သတင္း

အဆစ္အ႐ိုး၊ အဆုတ္၊ ေက်ာက္ကပ္၊ အသည္းႏွင့္ အဆိပ္အမ်ိဳးမ်ိဳးအတြက္ အထူးေကာင္းမြန္ေသာ နတ္ေဆး

(Zawgyi version)

အဆစ္အ႐ိုး၊ အဆုတ္၊ ေက်ာက္ကပ္၊ အသည္းႏွင့္ အဆိပ္အမ်ိဳးမ်ိဳးအတြက္ အထူးေကာင္းမြန္ေသာ နတ္ေဆးပင္ဟု ေခၚဆိုရမည့္ မဟာကာႀကံဆစ္

ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္သည္ ဟူေသာစကားအရ ျမန္မာ့ေဆးပင္အစြမ္း အံမခန္း မ်ားစြာထဲမွ ေဆးပင္တမ်ိဳးႏွင့္ မိတ္ဆက္ေပးရလွ်င္ မဟာကာႀကံဆစ္ဟုေခၚေသာ နဂါးၿမီး႐ြက္ႏွင့္ မိတ္ဆက္ေပးပါရေစ။ မဟာကာႀကံဆစ္ ဟုေခၚေသာ ထိုေဆးပင္ဧ။္ အ႐ြက္မ်ားသည္ ခပ္ရွည္ရွည္ျဖစ္၍ အေၾကာအစင္းမ်ားရွိသည္။ ႐ိုးတံတြင္ အဆစ္ကေလးမ်ားပါရွိၿပီး ထိုအဆစ္မ်ားမွ အ႐ြက္ထြက္ေပၚကာ အ႐ြက္၏ အလယ္ သို႔မဟုတ္ ေအာက္ေျခစြန္းစြန္းတြင္ အမည္းစက္ကေလးမ်ား ရွိတတ္သည္။ အပြင့္မွာ ေသးေသးႏွင့္ ျဖဴျဖဴရွိၿပီး အသီးမွာ အနက္ေရာင္ရွိ၍ ခပ္ေသးေသးျဖစ္သည္။ ခ်ဳံႏြယ္ပင္ တစ္မ်ိဳးျဖစ္ၿပီး စိုစြတ္ေသာ ေနရာတြင္ ေပါက္ေရာက္ခါ ေနရာအႏွံ႔အျပားတြင္ ေတြ႕ရွိရပါသည္။

မိတ္ေဆြတို႔တြင္ ေလးဘက္နာ ေရာဂါမ်ား၊ ေျခဆစ္၊ လက္ဆစ္မ်ား နာက်င္ကိုက္ခဲေသာ ေရာဂါမ်ား ခံစားႀကဳံေတြ႕ေနရပါက မဟာႀကံဆစ္ အ႐ြက္ကို ထုေထာင္းခါ အရည္ညစ္၍ လိမ္းက်ံေစၿပီး အဖတ္မ်ားကို အုံထားေပး၍ ေပ်ာက္ကင္း ေစပါသည္။ အေကာင္းဆုံးက အိပ္ယာဝင္ခါနီးတြင္ အဝတ္ျဖင့္ စည္းေပးပါက ပို၍ေကာင္းပါသည္။ အဖတ္မ်ား ေျခာက္သြားသည္ႏွင့္ ကိုက္ခဲေနေသာ ဒဏ္ရာမ်ားယူပစ္သလို ေပ်ာက္ကင္းခ်မ္းသာေစပါသည္။ ထို႔အျပင္ ဒူးနာ၍ လမ္းမေလွ်ာက္ႏိုင္ျဖစ္ေနပါကလည္း အ႐ြက္အ႐ိုးတို႔ကို ထုေထာင္း၍ အဝတ္ျဖင့္ စည္းေႏွာင္၍ အုံထားေပးလွ်င္ သက္သာေပ်ာက္ကင္းပါသည္။

ထို႔ေနာက္ ရင္က်ပ္ျခင္း၊ ေခ်ာင္းဆိုးျခင္းစေသာ အဆုတ္ေရာဂါမ်ားကိုလည္းေကာင္း၊ ေက်ာက္ကပ္ေရာဂါ၊ အသားဝါ ေရာဂါ၊ အသည္းေရာဂါ၊ ဆီးခ်ဳပ္ျခင္း၊ ဆီးက်င္ျခင္း၊ ဆီးနည္းျခင္း၊ ဆီးဝါျခင္း စေသာ ဆီးႏွင့္ ပတ္သတ္ေသာ ေရာဂါမ်ားကိုလည္းေကာင္း၊ ဝမ္းကိုက္ျခင္း၊ ဝမ္းေလွ်ာျခင္း စေသာ ဝမ္းေရာဂါမ်ားကိုလည္းေကာင္း၊ အသည္းေၾကာင့္ ခႏၶာကိုယ္ ေဖာေရာင္ျခင္းကိုလည္းေကာင္း ခံစားေနရပါက မဟာကာႀကံဆစ္႐ြက္မ်ားကို ျပဳတ္၍ ေသာက္ေပးျခင္းျဖင့္ ေပ်ာက္ကင္းေစပါသည္။

