သတင္း

လူသိနည္းတဲ့ အုန္းမႈတ္ခြက္၏ ကိုယ္ေတြ႕ေဆးဖက္ဝင္ အစြမ္းမ်ား

(Zawgyi)
ဖတ္ဘူးသမွ်နဲ႔ ကိုယ္ေတြ႕ေဆးဖက္ဝင္တဲ့ အုန္းမႈတ္ခြက္အေၾကာင္းေလးပါ။

အညာေဒသရဲ႕ ႐ြာတြင္း႐ြာျပင္ ျပယုဒ္တစ္ခုျဖစ္တဲ့ ခ်စ္စရာဓေလ့ေတြဟာ…ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနပါၿပီ။ေရခ်မ္းစင္မွာ ေသာက္ေရခြက္အျဖစ္ အမ်ားအားျဖင့္ အသုံးျပဳၾကတာကေတာ့ အုန္းမႈတ္ခြက္ပါ။ အိုးမႈတ္ခြက္ကို အေသခ်ာ အေခ်ာကိုင္၊ ခြက္နားစြန္း တဖက္တခ်က္မွာ အေပါက္ေဖာက္ၿပီး လက္ကိုင္႐ိုးကို တတ္ထားပါတယ္။ အခြံမပါ၊ အေမႊးမပါ ခြဲထားၿပီး၊ အသား၊ အဆန္ထုတ္ထားၿပီး လႊင့္ပစ္ထားေသာ အုန္းမႈတ္ခြက္အခြံကို ဆိုလိုပါသည္။

ေဆးနည္းတစ္မ်ိဳးကေတာ့-(ေပြးေရာဂါ လက္ေတြ႕ေပ်ာက္ေဆး)

အုန္းမႈတ္ခြက္တစ္ခုကို ေရေဆး ေနလွမ္းၿပီးပါက မီးရႈိ႕ပါ။ထြက္လာေသာ အေငြ႕ကို သန႔္ေသာ ဒန္၊ သတၳဳ အဖုံးတစ္ခုခုျဖင့္ မႈိင္းခံပါ။ (တစ္ခ်ိဳ႕ကေတာ့ ဓါးမႀကီး တစ္ေခ်ာင္းေပၚမွာ တင္ၿပီးလုပ္ပါတယ္ ျမန္မာနည္းေပါ့) အညိဳေရာင္ အဆီမ်ားကပ္လာပါမည္။ ေပြးကို သန႔္ေသာ ပစၥည္းတစ္ခုျဖင့္ ျခစ္ပါ။ အေပၚယံ အေရျပား ပြန္းသြားပါက၊ အုန္းမႈတ္ခြက္ အဆီကို ျခစ္ယူၿပီး သုတ္ေပးပါ။ အနည္းငယ္စပ္ၿပီး ေပ်ာက္ပါသည္။ (ေပြးေရာဂါ လက္ေတြ႕ေပ်ာက္ပါသည္)

ေနာက္တစ္နည္းကေတာ့-

တကယ္အသုံးဝင္တဲ့ မိတ္ကပ္တစ္မ်ိဳးေပါ့။ အပ်ိဳေဖာ္ဝင္ကာစ လူပ်ိဳအပ်ိဳေလးေတြနဲ႔ မ်က္ႏွာမွာ အဖုအထစ္ေတြနဲ႔လကမာၻအလား အစက္အေျပာက္ေတြ ထူလျပစ္နဲ႔ နဂို႐ုပ္ခံကို ပ်က္စီးေစတဲ့ ဝက္ၿခံ တင္းတိတ္ ေနေလာင္နာေတြအတြက္ ရက္တိုတိုအတြင္း ေပ်ာက္ကင္းေခ်ာမြတ္ေနေစဖို႔ အုန္းမႈတ္ခြက္ အရင့္တစ္လုံးကို ေသြးၿပီး သနပ္ခါးလိမ္းသလို ညတိုင္း လိမ္းအိပ္ေပးရမွာ ျဖစ္ပါတယ္။အုန္းမႈတ္ခြက္ဆိုၿပီး ေလွ်ာ့ေတာ့ မတြက္လိုက္ပါနဲ႔။ လိမ္းထားလို႔ ေျခာက္သြားရင္ သနပ္ခါးနဲ႔မျခားပါဘူး လက္ေလးနဲ႔ အသာပြတ္ၾကည့္လိုက္ ေခ်ာမြတ္ေနတဲ့ အထိအေတြ႕က . . . ဆက္မေျပာေတာ့ဘူး လိမ္းဘူးတဲ့သူေတြသာ ေမးၾကည့္ပါေတာ့။

