သတင္း

ဘယ္ပစၥည္းက မီတာဘယ္ေလာက္တက္လဲနဲ႕ မိမိအိမ္ လစဥ္မီတာယူနစ္ တြက္ခ်က္တတ္ၿပီး မီတာခ အနည္းအမ်ား ခ်ိန္ဆနိင္ၾကဖို႕

(Zawgyi)
အိမ္သုံးမီတာခ ဘယ္ေလာက္က်သင့္သလဲ ?

မီးပူ = ၁၂၀၀ ဝပ္ – ၅.၂ အမ္ပီယာ

မီးဖို = ၁၆၀၀ ဝပ္ – ၇ အမ္ပီယာ

တီဗြီ + စေလာင္းစက္ = ၄၀၀ ဝပ္ – ၁.၈ အမ္ပီယာ

အဝတ္ေလွ်ာ္စက္ = ၂၀၀ ဝပ္ – ဝ.၉ အမ္ပီယာ

ေရေမာ္တာ = ၁၂၀၀ ဝပ္ – ၅.၂ အမ္ပီယာ

အဲကြန္း = ၁၂၀၀ ဝပ္ – ၅.၂ အမ္ပီယာ

မီးသီး+မီးေခ်ာင္း = ၁၅၀ ဝပ္ – ဝ.၇ အမ္ပီယာ

အျခားအသုံးအေဆာင္မ်ား = ၅ အမ္ပီယာ – ၃၁ အမ္ပီယာ

အိမ္သုံးမီတာ တစ္လုံး၏ခံနိင္ရည္ ဝန္အားသည္ (5/30) Amp. (10/30) Amp. အမ်ားဆုံး ၃၀အမ္ပီယာထိ အသုံး ခံနိင္ရည္ရွိၿပီး အထက္ပါပစၥည္းမ်ားအား တစ္ၿပိဳင္နက္ သုံးစြဲေနပါက တစ္နာရီလွ်င္ မီတာယူနစ္တက္ႏႉန္း kilo watt per hour (Kw/hr) VI = W သည္ 230v x 30A = 6900 Watt= 7 Kw = 7 Unit ျဖစ္ေန၍ တစ္ရက္လုံး ပစၥည္းၿပဳံသုံးခ်ိန္ တစ္နာရီဆိုက တစ္ရက္လွ်င္ ၇ယူနစ္ျဖင့္ တစ္လစာ ယူနစ္၂၂၀ ဝန္းက်င္ျဖစ္မည္။ အထက္ပါ ပစၥည္းမ်ား ခြဲျခား အသုံးျပဳခ်ိန္အတြက္ တစ္ရက္ ၁၀ယူနစ္ျဖစ္က တစ္လယူနစ္၃၃၀ ထပ္ေပါင္းက (၂၂၀+၃၃၀)=၅၅၀ ယူနစ္ဝန္းက်င္ မီတာတက္ပါမည္။

သာမန္မိသားစုတစ္လသုံးမီတာခ= ၅၅၀ယူနစ္၊ အလႊာမခြဲ တစ္ယူနစ္ ၃၅က်ပ္ျဖင့္ တစ္လႏွစ္ေသာင္းခန႔္က်ၿပီး ကိုယ္ထူကိုယ္ထ မီးလင္းေရး နယ္ပယ္ တစ္ယူနစ္ ၃၅၀က်ပ္ျဖင့္ သုံးက တစ္လ က်ပ္ႏွစ္သိန္းခန႔္ က်မည္ျဖစ္သည္။ လက္ရွိအိမ္သုံးမီတာအား မည္သည့္လွ်ပ္စစ္ပစၥည္းမ်ား သုံးနိင္ၿပီးဝန္အားခံနိင္ရည္ အမ္ပီယာ (သို႔) ဝပ္အား အေျခအေန မည္မွ်ထိ ရွိနိင္လဲဟု သိခ်င္သူမ်ားအား ရည္႐ြယ္ေရးသားပါသည္။ ယခင္ကတပ္ထားေသာ Analog နဲ႔ ဒစ္ဂ်စ္တယ္မီတာ တံဆိပ္ေဟာင္းမ်ားတြင္ ေတာက္ေလွ်ာက္သုံး အမ္ပီယာ၃၀ ထက္ေက်ာ္သုံးလည္း ဝန္ပိုဒဏ္ေၾကး ႐ိုက္ခံရမူမရွိပါ။ အခန႔္မသင့္က မီတာေလာင္မူမ်ားသာ ျဖစ္တတ္သည္။

ယခု၂၀၁၈ခုႏွစ္ ဧၿပီလမွ စတင္အသစ္ထုတ္ေပးေသာ ဒစ္ဂ်စ္တယ္မီတာအသစ္သည္ သတ္မွတ္ဝန္အား ၃၀ အမ္ပီယာကို ေတာက္ေလွ်ာက္တစ္နာရီထက္ အခ်ိန္ပိုမိုသုံးပါက ယင္းမီတာနဲ႔ ခ်ိတ္ဆက္ထားေသာ ႐ုံးထိုင္ ဆာဗာ ကြန္ပ်ဴတာတြင္ Overload Error ျပၿပီး သတ္မွတ္ဒဏ္ေၾကး ႐ိုက္ခံရမည္ ျဖစ္သည္။ မိမိအိမ္ လစဥ္ယူနစ္ တြက္ခ်က္တတ္ၿပီး မီတာခ အနည္းအမ်ား ခ်ိန္ဆနိင္ၾကပါေစေသာ္။

Credit – Original Poster

(Unicode)
အိမ်သုံးမီတာခ ဘယ်လောက်ကျသင့်သလဲ ?

