ဗဟုတုသ

သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပစေမယ့် နည်းလမ်းကောင်းများ

[Unicode version]

သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂများကို သန့်ရှင်းရေး ပြုလုပ်နည်းများ

ပရိဘောဂတွေကို သန့်ရှင်းပေးနိုင်တဲ့ များစွာသော Chemical Cleaner တွေရှိပေမယ့် ဒါတွေဟာ အသုံးပြုသူ အတွက် ရော ပတ်ဝန်းကျင်လေထုမှာပါ အနံ့အသက်တွေ ပျံ့နှံ့စေနိုင်ပါတယ်။ အိမ်သုံး ပရိဘောဂတွေပေါ်က အစွန်းအထင်းတွေနဲ့ အရောင် တောက်ပမှု မရှိတာတွေအတွက် အသစ်အတိုင်းကို ပြန်လည်တောက်ပလာစေမယ့် လွယ်လွယ်ကူကူ သန့်ရှင်းရေး ပြုလုပ်နိုင်တဲ့ သဘာဝ နည်းလမ်း ကောင်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနဲ့ဖျော်ထားတဲ့ မုန့်ဖုတ်ဆိုဒါရေကို ဖျန်းဆေးဘူးထဲထည့်ပြီး အဝတ်နဲ့ပွတ်တိုက် သန့်ရှင်းရေးလုပ်ပေးခြင်းအားဖြင့် သစ်သားပရိဘောဂတွေကို ပြန်လည်တောက်ပလာစေမှာ ဖြစ်ပါတယ်။

(၂) ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ ရှာလကာရည်အနည်းငယ်ကို သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်းခွဲလောက်နဲ့ ရောပြီး အစွန်းအထင်းနဲ့ ခြစ်ရာစင်းရာတွေရှိတဲ့ သစ်သားပရိဘောဂတွေပေါ်ကို ပွတ်တိုက် သန့် ရှင်းပေးနိုင်ပါတယ်။

(၃) လိမ္မော်သီးခွံအနည်းငယ်ပေါ်မှာ သံလွင်ဆီနှစ်စက်ခန့် လောင်းပြီး သစ်သားပရိဘောဂတွေကို ပွတ်တိုက် ပေးခြင်းအားဖြင့် ပရိဘောဂအရောင်တွေကို ပြောင်လက်တောက်ပနေစေမှာ ဖြစ်ပါတယ်။

(၄) သံလွင်ဆီနဲ့ ဝိုင်နီတို့ကို ဆတူရောပြီး ပရိဘောဂတွေပေါ်မှာ အနည်းငယ်လောင်းချပြီး အဝတ်စနဲ့ ပွတ်တိုက်ပေးရုံနဲ့ သင့်ရဲ့ ဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေကို အသစ်အတိုင်း ပြန်လည်တောက်ပ နိုင်စေမှာ ဖြစ်ပါတယ်။

(၅) အပူပေးထားတဲ့ ပျားဖယောင်း အနည်းငယ်ထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် ရောထားတဲ့ အရောကို တောက်ပမှုမရှိတော့တဲ့ ပရိဘောဂတွေပေါ်မှာ ပွတ်တိုက်ပေးရုံနဲ့ ပြောင်လက်တောက်ပ လာစေမှာ ဖြစ်ပါတယ်။

Credit – ဟယ်လ်သင် (ဧရာဝတီ) , The Irrawaddy – Burmese Edition

[Zawgyi version]

သစ္သားနဲ႔ျပဳလုပ္ထားတဲ့ ပရိေဘာဂေတြကို အသစ္အတိုင္း ျပန္လည္ေတာက္ပေစမယ့္ နည္းလမ္းေကာင္းမ်ား

သစ္သားနဲ႔ျပဳလုပ္ထားတဲ့ ပရိေဘာဂမ်ားကို သန႔္ရွင္းေရး ျပဳလုပ္နည္းမ်ား

ပရိေဘာဂေတြကို သန႔္ရွင္းေပးႏိုင္တဲ့ မ်ားစြာေသာ Chemical Cleaner ေတြရွိေပမယ့္ ဒါေတြဟာ အသုံးျပဳသူ အတြက္ေရာ ပတ္ဝန္းက်င္ေလထုမွာပါ အနံ႔အသက္ေတြ ပ်ံ႕ႏွံ႔ေစႏိုင္ပါတယ္။ အိမ္သုံး ပရိေဘာဂေတြေပၚက အစြန္းအထင္းေတြနဲ႔ အေရာင္ေတာက္ပမႈ မရွိတာေတြအတြက္ အသစ္အတိုင္းကို ျပန္လည္ေတာက္ပလာေစမယ့္ လြယ္လြယ္ကူကူ သန႔္ရွင္းေရး ျပဳလုပ္ႏိုင္တဲ့ သဘာဝ နည္းလမ္း ေကာင္းေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) မုန႔္ဖုတ္ဆိုဒါ အနည္းငယ္ကို ေရနဲ႔ေဖ်ာ္ထားတဲ့ မုန႔္ဖုတ္ဆိုဒါေရကို ဖ်န္းေဆးဘူးထဲထည့္ၿပီး အဝတ္နဲ႔ပြတ္တိုက္ သန႔္ရွင္းေရးလုပ္ေပးျခင္းအားျဖင့္ သစ္သားပရိေဘာဂေတြကို ျပန္လည္ေတာက္ပလာေစမွာ ျဖစ္ပါတယ္။

(၂) ဟင္းခ်က္တဲ့အခါ အသုံးျပဳတဲ့ ရွာလကာရည္အနည္းငယ္ကို သံလြင္ဆီ ထမင္းစားဇြန္း ၁ ဇြန္းခြဲေလာက္နဲ႔ ေရာၿပီး အစြန္းအထင္းနဲ႔ ျခစ္ရာစင္းရာေတြရွိတဲ့ သစ္သားပရိေဘာဂေတြေပၚကို ပြတ္တိုက္သန႔္ ရွင္းေပးႏိုင္ပါတယ္။

(၃) လိေမၼာ္သီးခြံအနည္းငယ္ေပၚမွာ သံလြင္ဆီႏွစ္စက္ခန႔္ ေလာင္းၿပီး သစ္သားပရိေဘာဂေတြကို ပြတ္တိုက္ ေပးျခင္းအားျဖင့္ ပရိေဘာဂအေရာင္ေတြကို ေျပာင္လက္ေတာက္ပေနေစမွာ ျဖစ္ပါတယ္။

(၄) သံလြင္ဆီနဲ႔ ဝိုင္နီတို႔ကို ဆတူေရာၿပီး ပရိေဘာဂေတြေပၚမွာ အနည္းငယ္ေလာင္းခ်ၿပီး အဝတ္စနဲ႔ ပြတ္တိုက္ေပး႐ုံနဲ႔ သင့္ရဲ႕ ေဟာင္းႏြမ္းေနတဲ့ ပရိေဘာဂေတြကို အသစ္အတိုင္း ျပန္လည္ေတာက္ပ ႏိုင္ေစမွာ ျဖစ္ပါတယ္။

(၅) အပူေပးထားတဲ့ ပ်ားဖေယာင္း အနည္းငယ္ထဲကို သံလြင္ဆီ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းခန႔္ ေရာထားတဲ့ အေရာကို ေတာက္ပမႈမရွိေတာ့တဲ့ ပရိေဘာဂေတြေပၚမွာ ပြတ္တိုက္ေပး႐ုံနဲ႔ ေျပာင္လက္ေတာက္ပ လာေစမွာ ျဖစ္ပါတယ္။

Credit – ဟယ္လ္သင္ (ဧရာဝတီ) , The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *