သတင္း

အိမ္အနီးနားက ေလျဖတ္လို႔ အေၾကာဆြဲေနသူ လမ္းမေလွ်ာက္ႏိုင္ ျဖစ္ေနသူမ်ားကို ေျပာေပးဖို႔

(Zawgyi)
လြန္ခဲ့တဲ့ ၉ ႏွစ္ေလာက္က နကၡတၱေရာင္ျခည္ မဂၢဇင္းစာအုပ္ကို လစဥ္ ထြက္တာနဲ႔ ဝယ္ၿပီးဖတ္တယ္။ အဲ့ဒီထဲမွာက ဗဟုသုတ မွတ္သားဖြယ္ရာေတြ အကိုးကားနဲ႔ ပါေလ့ရွိတယ္။ မွတ္ထားမိတာေလး ျပန္လည္မွ်ေဝတာပါ။ ကိုယ္တိုင္လည္း ေသာက္သုံးဖူးတယ္။

အရသာကေတာ့ ေတာ္ေတာ္ ခါးပါတယ္။ လိပ္စာ အတိက်ေတာ့ မမွတ္မိေတာ့ပါဘူး။ မုံ႐ြာနယ္က ေက်း႐ြာတစ္႐ြာက ေတာေက်ာင္း ဘုန္းေတာ္ႀကီးတစ္ပါးရဲ႕ ေဆးနည္ေလးပါ။ ျဖစ္စဥ္ကေတာ့ မုံ႐ြာ-မႏၲေလး ကားေမာင္းသမား တစ္ေယာက္ဟာ နိစၥဓူ၀ ကားေမာင္းရတဲ့ အျဖစ္ကေန ကိုယ္တစ္ျခမ္း ေသၿပီး ေလျဖတ္တယ္ဆိုပါေတာ့။ ေဆး႐ုံ၊ ေဆးခန္း ေပါင္းမ်ားစြာ ေဆးကုေပါ့၊ သို႔ေသာ္လည္း အေကာင္းတိုင္း ျပန္မျဖစ္ေတာ့ပါဘူး။

ဒီလိုနဲ႔ တစ္ေယာက္စကား တစ္ေယာက္နား ဆိုသလို ထိုဘုန္းေတာ္ႀကီးရွိတဲ့ ေတာေက်ာင္းကို ေမွ်ာ္လင့္ခ်က္မ်ားစြာနဲ႔ ေရာက္သြားခ်ိန္မွာေတာ့ ဆရာေတာ္ႀကီး ေပးတဲ့ ေဆးနည္းကို မယုံတဝက္ ယုံတဝက္နဲ႔ ေဖာ္စပ္ၿပီး ေဝဒနာရွင္ဟာ သုံးေဆာင္ပါသတဲ့။ ႏွစ္လေလာက္ ေသာက္ၿပီးခ်ိန္မွာ ထူးျခားစြာ လမ္းေလ်ာက္ႏိုင္ၿပီး ေရာဂါ ေပ်ာက္သြားပါသတဲ့။

ေဆးနည္းကေတာ့ ဒီလို အခ်ိဳးက် ေဖာ္စပ္ယုံပါဘဲ။

ဆင္တုံးမႏြယ္အစို လက္တဆစ္ျဖတ္ ငါးက်ပ္သား၊ ေရခ်က္ေအး ငေပ်ာဖူးပုလင္း ႏွစ္ပုလင္း (မႏၲေလးဘီယာပုလင္း ပုံစံမ်ိဳးကို ငေပ်ာဖူး ပုလင္းဟုေခၚသည္)၊ ထန္းလ်က္ ငါးက်ပ္သား၊ ဆားတစ္ဇြန္း၊ ေရွာက္ႏုသီးႏွစ္လုံး (ေရွာက္ဘီလူးသီး) ဟုလည္း ေခၚၾကသည္။ (ရွမ္းျပည္နယ္မွာ ေပါပါတယ္)

ထိုင္းႏိုင္ငံမွာ ထိုေရွာက္ဘီးလူူသီးမ်ား အိမ္တိုင္းနီးပါး ရွိၾကသည္။ ဟင္းလ်ာထဲမွာ ထည့္၍ ခ်က္ၾကသည္။ ထိုသုံးမ်ိဳးကို ဆတူ ေရာ၍ တစ္ပါတ္တိတိ အဖုံးလုံေသာ ဗူးျဖင့္ ပိတ္ကာ ထားၿပီး၊ တစ္ေန႔ကို ညမအိပ္ခင္ စတီးဇြန္း ၂ ဇြန္းစာထည့္။ ေန႕စဥ္ ေသာက္သုံးျခင္းျဖင့္ မ်က္စိမႈန္ျခင္း၊ အေၾကာတက္ျခင္း၊ ေျခလက္ေညာင္းညာျခင္း၊ မလန္းဆန္း၍စိတ္မအီမသာ ျဖစ္ျခင္း၊ အိပ္မေပ်ာ္၍ ထိုင္းမႈိင္းျခင္းတို႔ကို လက္ေတြ႕ ေပ်ာက္ကင္းပါတယ္ခင္ဗ်ား။