မီးပူ = ၁၂၀၀ ဝပ် – ၅.၂ အမ်ပီယာ

မီးဖို = ၁၆၀၀ ဝပ် – ၇ အမ်ပီယာ

တီဗွီ + စလောင်းစက် = ၄၀၀ ဝပ် – ၁.၈ အမ်ပီယာ

အဝတ်လျှော်စက် = ၂၀၀ ဝပ် – ဝ.၉ အမ်ပီယာ

ရေမော်တာ = ၁၂၀၀ ဝပ် – ၅.၂ အမ်ပီယာ

အဲကွန်း = ၁၂၀၀ ဝပ် – ၅.၂ အမ်ပီယာ

မီးသီး+မီးချောင်း = ၁၅၀ ဝပ် – ဝ.၇ အမ်ပီယာ

အခြားအသုံးအဆောင်များ = ၅ အမ်ပီယာ – ၃၁ အမ်ပီယာ

အိမ်သုံးမီတာ တစ်လုံး၏ခံနိင်ရည် ဝန်အားသည် (5/30) Amp. (10/30) Amp. အများဆုံး ၃၀အမ်ပီယာထိ အသုံး ခံနိင်ရည်ရှိပြီး အထက်ပါပစ္စည်းများအား တစ်ပြိုင်နက် သုံးစွဲနေပါက တစ်နာရီလျှင် မီတာယူနစ်တက်နှူန်း kilo watt per hour (Kw/hr) VI = W သည် 230v x 30A = 6900 Watt= 7 Kw = 7 Unit ဖြစ်နေ၍ တစ်ရက်လုံး ပစ္စည်းပြုံသုံးချိန် တစ်နာရီဆိုက တစ်ရက်လျှင် ၇ယူနစ်ဖြင့် တစ်လစာ ယူနစ်၂၂၀ ဝန်းကျင်ဖြစ်မည်။ အထက်ပါ ပစ္စည်းများ ခွဲခြား အသုံးပြုချိန်အတွက် တစ်ရက် ၁၀ယူနစ်ဖြစ်က တစ်လယူနစ်၃၃၀ ထပ်ပေါင်းက (၂၂၀+၃၃၀)=၅၅၀ ယူနစ်ဝန်းကျင် မီတာတက်ပါမည်။

သာမန်မိသားစုတစ်လသုံးမီတာခ= ၅၅၀ယူနစ်၊ အလွှာမခွဲ တစ်ယူနစ် ၃၅ကျပ်ဖြင့် တစ်လနှစ်သောင်းခန့်ကျပြီး ကိုယ်ထူကိုယ်ထ မီးလင်းရေး နယ်ပယ် တစ်ယူနစ် ၃၅၀ကျပ်ဖြင့် သုံးက တစ်လ ကျပ်နှစ်သိန်းခန့် ကျမည်ဖြစ်သည်။ လက်ရှိအိမ်သုံးမီတာအား မည်သည့်လျှပ်စစ်ပစ္စည်းများ သုံးနိင်ပြီးဝန်အားခံနိင်ရည် အမ်ပီယာ (သို့) ဝပ်အား အခြေအနေ မည်မျှထိ ရှိနိင်လဲဟု သိချင်သူများအား ရည်ရွယ်ရေးသားပါသည်။ ယခင်ကတပ်ထားသော Analog နဲ့ ဒစ်ဂျစ်တယ်မီတာ တံဆိပ်ဟောင်းများတွင် တောက်လျှောက်သုံး အမ်ပီယာ၃၀ ထက်ကျော်သုံးလည်း ဝန်ပိုဒဏ်ကြေး ရိုက်ခံရမူမရှိပါ။ အခန့်မသင့်က မီတာလောင်မူများသာ ဖြစ်တတ်သည်။

ယခု၂၀၁၈ခုနှစ် ဧပြီလမှ စတင်အသစ်ထုတ်ပေးသော ဒစ်ဂျစ်တယ်မီတာအသစ်သည် သတ်မှတ်ဝန်အား ၃၀ အမ်ပီယာကို တောက်လျှောက်တစ်နာရီထက် အချိန်ပိုမိုသုံးပါက ယင်းမီတာနဲ့ ချိတ်ဆက်ထားသော ရုံးထိုင် ဆာဗာ ကွန်ပျူတာတွင် Overload Error ပြပြီး သတ်မှတ်ဒဏ်ကြေး ရိုက်ခံရမည် ဖြစ်သည်။ မိမိအိမ် လစဉ်ယူနစ် တွက်ချက်တတ်ပြီး မီတာခ အနည်းအများ ချိန်ဆနိင်ကြပါစေသော်။

Credit – Original Poster

Leave a Reply

Your email address will not be published. Required fields are marked *