ကိုယ္ခံအားကို ျမင့္တက္ေစတဲ့ နာမည္ေက်ာ္ ၾကက္သြန္နီ သံပုရာဆမ္း

ကိုယ္ခံအားကို ျမင့္တက္ေစတဲ့ နာမည္ေက်ာ္ ၾကက္သြန္နီ သံပုရာဆမ္း

(Zawgyi)

အလြန္႐ိုးရွင္းၿပီး လုပ္ရလြယ္ကူတဲ့ မီးဖိုေခ်ာင္ထဲက ေဆးနည္းတစ္မ်ိဳးကို မွ်ေဝေပးခ်င္ပါတယ္။ အဲဒါကေတာ့ ၾကက္သြန္နီ သံပုရာဆမ္း ျဖစ္ပါတယ္။

(၁) ၾကက္သြန္နီကို ဖင္ျဖတ္၊ ေခါင္းျဖတ္၊ အခြံခြါပါ။

(၂) ပုံထဲကအတိုင္း အကြင္းလိုက္ လွီးထားပါ။ ေရ မေဆးပါနဲ႔။

(၃) ၾကက္သြန္နီေပၚကို သံပုရာသီး ညႇစ္ထည့္ပါ။

(၄) ခ်ိဳတဲ့ အရသာေပၚလာပါမည္။ မြန္တဲ့ အနံ႔မ်ား ေပ်ာက္သြားမည္။

(၅) ၎ၾကက္သြန္နီ သံပုရာဆမ္းကို မၾကာခဏ စားေပးပါ။ ထမင္းႏွင့္ေသာ္၎၊ အျခားအစားအစာမ်ားႏွင့္ေသာ္၎ တြဲစားႏိုင္ပါသည္။

ဒီနည္းကေတာ့ ထမင္းစားခါနီး ၂ မိနစ္အတြင္း အလြယ္တကူ ျပဳလုပ္၍ စားသုံးႏိုင္တဲ့ အလြယ္နည္း ျဖစ္ပါတယ္။ ဒီထက္ပို အခ်ိန္ေပးၿပီး လုပ္ႏိုင္ပါက ၾကက္သြန္နီကို ပါးပါးလွီး၍ သံပုရာသီး ညႇစ္ထည့္၊ ဆား၊ င႐ုတ္သီးစိမ္းတို႔ကို အနည္းငယ္စီထည့္၍ ၾကက္သြန္နီသုပ္ကို လုပ္၍ စားသုံးႏိုင္ပါသည္။ ၾကက္သြန္နီစားၿပီး ပါးစပ္ မနံေအာင္ ေျမပဲဆန္ ၃ ေစ့ခန႔္ ဝါးစားပါ။ ဖန္ရည္ေရေႏြးၾကမ္းျဖင့္ ပလုတ္က်င္းပါ။

ၾကက္သြန္နီ သံပုရာဆမ္းကို စားသုံးေပးျခင္းျဖင့္…

(၁) ကိုယ္ခံအားကို ျမင့္တက္ေစမည္။

(၂) ေလထဲတြင္ ကူးစက္ႏိုင္ေသာ တုပ္ေကြး စသည့္ေရာဂါမ်ားကို ကာကြယ္ေပးႏိုင္သည္။

(၃) ပိုးမႊားမ်ားကို ေသေစႏိုင္ပါသည္။

(၄) ဆီးခ်ိဳေသြးခ်ိဳေရာဂါမ်ားကို သက္သာေစပါသည္။

(၅) ဂ်ိဳင္းနံ႔ဆိုးသူမ်ား၊ ခံတြင္းနံ႔ဆိုးသူမ်ားကို သက္သာေစပါသည္။

(၆) အိမ္ေထာင္သည္ မ်ားအတြက္ ခြန္အားကို တိုးပြါးေစပါသည္။

(၇) ရင္ပူျခင္း၊ ေရငတ္ျခင္းမ်ားကို သက္သာေပ်ာက္ကင္းေစပါသည္။

(၈) ခႏၶာကိုယ္မွာ ပိုလွ်ံေနတဲ့ အဆီမ်ားကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါသည္။

႐ိုးရွင္းလြယ္ကူေသာ ၾကက္သြန္နီ သံပုရာဆမ္းနည္းကို အလြယ္တကူ ျပဳလုပ္၍ စားသုံးျခင္းျဖင့္ ေရာဂါမ်ား သက္သာေပ်ာက္ကင္းႏိုင္ၾကပါေစ။

Credit – ေစာႏြဲ႕ေနဆိုင္(ပူတာအို)

(Unicode)

အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီ သံပုရာဆမ်း ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။

(၂) ပုံထဲကအတိုင်း အကွင်းလိုက် လှီးထားပါ။ ရေ မဆေးပါနဲ့။

(၃) ကြက်သွန်နီပေါ်ကို သံပုရာသီး ညှစ်ထည့်ပါ။

(၄) ချိုတဲ့ အရသာပေါ် လာပါမည်။ မွန်တဲ့ အနံ့များ ပျောက်သွားမည်။

(၅) ၎င်းကြက်သွန်နီ သံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်သော်၎င်း၊ အခြားအစားအစာများနှင့်သော်၎င်း တွဲစားနိုင်ပါသည်။

ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ ဒီထက်ပို အချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီး ညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကြက်သွန်နီစားပြီး ပါးစပ် မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။

ကြက်သွန်နီ သံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်…

(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။

(၂) လေထဲတွင် ကူးစက်နိုင်သော တုပ်ကွေး စသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။

(၃) ပိုးမွှားများကို သေစေနိုင်ပါသည်။

(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။

(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။

(၆) အိမ်ထောင်သည် များအတွက် ခွန်အားကို တိုးပွါးစေပါသည်။

(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။

(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။

ရိုးရှင်းလွယ်ကူသော ကြက်သွန်နီ သံပုရာဆမ်းနည်းကို အလွယ်တကူ ပြုလုပ်၍ စားသုံးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

Credit – စောနွဲ့နေဆိုင်(ပူတာအို)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top