတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ ေတြ႕တဲ့မွ်စ္တိုင္း အရမ္းမစားမိေစဖို႔ အေရးႀကီးပါတယ္။ အလြန္အကြၽံမစားမိဖို႔လည္း အေရးႀကီးပါတယ္။

Credit – Zin Min Latt

[Unicode version]

မျှစ်စားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

မြန်မာနိုင်ငံမှာ မျှစ်စားလို့သေတဲ့သူဆိုတာ မကြားဖူးသလောက်ပါပဲ။ မြန်မာနိုင်ငံသားတိုင်း မျှစ်ကို နှစ်နှစ်ကာကာစားကြတာပါပဲ။ မျှစ်စားခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။

မျှစ်ရဲ့ကောင်းကျိုးများ

(၁) အစာခြေစနစ် ကျန်းမာခြင်း

မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ်ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂက်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

(၄) သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုတက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

(၅) မကောင်းသော အဆီကို ကျစေခြင်း

မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရောအဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီ ပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှု များပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါတယ်။

(၆) ဝမ်းမှန်မှန်သွားစေခြင်း

မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေးရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏကို ရရှိစေပါတယ်။

(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်းမှန်စေခြင်း

မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန်လာစေပါတယ်။

(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း

ရိုးရာဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့ရာအတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသုံးပြုခဲ့ကြပါတယ်။

(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း

မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်ကို ဒဏ်ရာပေါ် လိမ်းပေးရင် အနာအကျက်မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။

(၁ဝ) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း။

မျှစ်စားခြင်းရဲ့ဆိုးကျိုးများ

မျှစ်ကို လူအများ အဆမတန်စားသုံးခြင်းကြောင့် ဝါးမျိုးများကို ပြုန်းတီးစေပြီး သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်ပျက်စီးစေပါတယ်။ ဝါးတွေဟာ လေထုထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၇၀% ကျော်ကိုစုပ်ယူပြီး လူတွေအသက်ရှူဖို့ သန့်စင်တဲ့ အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးတာကြောင့် ဝါးပင်တွေ ဝါးတောတွေ ရှင်သန်ဖြစ်ထွန်းနေဖို့ အရေးကြီးပါတယ်။

မျှစ်စားခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆီတွေကို လျှော့ချပစ်တာကြောင့် အလွန်ပိန်လွန်းသူများ မျှစ်ကိုလုံး၀ မစားသုံးသင့်ပါ။

အထက်တွင်ဖော်ပြခဲ့သလို မျှစ်စားခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများရှိသလို အလွန်အကျွံစားသုံးရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်စေပါတယ်။ ဥပမာ – ဝမ်းကို မှန်မှန်သွားစေတယ်လို့ ကောင်းကျိုးရှိပေမယ့် အလွန်အကျွံစားရင်တော့ ဝမ်းသွားပါလိမ့်မယ်။

အရေးအကြီးဆုံး အချက်လာပါပြီ။ မျှစ်အများစုဟာ စားတဲ့အခါမှာ တုံးကနဲ လဲသေလောက်အောင် အဆိပ်အတောက်မရှိပေမယ့် တရိရိသေစေနိုင်တဲ့ Cyanogenic glycoside လို့ခေါ်တဲ့ Cyanide (ဆိုက်ယာနိုက်) ဒြပ်တွေပါဝင်နေပါတယ်တဲ့။ အချို့မျှစ်တွေမှာတော့ ဒီ Cyanide (ဆိုက်ယာနိုက်) ဒြပ်ပေါင်းဟာ 300 mg HCN/100g fresh weight ပါဝင်နေတာကြောင့် တော်တော်လေးကို အန္တရာယ်ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် တွေ့တဲ့မျှစ်တိုင်း အရမ်းမစားမိစေဖို့ အရေးကြီးပါတယ်။ အလွန်အကျွံမစားမိဖို့လည်း အရေးကြီးပါတယ်။

Credit – Zin Min Latt

Leave a Reply

Your email address will not be published. Required fields are marked *