သတင္း

ေဘးထြက္ဆိုးက်ိဳး မရွိ ဆံပင္မ်ားျပန္နက္၊ ျပန္ေပါက္တဲ့ ဗမာေဆးနည္းစြမ္း

(Zawgyi)
ဆံပင္ေတြျပန္နက္ေစဖို႔

“ျဖစ္ႏိုင္ပါမလား ဖိုးေထာင္ရယ္” “ေျပာသလိုသာ လုပ္ၾကည့္စမ္းပါ” အခုေတာ့ သူယုံေလၿပီ။ ေဆးနည္းအတိုင္း လုပ္ေဆာင္ျခင္းျဖင့္ အက်ိဳးႀကီးမား ဆံပင္မ်ားျပန္နက္သြား၍ ေက်နပ္မိသည္က အမွန္ပင္ ေငြမကုန္။ ေဘးထြက္ဆိုးက်ိဳး မရွိတဲ့

ႀကိတ္မွန္ပင္ေဆးနည္း-

ျမန္မာတို႔ ႀကိတ္မွန္ဆိုပါလွ်င္ အထူးမိတ္ဆက္စရာ မလိုပါ သိေနၿပီးသားျဖစ္ပါ၏။ ႀကိတ္မွန္ပင္ အစြမ္းသည္က အံ့ၾသေလာက္ေအာင္ မ်ားျပားလွေပသည္။

ႀကိတ္မွန္ပင္ ပၪၥငါးပါးကို ေရစင္ေအာင္ေဆး၊ ၿပီးရင္ ထုေထာင္းေျခမြၿပီး စဥ့္အင္တုံေလးထဲ သတၱဳရည္ ရေအာင္ ညႇစ္ထည့္လိုက္။ ၿပီးရင္ေနပူထဲ တစ္ရက္ႏွစ္ရက္ေလာက္ ျပေပးထား။ ေနေၾကာင့္ ခမ္းေျခာက္ေအာင္ထိ မျပရဘူး။ ဒါဆို ရပါၿပီ။ ေန႔စဥ္ နံက္တစ္ႀကိမ္ ညတစ္ႀကိမ္ ေနစဥ့္ မွန္မွန္သာ လိမ္း။

ႀကိတ္မွန္ပၪၥ(၅)အား ထုေထာင္းပါက အမည္းေရာင္ စြဲတတ္ပါသည္။ ဆံပင္မေပါက္သူ ဆံပင္ျဖဴေနသူတို႔ လြယ္လင့္တကူ လုပ္ေဆာင္ႏိုင္ပါရန္ တင္ျပရပါသည္။

စာကိုး

နကၡတၱေရာင္ျခည္အတြဲအမွတ္(362)

ဆံပင္ေပါက္ ဆံပင္နက္ သိပ္မခက္မွ

Credit – ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)

(Unicode)
ဆံပင်တွေပြန်နက်စေဖို့

“ဖြစ်နိုင်ပါမလား ဖိုးထောင်ရယ်” “ပြောသလိုသာ လုပ်ကြည့်စမ်းပါ” အခုတော့ သူယုံလေပြီ။ ဆေးနည်းအတိုင်း လုပ်ဆောင်ခြင်းဖြင့် အကျိုးကြီးမား ဆံပင်များပြန်နက်သွား၍ ကျေနပ်မိသည်က အမှန်ပင် ငွေမကုန်။ ဘေးထွက်ဆိုးကျိုး မရှိတဲ့

ကြိတ်မှန်ပင်ဆေးနည်း-

မြန်မာတို့ ကြိတ်မှန်ဆိုပါလျှင် အထူးမိတ်ဆက်စရာ မလိုပါ သိနေပြီးသားဖြစ်ပါ၏။ ကြိတ်မှန်ပင် အစွမ်းသည်က အံ့သြလောက်အောင် များပြားလှပေသည်။

ကြိတ်မှန်ပင် ပဉ္စငါးပါးကို ရေစင်အောင်ဆေး၊ ပြီးရင် ထုထောင်းခြေမွပြီး စဉ့်အင်တုံလေးထဲ သတ္တုရည် ရအောင် ညှစ်ထည့်လိုက်။ ပြီးရင်နေပူထဲ တစ်ရက်နှစ်ရက်လောက် ပြပေးထား။ နေကြောင့် ခမ်းခြောက်အောင်ထိ မပြရဘူး။ ဒါဆို ရပါပြီ။ နေ့စဉ် နံက်တစ်ကြိမ် ညတစ်ကြိမ် နေစဉ့် မှန်မှန်သာ လိမ်း။

ကြိတ်မှန်ပဉ္စ(၅)အား ထုထောင်းပါက အမည်းရောင် စွဲတတ်ပါသည်။ ဆံပင်မပေါက်သူ ဆံပင်ဖြူနေသူတို့ လွယ်လင့်တကူ လုပ်ဆောင်နိုင်ပါရန် တင်ပြရပါသည်။

စာကိုး

နက္ခတ္တရောင်ခြည်အတွဲအမှတ်(362)

ဆံပင်ပေါက် ဆံပင်နက် သိပ်မခက်မှ

Credit – ရဲမျိုးသူ (ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *