သတင္း

သွေးလှူမယ့်သူတွေ ယခုအချက်(၅)ချက်ကို မဖြစ်မနေ သိထားရပါမယ်

(Zawgyi)
ေသြးလႉမယ့္သူေတြ က်န္းမာေရးအတြက္ သတိျပဳရမယ့္ အခ်က္ငါးခ်က္

လူ႔အသက္ေတြကို ကယ္ဖို႔ ေသြးလႉရွင္ေတြကလည္း အေရးႀကီးပါတယ္။ သူတစ္ပါးအသက္ဆက္ဖို႔ ေသြးနဲ႔ အသက္ ကယ္မယ့္သူေတြ ျဖစ္တာေၾကာင့္ ေသြးလႉရွင္ေတြကိုယ္တိုင္ကလည္း က်န္းမာေနဖို႔ လိုပါတယ္။ ေသြးလႉရွင္ေတြအေနနဲ႔ က်န္းမာေရးအတြက္ သတိျပဳ ဆင္ျခင္ေနထိုင္သင့္တဲ့ အခ်က္ငါးခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေရေသာက္ပါ

ေသြးမလႉခင္ ေသြးလႉရွင္အေနနဲ႔ ေရတစ္လီတာကို ေသာက္ပါ။ ေရမေသာက္ခ်င္ရင္ အရက္မဟုတ္တဲ့ အခ်ိဳရည္ေတြ လည္း ေသာက္ႏိုင္ပါတယ္။ ေသြးလႉၿပီးတဲ့အခါမွာလည္း ကုန္ဆုံးသြားတဲ့ေသြး ျပန္ျဖည့္ႏိုင္ေစဖို႔ ေရဓာတ္ ျပည့္ဝေအာင္ ေရမ်ားမ်ားေသာက္ေပးပါ။ ေသြးမလႉခင္ တစ္ရက္အတြင္း အရက္ေသာက္ျခင္းကို ေရွာင္ပါ။ အကယ္၍ အရက္ေသာက္ မိခဲ့ရင္ ေရကို လိုတာထက္ ပိုေသာက္ဖို႔ လိုပါတယ္။

၂။ အဆီမ်ားအစားအစာေတြ ေရွာင္ပါ

အဆီမ်ားလြန္းတဲ့ အစားအစာေတြကို ေသြးမလႉခင္ သတိထားၿပီး စားသင့္ပါတယ္။ အထူးသျဖင့္ ဟမ္ဘာဂါ၊ ဆီေၾကာ္အမ်ိဳးမ်ိဳး၊ အဆီမ်ားအစားအစာေတြနဲ႔ ေရခဲမုန႔္စတာေတြကို မစားသင့္ပါဘူး။ ေသြးလႉတဲ့ အခါ အဆီေၾကာင့္ ေသြးခဲေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ အျခားေရွာင္ရမယ့္ အစားအစာေတြကေတာ့ ေကာ္ဖီနဲ႔ လက္ဖက္ရည္၊ ဝိုင္နီနဲ႔ ေခ်ာကလက္ စတာေတြျဖစ္ပါတယ္။ ေသြးလႉၿပီးတဲ့အခါ ကုန္သြားတဲ့ ေသြးအားေတြ ျပန္ျဖည့္ဖို႔ အစားစားပါ။ အဓိကအားျဖင့္ သံဓာတ္အားျပန္ျဖည့္ေပးႏိုင္မယ့္ အစားအစာေတြ စားပါ။ အမဲသား၊ သိုးသား၊ ၾကက္သား၊ ဝက္သား၊ အသားေျခာက္မ်ား၊ ငါးအမ်ိဳးမ်ိဳး၊ ပင္လယ္စာ မ်ားနဲ႔ အသည္းကဲ့သို႔ ဝက္အသည္း၊ ၾကက္အသည္း စတာေတြ စားသင့္ပါတယ္။ ဥေတြကိုလည္း စားႏိုင္ပါတယ္။ အသားငါးေတြအျပင္ အာလူး၊ ကန္စြန္းဥ၊ ပဲအမ်ိဳးမ်ိဳး၊ ဘ႐ိုကိုလီ၊ ကိုက္လံစတဲ့ ဟင္းသီး ဟင္း႐ြက္ေတြကို ေသြးအားေကာင္းေစဖို႔ စားေပးပါ။ စေတာ္ဘယ္ရီ၊ ဖရဲသီးစတဲ့ အရည္႐ႊမ္းသီးႏွံေတြကို စားသုံးပါ။ ဗီတာမင္စီႂကြယ္ဝတဲ့ ကီဝီသီး၊ သရက္သီး၊ သေဘၤာသီး၊ နာနတ္သီး စတာေတြကိုလည္း ေသြးလႉရွင္ေတြအေနနဲ႔ စားသုံးသင့္ပါတယ္။

၃။ စိတ္ဖိစီးမႈမရွိေအာင္ ေနပါ

ေသြးလႉရွင္တစ္ေယာက္အေနနဲ႔ အိပ္ေရးဝေအာင္ အိပ္မယ္ဆိုရင္ စိတ္ဖိစီးမႈ မျဖစ္ေအာင္ အတတ္ႏိုင္ဆုံး ေနႏိုင္မွာ ျဖစ္ပါတယ္။ အိပ္ေရးမဝရရင္ စိတ္ဖိစီးမႈ အလြယ္တကူ ျဖစ္ေစႏိုင္ပါတယ္။ ေသြးမလႉခင္ စိတ္လႈပ္ရွားေနရင္၊ ေၾကာက္ ေနရင္ အသက္မွန္မွန္ရွဴျခင္း၊ သီခ်င္းနားေထာင္ျခင္း၊ အေဖာ္တစ္ေယာက္ေယာက္နဲ႔ စကားေျပာပါ။ ေသြးလႉၿပီးေနာက္ ေခါင္းမူးျခင္း၊ ေခါင္းေနာက္ျခင္းေတြျဖစ္ရင္ အနားယူပါ။

၄။ ေသြးလႉထားတဲ့လက္ကို အနားေပးပါ

ေသြးလႉတဲ့အခါ လက္တစ္ဖက္က ေသြးေၾကာကိုျဖစ္ေစ၊ လက္ႏွစ္ဖက္လုံးက ေသြးေၾကာကိုျဖစ္ေစ ေဖာက္ၿပီး ေသြးလႉရႏိုင္ပါတယ္။ ေသြးလႉရွင္အေနနဲ႔ ေသြးလႉထားတဲ့လက္ကို အနားေပးပါ။ အေလးအပင္မျခင္း၊ ျပင္းထန္တဲ့ ေလ့က်င့္ခန္းလုပ္ျခင္းေတြကို မလုပ္ပါနဲ႔။

၅။ ပိုးသတ္ေဆး ေသာက္ထားတယ္ဆိုရင္ ဆရာဝန္ကိုေျပာျပပါ

ေသြးလႉရွင္တစ္ေယာက္အေနနဲ႔ ေသြးမလႉခင္ က်န္းမာေရးစစ္ေဆးမႈ ခံယူတဲ့အခါမွာ ပိုးသတ္ေဆး ေသာက္ထားတယ္ ဆိုရင္ ဆရာဝန္ကို ပြင့္ပြင့္လင္းလင္း ေျပာျပပါ။ အခ်ိဳ႕ေသာပိုးသတ္ေဆးေတြဟာ ေသာက္သုံးၿပီး ႏွစ္ရက္အတြင္း အာနိသင္ မျပယ္လို႔ ေသြးမလႉသင့္တဲ့ အေျခအေနေတြ ရွိပါတယ္။ အသက္ကယ္ခ်င္ေဇာနဲ႔ ေသာက္ေနရတဲ့ ေဆးေတြ မေျပာျပတာ၊ ခြဲစိတ္ကုသဖူးတာနဲ႔ လက္ရွိက်န္းမာေရး ျပႆနာရွိေနတာမ်ိဳးကို ဆရာဝန္ထံ မေျပာျပမိတာေတြ ရွိႏိုင္တာေၾကာင့္ မဖုံးကြယ္ထားပါနဲ႔။

References: https://www.donateblood.com, https://www.healthline.com, https://www.redcrossblood.org

Credit – The Voice Journal

(Unicode)
သွေးလှူမယ့်သူတွေ ကျန်းမာရေးအတွက် သတိပြုရမယ့် အချက်ငါးချက်

လူ့အသက်တွေကို ကယ်ဖို့ သွေးလှူရှင်တွေကလည်း အရေးကြီးပါတယ်။ သူတစ်ပါးအသက်ဆက်ဖို့ သွေးနဲ့ အသက် ကယ်မယ့်သူတွေ ဖြစ်တာကြောင့် သွေးလှူရှင်တွေကိုယ်တိုင်ကလည်း ကျန်းမာနေဖို့ လိုပါတယ်။ သွေးလှူရှင်တွေအနေနဲ့ ကျန်းမာရေးအတွက် သတိပြု ဆင်ခြင်နေထိုင်သင့်တဲ့ အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေသောက်ပါ

သွေးမလှူခင် သွေးလှူရှင်အနေနဲ့ ရေတစ်လီတာကို သောက်ပါ။ ရေမသောက်ချင်ရင် အရက်မဟုတ်တဲ့ အချိုရည်တွေ လည်း သောက်နိုင်ပါတယ်။ သွေးလှူပြီးတဲ့အခါမှာလည်း ကုန်ဆုံးသွားတဲ့သွေး ပြန်ဖြည့်နိုင်စေဖို့ ရေဓာတ် ပြည့်ဝအောင် ရေများများသောက်ပေးပါ။ သွေးမလှူခင် တစ်ရက်အတွင်း အရက်သောက်ခြင်းကို ရှောင်ပါ။ အကယ်၍ အရက်သောက် မိခဲ့ရင် ရေကို လိုတာထက် ပိုသောက်ဖို့ လိုပါတယ်။

၂။ အဆီများအစားအစာတွေ ရှောင်ပါ

အဆီများလွန်းတဲ့ အစားအစာတွေကို သွေးမလှူခင် သတိထားပြီး စားသင့်ပါတယ်။ အထူးသဖြင့် ဟမ်ဘာဂါ၊ ဆီကြော်အမျိုးမျိုး၊ အဆီများအစားအစာတွေနဲ့ ရေခဲမုန့်စတာတွေကို မစားသင့်ပါဘူး။ သွေးလှူတဲ့ အခါ အဆီကြောင့် သွေးခဲနေတာမျိုး ဖြစ်တတ်ပါတယ်။ အခြားရှောင်ရမယ့် အစားအစာတွေကတော့ ကော်ဖီနဲ့ လက်ဖက်ရည်၊ ဝိုင်နီနဲ့ ချောကလက် စတာတွေဖြစ်ပါတယ်။ သွေးလှူပြီးတဲ့အခါ ကုန်သွားတဲ့ သွေးအားတွေ ပြန်ဖြည့်ဖို့ အစားစားပါ။ အဓိကအားဖြင့် သံဓာတ်အားပြန်ဖြည့်ပေးနိုင်မယ့် အစားအစာတွေ စားပါ။ အမဲသား၊ သိုးသား၊ ကြက်သား၊ ဝက်သား၊ အသားခြောက်များ၊ ငါးအမျိုးမျိုး၊ ပင်လယ်စာ များနဲ့ အသည်းကဲ့သို့ ဝက်အသည်း၊ ကြက်အသည်း စတာတွေ စားသင့်ပါတယ်။ ဥတွေကိုလည်း စားနိုင်ပါတယ်။ အသားငါးတွေအပြင် အာလူး၊ ကန်စွန်းဥ၊ ပဲအမျိုးမျိုး၊ ဘရိုကိုလီ၊ ကိုက်လံစတဲ့ ဟင်းသီး ဟင်းရွက်တွေကို သွေးအားကောင်းစေဖို့ စားပေးပါ။ စတော်ဘယ်ရီ၊ ဖရဲသီးစတဲ့ အရည်ရွှမ်းသီးနှံတွေကို စားသုံးပါ။ ဗီတာမင်စီကြွယ်ဝတဲ့ ကီဝီသီး၊ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး စတာတွေကိုလည်း သွေးလှူရှင်တွေအနေနဲ့ စားသုံးသင့်ပါတယ်။