ကိုးကား

ေ႐ႊအိမ္စည္

Warazein Min

နန္း နီ လာ ထြန္း

ေမတၱာျဖင့္

စိုင္း မင္း သန႔္

အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႕

(Unicode)
ဖတ်ဘူးသမျှနဲ့ ကိုယ်တွေ့ဆေးဖက်ဝင်တဲ့ အုန်းမှုတ်ခွက်အကြောင်းလေးပါ။

အညာဒေသရဲ့ ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ ချစ်စရာဓလေ့တွေဟာ…ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ရေချမ်းစင်မှာ သောက်ရေခွက်အဖြစ် အများအားဖြင့် အသုံးပြုကြတာကတော့ အုန်းမှုတ်ခွက်ပါ။ အိုးမှုတ်ခွက်ကို အသေချာ အချောကိုင်၊ ခွက်နားစွန်း တဖက်တချက်မှာ အပေါက်ဖောက်ပြီး လက်ကိုင်ရိုးကို တတ်ထားပါတယ်။ အခွံမပါ၊ အမွှေးမပါ ခွဲထားပြီး၊ အသား၊ အဆန်ထုတ်ထားပြီး လွှင့်ပစ်ထားသော အုန်းမှုတ်ခွက်အခွံကို ဆိုလိုပါသည်။

ဆေးနည်းတစ်မျိုးကတော့-(ပွေးရောဂါ လက်တွေ့ပျောက်ဆေး)

အုန်းမှုတ်ခွက်တစ်ခုကို ရေဆေး နေလှမ်းပြီးပါက မီးရှို့ပါ။ထွက်လာသော အငွေ့ကို သန့်သော ဒန်၊ သတ္ထု အဖုံးတစ်ခုခုဖြင့် မှိုင်းခံပါ။ (တစ်ချို့ကတော့ ဓါးမကြီး တစ်ချောင်းပေါ်မှာ တင်ပြီးလုပ်ပါတယ် မြန်မာနည်းပေါ့) အညိုရောင် အဆီများကပ်လာပါမည်။ ပွေးကို သန့်သော ပစ္စည်းတစ်ခုဖြင့် ခြစ်ပါ။ အပေါ်ယံ အရေပြား ပွန်းသွားပါက၊ အုန်းမှုတ်ခွက် အဆီကို ခြစ်ယူပြီး သုတ်ပေးပါ။ အနည်းငယ်စပ်ပြီး ပျောက်ပါသည်။ (ပွေးရောဂါ လက်တွေ့ပျောက်ပါသည်)

နောက်တစ်နည်းကတော့-

တကယ်အသုံးဝင်တဲ့ မိတ်ကပ်တစ်မျိုးပေါ့။ အပျိုဖော်ဝင်ကာစ လူပျိုအပျိုလေးတွေနဲ့ မျက်နှာမှာ အဖုအထစ်တွေနဲ့လကမ္ဘာအလား အစက်အပြောက်တွေ ထူလပြစ်နဲ့ နဂိုရုပ်ခံကို ပျက်စီးစေတဲ့ ဝက်ခြံ တင်းတိတ် နေလောင်နာတွေအတွက် ရက်တိုတိုအတွင်း ပျောက်ကင်းချောမွတ်နေစေဖို့ အုန်းမှုတ်ခွက် အရင့်တစ်လုံးကို သွေးပြီး သနပ်ခါးလိမ်းသလို ညတိုင်း လိမ်းအိပ်ပေးရမှာ ဖြစ်ပါတယ်။အုန်းမှုတ်ခွက်ဆိုပြီး လျှော့တော့ မတွက်လိုက်ပါနဲ့။ လိမ်းထားလို့ ခြောက်သွားရင် သနပ်ခါးနဲ့မခြားပါဘူး လက်လေးနဲ့ အသာပွတ်ကြည့်လိုက် ချောမွတ်နေတဲ့ အထိအတွေ့က . . . ဆက်မပြောတော့ဘူး လိမ်းဘူးတဲ့သူတွေသာ မေးကြည့်ပါတော့။

ကိုးကား

ရွှေအိမ်စည်

Warazein Min

နန်း နီ လာ ထွန်း

မေတ္တာဖြင့်

စိုင်း မင်း သန့်

အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Leave a Reply

Your email address will not be published. Required fields are marked *