တခ်ိဳ႕က သၾကားထည့္၍ ေသာက္သုံးပါသည္။ တခ်ိဳ႕က ၎အ႐ြက္မ်ားကို အေျခာက္လွန္းထားကာ ေရေႏြးထဲတြင္ လက္ဖက္ေျခာက္အစား ၎အ႐ြက္ေျခာက္မ်ားကို ထည့္၍ ေသာက္ၾကပါသည္။ တခ်ိဳ႕က ထိုအ႐ြက္အား သုတ္စားတတ္ၾကပါေသးသည္။

အနာမ်ား ျဖစ္ၾကေသာ အနာစိမ္း၊ ယားနာ၊ ခူနာႏွင့္ ထိခိုက္ဒဏ္ရာ အနာမွန္သမွ် ရွိပါက ထိုမဟာကာႀကံဆစ္၏ အ႐ြက္ကို ထုေထာင္း၍ ထိုအနာေပၚတြင္ အုံေပးထားပါက ျပည္ေပါက္၍ အသားႏုတက္ လာကာ အနာအျမန္ ေပ်ာက္ကင္းေၾကာင္း ေတြ႕ရပါသည္။ ေယာင္ယမ္းကာ ျပည္တည္၍ ခြဲထုတ္ပစ္ရမည့္ အနာမ်ားကို ၎အ႐ြက္ အုံေပးထားျခင္းျဖင့္ ေပ်ာက္ကင္းေစပါသည္။

ထို႔အျပင္ ငါးအ႐ိုးစူးျခင္း၊ ကင္းကိုက္ျခင္း၊ ျခင္ကိုက္ျခင္း၊ ပ်ားတုတ္ျခင္း၊ ပု႐ြက္ဆိတ္နီကိုက္ျခင္း၊ ေခြးကိုက္ျခင္း၊ သံစူးျခင္း၊ ဓားရွျခင္း ကဲ့သို႔ေသာ ထိခိုက္ရွနာမ်ားႏွင့္ အဆိပ္ျဖစ္ေစတတ္ေသာ ဒဏ္ရာမွန္သမွ် ကိုလည္း ထိုမဟာကာ ႀကံဆစ္အ႐ြက္ကို အရည္ညစ္၍ လိမ္းေပးလွ်င္ အျမန္ေပ်ာက္ကင္းသြားပါသည္။ ငါးအ႐ိုးစူးျခင္းတြင္ ငါးက်ီးငါး၏ အ႐ိုးစူးမိပါက ေပါ့ဆလွ်င္ အသက္အႏၲရယ္ပင္ ႀကဳံေတြ႕ရတတ္ပါ သည္။ ထိုငါးက်ီး႐ိုး စူးမိပါက စူးမိေသာ ေနရာသို႔ မဟာကာႀကံဆစ္႐ြက္ အရည္ကို သုတ္လိမ္းေပးပါက မိနစ္ပိုင္းအတြင္း လုံး၀ ေပ်ာက္ကင္းပါသည္။

ဆီပူေလာင္ျခင္း၊ ေရေႏြးပူေလာင္ျခင္း စေသာ အပူေလာင္ျခင္း အမ်ိဳးမ်ိဳးကိုလည္း အ႐ြက္ကို ထုေထာင္း၍ သုတ္လိမ္း ေပးပါက အမာ႐ြတ္ပင္ မထင္ေတာ့ဘဲ အျမန္ေပ်ာက္ကင္းသြားတတ္ပါသည္။ သြားကိုက္၊ နားကိုက္မ်ား ျဖစ္လွ်င္လည္း မဟာႀကံဆစ္အ႐ြက္အရည္ကို ညစ္ထည့္၍ အဖတ္ကို ကိုက္ေနေသာ ေနရာ၌ ငုံထား အုံထားေပးလွ်င္ ေပ်ာက္ကင္းပါသည္။

