

(Zawgyi)






Copy-Naymyo

(Unicode)

” မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပုတီးစိပ်နည်း “

ဒို့လည်း ကျင့်ခဲ့တုန်းက ပုတီးနဲ့ ကျင့်ခဲ့ရတာ။ ပုတီးကျတော့ လက်ကလည်း ကြမ်းသဗျ၊ ပုတီးကလည်း ကြမ်းသဗျ။အကြမ်းနှစ်ခု ထိတော့ ဒီနေရာ အသိကပ်လို့ လွယ်သပေါ့။ ဒီဂုဏ်တော်စိပ်လို့ ဘာအကျိုးရမယ်၊ ညာအကျိုးရမယ်လို့ မမျှော်နဲ့။ လိုချင်တာက မတွေးဖြစ်ဖို့ပဲ။

ကိုယ့်ဘက်က အမှတ်များနေလို့ရှိရင် အတွေးနောက်ဆုတ်မှာပဲ။ ကျုပ်တုန်းကတော့ ဘာဂုဏ်တော်စိပ်လို့ ဘာသိဒ္ဓိကြီး၊ညာသိဒ္ဓိကြီး မလိုက်ဘူး။ တစ်လုံးထိ တစ်လုံးသိပဲ။ ကျုပ်ရဲ့ ပုတီးစိပ်တဲ့ ပန်းတိုင်က “ငါ့ စိတ်ကလေး ငါ့လက်ထဲ ရောက်ရမယ်။ ကိုယ့်စိတ်ကလေး ကိုယ့်လက်ထဲရောက်ရင် ကိုယ်ထားချင်တဲ့နေရာ ထားလို့ ရပြီပေါ့ဗျ။ ကျုပ်တုန်းက ပုတီးမပါလည်းပဲ လက်ညိုးနဲ့ လက်မ ပွတ်ပြီးတော့ ‘ အရဟံသိဒ္ဓိ ‘ ‘ အရဟံသိဒ္ဓိ ‘ လို့ ပွားနေတာ။

လက်ညိုးနဲ့လက်မက မထင်ရှားဘူးလား? … ထင်ရှားတယ်။ ကျုပ်က အဲ့လိုအသိလေး ကပ်ခဲ့တာ။ ရထားစီးစီး၊ ကားစီးစီး၊ ခြေလျှင်ကြွကြွ အဲ့လိုကျင့်ယူခဲ့ရတာဗျ။ တစ်မှတ်မိနေရင် တစ်တွေး နောက်ဆုတ်မှာပဲ။ ဆယ်မှတ်မိရင် ဆယ်တွေးနောက်ဆုတ်မှာပဲ။ ဘယ်သူ့ကိုမှ ရန်သွားမလုပ်နဲ့၊ ကိုယ့်ဘက်ကသာ အားကောင်းအောင်လုပ်။

ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Copy-Naymyo

Via-ကားချစ်သူ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top