ေသြး၊ ေလ လည္ပတ္မွ်တမႈ ေကာင္းတာေၾကာင့္ သုံးေဆာင္ေနျခင္းျဖင့္ ဒီတသက္ ေလျဖတ္တဲ့ ေရာဂါ မျဖစ္ေၾကာင္း ထိုဆရာေတာ္ႀကီးက မိန္႕ပါသတဲ့။ ေဝဒနာရွင္ဟာ ၆လ ေလာက္စြဲၿပီး ေသာက္လိုက္ရာ အရင္တိုင္းပဲ အလုပ္ကို အေကာင္းပကတိအတိုင္း ျပန္လုပ္ႏိုင္ၿပီး မိသားစုႏွင့္ ေပ်ာ္႐ႊင္စြာ ဝင္ေငြမပ်က္ ရွာႏိုင္ပါသတဲ့။

Credit : U Aung Din AZM

(Unicode)
လွန်ခဲ့တဲ့ ၉ နှစ်လောက်က နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာအုပ်ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ်။ အဲ့ဒီထဲမှာက ဗဟုသုတ မှတ်သားဖွယ်ရာတွေ အကိုးကားနဲ့ ပါလေ့ရှိတယ်။ မှတ်ထားမိတာလေး ပြန်လည်မျှဝေတာပါ။ ကိုယ်တိုင်လည်း သောက်သုံးဖူးတယ်။

အရသာကတော့ တော်တော် ခါးပါတယ်။ လိပ်စာ အတိကျတော့ မမှတ်မိတော့ပါဘူး။ မုံရွာနယ်က ကျေးရွာတစ်ရွာက တောကျောင်း ဘုန်းတော်ကြီးတစ်ပါးရဲ့ ဆေးနည်လေးပါ။ ဖြစ်စဉ်ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တစ်ယောက်ဟာ နိစ္စဓူ၀ ကားမောင်းရတဲ့ အဖြစ်ကနေ ကိုယ်တစ်ခြမ်း သေပြီး လေဖြတ်တယ်ဆိုပါတော့။ ဆေးရုံ၊ ဆေးခန်း ပေါင်းများစွာ ဆေးကုပေါ့၊ သို့သော်လည်း အကောင်းတိုင်း ပြန်မဖြစ်တော့ပါဘူး။

ဒီလိုနဲ့ တစ်ယောက်စကား တစ်ယောက်နား ဆိုသလို ထိုဘုန်းတော်ကြီးရှိတဲ့ တောကျောင်းကို မျှော်လင့်ချက်များစွာနဲ့ ရောက်သွားချိန်မှာတော့ ဆရာတော်ကြီး ပေးတဲ့ ဆေးနည်းကို မယုံတဝက် ယုံတဝက်နဲ့ ဖော်စပ်ပြီး ဝေဒနာရှင်ဟာ သုံးဆောင်ပါသတဲ့။ နှစ်လလောက် သောက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက်နိုင်ပြီး ရောဂါ ပျောက်သွားပါသတဲ့။

ဆေးနည်းကတော့ ဒီလို အချိုးကျ ဖော်စပ်ယုံပါဘဲ။

ဆင်တုံးမနွယ်အစို လက်တဆစ်ဖြတ် ငါးကျပ်သား၊ ရေချက်အေး ငပျောဖူးပုလင်း နှစ်ပုလင်း (မန္တလေးဘီယာပုလင်း ပုံစံမျိုးကို ငပျောဖူး ပုလင်းဟုခေါ်သည်)၊ ထန်းလျက် ငါးကျပ်သား၊ ဆားတစ်ဇွန်း၊ ရှောက်နုသီးနှစ်လုံး (ရှောက်ဘီလူးသီး) ဟုလည်း ခေါ်ကြသည်။ (ရှမ်းပြည်နယ်မှာ ပေါပါတယ်)

ထိုင်းနိုင်ငံမှာ ထိုရှောက်ဘီးလူူသီးများ အိမ်တိုင်းနီးပါး ရှိကြသည်။ ဟင်းလျာထဲမှာ ထည့်၍ ချက်ကြသည်။ ထိုသုံးမျိုးကို ဆတူ ရော၍ တစ်ပါတ်တိတိ အဖုံးလုံသော ဗူးဖြင့် ပိတ်ကာ ထားပြီး၊ တစ်နေ့ကို ညမအိပ်ခင် စတီးဇွန်း ၂ ဇွန်းစာထည့်။ နေ့စဉ် သောက်သုံးခြင်းဖြင့် မျက်စိမှုန်ခြင်း၊ အကြောတက်ခြင်း၊ ခြေလက်ညောင်းညာခြင်း၊ မလန်းဆန်း၍စိတ်မအီမသာ ဖြစ်ခြင်း၊ အိပ်မပျော်၍ ထိုင်းမှိုင်းခြင်းတို့ကို လက်တွေ့ ပျောက်ကင်းပါတယ်ခင်ဗျား။

သွေး၊ လေ လည်ပတ်မျှတမှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတသက် လေဖြတ်တဲ့ ရောဂါ မဖြစ်ကြောင်း ထိုဆရာတော်ကြီးက မိန့်ပါသတဲ့။ ဝေဒနာရှင်ဟာ ၆လ လောက်စွဲပြီး သောက်လိုက်ရာ အရင်တိုင်းပဲ အလုပ်ကို အကောင်းပကတိအတိုင်း ပြန်လုပ်နိုင်ပြီး မိသားစုနှင့် ပျော်ရွှင်စွာ ဝင်ငွေမပျက် ရှာနိုင်ပါသတဲ့။

Credit : U Aung Din AZM

Leave a Reply

Your email address will not be published. Required fields are marked *