ထိုမဟာကာႀကံဆစ္ အ႐ြက္ျပဳတ္ရည္ကို ေသာက္ေပးျခင္းျဖင့္ ေမာပန္းမႈႏွင့္ နာက်င္မႈ ေဝဒနာမ်ား ေပ်ာက္ကင္းကာ ယခင္ကထက္ ကိုယ္ခႏၶာ ေပါ့ပါးသြက္လက္လာေသာ လက္ေတြ႕အက်ိဳးထူး ရရွိေစပါသည္။ ထိုသို႔ေသာ ေရာဂါမွန္သမွ်ကို အျမန္ေပ်ာက္ကင္းေသာ မဟာကာႀကံဆစ္ ေဆးပင္ကို ေဒသအလိုက္ ဆိပ္ေျဖပင္၊ ေႁမြမင္းပင္၊ ေႁမြေဟာက္ပါးပ်ဥ္းပင္၊ နဂါးၿမီးဟု အမ်ိဳးမ်ိဳးေခၚဆိုၾကၿပီး တခ်ိဳ႕ကလည္း နတ္ေဆး ပင္ဟု ေခၚဆိုၾကပါသည္။

Credit – တိုင္းရင္းေဆး ေဆြးေႏြးခန္း

(Unicode version)

အဆစ်အရိုး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းနှင့် အဆိပ်အမျိုးမျိုးအတွက် အထူးကောင်းမွန်သော နတ်ဆေးပင်ဟု ခေါ်ဆိုရမည့် မဟာကာကြံဆစ်

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည် ဟူသောစကားအရ မြန်မာ့ဆေးပင်အစွမ်း အံမခန်း များစွာထဲမှ ဆေးပင်တမျိုးနှင့် မိတ်ဆက်ပေးရလျှင် မဟာကာကြံဆစ်ဟုခေါ်သော နဂါးမြီးရွက်နှင့် မိတ်ဆက်ပေးပါရစေ။ မဟာကာကြံဆစ် ဟုခေါ်သော ထိုဆေးပင်ဧ။် အရွက်များသည် ခပ်ရှည်ရှည်ဖြစ်၍ အကြောအစင်းများရှိသည်။ ရိုးတံတွင် အဆစ်ကလေးများပါရှိပြီး ထိုအဆစ်များမှ အရွက်ထွက်ပေါ်ကာ အရွက်၏ အလယ် သို့မဟုတ် အောက်ခြေစွန်းစွန်းတွင် အမည်းစက်ကလေးများ ရှိတတ်သည်။ အပွင့်မှာ သေးသေးနှင့် ဖြူဖြူရှိပြီး အသီးမှာ အနက်ရောင်ရှိ၍ ခပ်သေးသေးဖြစ်သည်။ ချုံနွယ်ပင် တစ်မျိုးဖြစ်ပြီး စိုစွတ်သော နေရာတွင် ပေါက်ရောက်ခါ နေရာအနှံ့အပြားတွင် တွေ့ရှိရပါသည်။

မိတ်ဆွေတို့တွင် လေးဘက်နာ ရောဂါများ၊ ခြေဆစ်၊ လက်ဆစ်များ နာကျင်ကိုက်ခဲသော ရောဂါများ ခံစားကြုံတွေ့နေရပါက မဟာကြံဆစ် အရွက်ကို ထုထောင်းခါ အရည်ညစ်၍ လိမ်းကျံစေပြီး အဖတ်များကို အုံထားပေး၍ ပျောက်ကင်း စေပါသည်။ အကောင်းဆုံးက အိပ်ယာဝင်ခါနီးတွင် အဝတ်ဖြင့် စည်းပေးပါက ပို၍ကောင်းပါသည်။ အဖတ်များ ခြောက်သွားသည်နှင့် ကိုက်ခဲနေသော ဒဏ်ရာများယူပစ်သလို ပျောက်ကင်းချမ်းသာစေပါသည်။ ထို့အပြင် ဒူးနာ၍ လမ်းမလျှောက်နိုင်ဖြစ်နေပါကလည်း အရွက်အရိုးတို့ကို ထုထောင်း၍ အဝတ်ဖြင့် စည်းနှောင်၍ အုံထားပေးလျှင် သက်သာပျောက်ကင်းပါသည်။

ထို့နောက် ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းစသော အဆုတ်ရောဂါများကိုလည်းကောင်း၊ ကျောက်ကပ်ရောဂါ၊ အသားဝါ ရောဂါ၊ အသည်းရောဂါ၊ ဆီးချုပ်ခြင်း၊ ဆီးကျင်ခြင်း၊ ဆီးနည်းခြင်း၊ ဆီးဝါခြင်း စသော ဆီးနှင့် ပတ်သတ်သော ရောဂါများကိုလည်းကောင်း၊ ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း စသော ဝမ်းရောဂါများကိုလည်းကောင်း၊ အသည်းကြောင့် ခန္ဓာကိုယ် ဖောရောင်ခြင်းကိုလည်းကောင်း ခံစားနေရပါက မဟာကာကြံဆစ်ရွက်များကို ပြုတ်၍ သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။