၃။ စိတ်ဖိစီးမှုမရှိအောင် နေပါ

သွေးလှူရှင်တစ်ယောက်အနေနဲ့ အိပ်ရေးဝအောင် အိပ်မယ်ဆိုရင် စိတ်ဖိစီးမှု မဖြစ်အောင် အတတ်နိုင်ဆုံး နေနိုင်မှာ ဖြစ်ပါတယ်။ အိပ်ရေးမဝရရင် စိတ်ဖိစီးမှု အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။ သွေးမလှူခင် စိတ်လှုပ်ရှားနေရင်၊ ကြောက် နေရင် အသက်မှန်မှန်ရှူခြင်း၊ သီချင်းနားထောင်ခြင်း၊ အဖော်တစ်ယောက်ယောက်နဲ့ စကားပြောပါ။ သွေးလှူပြီးနောက် ခေါင်းမူးခြင်း၊ ခေါင်းနောက်ခြင်းတွေဖြစ်ရင် အနားယူပါ။

၄။ သွေးလှူထားတဲ့လက်ကို အနားပေးပါ

သွေးလှူတဲ့အခါ လက်တစ်ဖက်က သွေးကြောကိုဖြစ်စေ၊ လက်နှစ်ဖက်လုံးက သွေးကြောကိုဖြစ်စေ ဖောက်ပြီး သွေးလှူရနိုင်ပါတယ်။ သွေးလှူရှင်အနေနဲ့ သွေးလှူထားတဲ့လက်ကို အနားပေးပါ။ အလေးအပင်မခြင်း၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတွေကို မလုပ်ပါနဲ့။

၅။ ပိုးသတ်ဆေး သောက်ထားတယ်ဆိုရင် ဆရာဝန်ကိုပြောပြပါ

သွေးလှူရှင်တစ်ယောက်အနေနဲ့ သွေးမလှူခင် ကျန်းမာရေးစစ်ဆေးမှု ခံယူတဲ့အခါမှာ ပိုးသတ်ဆေး သောက်ထားတယ် ဆိုရင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ အချို့သောပိုးသတ်ဆေးတွေဟာ သောက်သုံးပြီး နှစ်ရက်အတွင်း အာနိသင် မပြယ်လို့ သွေးမလှူသင့်တဲ့ အခြေအနေတွေ ရှိပါတယ်။ အသက်ကယ်ချင်ဇောနဲ့ သောက်နေရတဲ့ ဆေးတွေ မပြောပြတာ၊ ခွဲစိတ်ကုသဖူးတာနဲ့ လက်ရှိကျန်းမာရေး ပြဿနာရှိနေတာမျိုးကို ဆရာဝန်ထံ မပြောပြမိတာတွေ ရှိနိုင်တာကြောင့် မဖုံးကွယ်ထားပါနဲ့။

References: https://www.donateblood.com, https://www.healthline.com, https://www.redcrossblood.org

Credit – The Voice Journal

Leave a Reply

Your email address will not be published. Required fields are marked *