တချို့က သကြားထည့်၍ သောက်သုံးပါသည်။ တချို့က ၎င်းအရွက်များကို အခြောက်လှန်းထားကာ ရေနွေးထဲတွင် လက်ဖက်ခြောက်အစား ၎င်းအရွက်ခြောက်များကို ထည့်၍ သောက်ကြပါသည်။ တချို့က ထိုအရွက်အား သုတ်စားတတ်ကြပါသေးသည်။

အနာများ ဖြစ်ကြသော အနာစိမ်း၊ ယားနာ၊ ခူနာနှင့် ထိခိုက်ဒဏ်ရာ အနာမှန်သမျှ ရှိပါက ထိုမဟာကာကြံဆစ်၏ အရွက်ကို ထုထောင်း၍ ထိုအနာပေါ်တွင် အုံပေးထားပါက ပြည်ပေါက်၍ အသားနုတက် လာကာ အနာအမြန် ပျောက်ကင်းကြောင်း တွေ့ရပါသည်။ ယောင်ယမ်းကာ ပြည်တည်၍ ခွဲထုတ်ပစ်ရမည့် အနာများကို ၎င်းအရွက် အုံပေးထားခြင်းဖြင့် ပျောက်ကင်းစေပါသည်။

ထို့အပြင် ငါးအရိုးစူးခြင်း၊ ကင်းကိုက်ခြင်း၊ ခြင်ကိုက်ခြင်း၊ ပျားတုတ်ခြင်း၊ ပုရွက်ဆိတ်နီကိုက်ခြင်း၊ ခွေးကိုက်ခြင်း၊ သံစူးခြင်း၊ ဓားရှခြင်း ကဲ့သို့သော ထိခိုက်ရှနာများနှင့် အဆိပ်ဖြစ်စေတတ်သော ဒဏ်ရာမှန်သမျှ ကိုလည်း ထိုမဟာကာ ကြံဆစ်အရွက်ကို အရည်ညစ်၍ လိမ်းပေးလျှင် အမြန်ပျောက်ကင်းသွားပါသည်။ ငါးအရိုးစူးခြင်းတွင် ငါးကျီးငါး၏ အရိုးစူးမိပါက ပေါ့ဆလျှင် အသက်အန္တရယ်ပင် ကြုံတွေ့ရတတ်ပါ သည်။ ထိုငါးကျီးရိုး စူးမိပါက စူးမိသော နေရာသို့ မဟာကာကြံဆစ်ရွက် အရည်ကို သုတ်လိမ်းပေးပါက မိနစ်ပိုင်းအတွင်း လုံး၀ ပျောက်ကင်းပါသည်။

ဆီပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း စသော အပူလောင်ခြင်း အမျိုးမျိုးကိုလည်း အရွက်ကို ထုထောင်း၍ သုတ်လိမ်း ပေးပါက အမာရွတ်ပင် မထင်တော့ဘဲ အမြန်ပျောက်ကင်းသွားတတ်ပါသည်။ သွားကိုက်၊ နားကိုက်များ ဖြစ်လျှင်လည်း မဟာကြံဆစ်အရွက်အရည်ကို ညစ်ထည့်၍ အဖတ်ကို ကိုက်နေသော နေရာ၌ ငုံထား အုံထားပေးလျှင် ပျောက်ကင်းပါသည်။

ထိုမဟာကာကြံဆစ် အရွက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် မောပန်းမှုနှင့် နာကျင်မှု ဝေဒနာများ ပျောက်ကင်းကာ ယခင်ကထက် ကိုယ်ခန္ဓာ ပေါ့ပါးသွက်လက်လာသော လက်တွေ့အကျိုးထူး ရရှိစေပါသည်။ ထိုသို့သော ရောဂါမှန်သမျှကို အမြန်ပျောက်ကင်းသော မဟာကာကြံဆစ် ဆေးပင်ကို ဒေသအလိုက် ဆိပ်ဖြေပင်၊ မြွေမင်းပင်၊ မြွေဟောက်ပါးပျဉ်းပင်၊ နဂါးမြီးဟု အမျိုးမျိုးခေါ်ဆိုကြပြီး တချို့ကလည်း နတ်ဆေး ပင်ဟု ခေါ်ဆိုကြပါသည်။

Credit – တိုင်းရင်းဆေး ဆွေးနွေးခန်း

Leave a Reply

Your email address will not be published. Required fields are marked *