တုပ္ေကြးျမန္ျမန္ေပ်ာက္ဖို႔ တုပ္ေကြးျဖစ္ေနခ်ိန္ စားေပးသင့္တဲ့ အစားအစာမ်ား

တုပ္ေကြးျမန္ျမန္ေပ်ာက္ဖို႔ တုပ္ေကြးျဖစ္ေနခ်ိန္ စားေပးသင့္တဲ့ အစားအစာမ်ား

(Zawgyi)

တုပ္ေကြးျမန္ျမန္ေပ်ာက္ဖို႔ တုပ္ေကြးျဖစ္ေနခ်ိန္ စားေပးသင့္တဲ့ အစားအစာမ်ား

အခုလို တုပ္ေကြးဖ်ားနာတာေတြ အျဖစ္မ်ားေနခ်ိန္မွာ တုပ္ေကြး လ်င္လ်င္ျမန္ျမန္ ေပ်ာက္ကင္းဖို႔ အစားအေသာက္ေ႐ြးခ်ယ္ စားသုံးတတ္ဖို႔ကလည္း အေရးႀကီးပါတယ္။ တုပ္ေကြးျဖစ္ေနခ်ိန္မွာ အသင့္စား အစားအစာေတြ၊ ကဖင္းဓာတ္ ပါဝင္တဲ့ လက္ဖက္ရည္၊ ေကာ္ဖီ စတာမ်ိဳးေတြနဲ႔ အယ္လ္ကိုေဟာ ေသာက္သုံံးျခင္းတို႔ကို ေရွာင္ၾကဥ္သင့္ၿပီး အခုေဖာ္ျပေပးမယ့္ အစားအစာေတြကို မ်ားမ်ား စားသုံးေပးသင့္ပါတယ္။

(၁) စြပ္ျပဳတ္

ၾကက္စြပ္ျပဳတ္လိုမ်ိဳး အသားစြပ္ျပဳတ္ေတြဟာ တုပ္ေကြးျဖစ္ေနခ်ိန္မွာ အားနည္းေနတဲ့ ကိုယ္ခံအားစနစ္ကို အလ်င္အျမန္ ျပန္လည္ ျဖည့္တင္းေပးႏိုင္တဲ့အျပင္ ခႏၶာကိုယ္တြင္း ေရဓာတ္ကိုလည္း ျပည့္ဝေစႏိုင္ပါတယ္။ ဒါ့အျပင္ တုပ္ေကြးေၾကာင့္ ခံတြင္းပ်က္ျခင္းနဲ႔ လည္ေခ်ာင္းနာျခင္းတို႔လို ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြကိုပါ ကာကြယ္ေပးႏိုင္ပါေသးတယ္။

(၂) ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာပါတဲ့ ပ႐ိုတင္းဓာတ္ဟာ ခႏၶာကိုယ္ ခုခံအားစနစ္ကို ေကာင္းမြန္ေစၿပီး လည္ေခ်ာင္းနာျခင္းကို သက္သာ ေစႏိုင္တာေၾကာင့္ သၾကား ထည့္သြင္းမထားတဲ့ ဒိန္ခ်ဥ္စစ္စစ္ကို တုပ္ေကြးျဖစ္ေနခ်ိန္မွာ စားေပးသင့္ပါတယ္။

(၃) ဗီတာမင္စီ

ဗီတာမင္စီ ပါဝင္ၿပီး အခ်ဥ္ဓာတ္မ်ားတဲ့ အသီးအႏွံေတြ စားသုံးျခင္းကလည္း တုပ္ေကြး ျမန္ျမန္ေပ်ာက္ဖို႔ ကူညီေပးႏိုင္ၿပီး တုပ္ေကြးဗိုင္းရပ္စ္ကို တိုက္ထုတ္ႏိုင္ဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။

(၄) ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴဟာဆိုရင္ တုပ္ေကြး မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ေပးႏိုင္သလို တုပ္ေကြးျဖစ္ေနခ်ိန္မွာလည္း သက္သာေပ်ာက္ကင္းဖို႔ အကူအညီ ေပးႏိုင္ပါတယ္။ ၾကက္သြန္ျဖဴမွာပါတဲ့ Allicin ဓာတ္ဟာ တုပ္ေကြးျဖစ္ေစတဲ့ ဘက္တီးရီးယားေတြနဲ႔ ဗိုင္းရပ္စ္ေတြကို တိုက္ထုတ္ေပးႏိုင္တာေၾကာင့္ အခုလိုရာသီမွာ ေန႔စဥ္ စားသုံးေပးသင့္ပါတယ္။

(၅) အစိမ္းရင့္ေရာင္ အ႐ြက္မ်ား

ဟင္းႏုႏြယ္၊ ကိုက္လန္တို႔လို အစိမ္းရင့္ေရာင္အ႐ြက္ေတြမွာ ဗီတာမင္စီနဲ႔ ဗီတာမင္အီးတို႔ ပါဝင္တာေၾကာင့္ ကိုယ္ခံအားစြမ္းအားကို ေကာင္းမြန္ေစၿပီး တုပ္ေကြးဖ်ားနာျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

Ref. www.healthline.com

Credit- ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

တုပ်ကွေးမြန်မြန်ပျောက်ဖို့ တုပ်ကွေးဖြစ်နေချိန် စားပေးသင့်တဲ့ အစားအစာများ

အခုလို တုပ်ကွေးဖျားနာတာတွေ အဖြစ်များနေချိန်မှာ တုပ်ကွေး လျင်လျင်မြန်မြန် ပျောက်ကင်းဖို့ အစားအသောက်ရွေးချယ် စားသုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ အသင့်စား အစားအစာတွေ၊ ကဖင်းဓာတ် ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ စတာမျိုးတွေနဲ့ အယ်လ်ကိုဟော သောက်သုံံးခြင်းတို့ကို ရှောင်ကြဉ်သင့်ပြီး အခုဖော်ပြပေးမယ့် အစားအစာတွေကို များများ စားသုံးပေးသင့်ပါတယ်။

(၁) စွပ်ပြုတ်

ကြက်စွပ်ပြုတ်လိုမျိုး အသားစွပ်ပြုတ်တွေဟာ တုပ်ကွေးဖြစ်နေချိန်မှာ အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကို အလျင်အမြန် ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ရေဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ဒါ့အပြင် တုပ်ကွေးကြောင့် ခံတွင်းပျက်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့လို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါသေးတယ်။

(၂) ဒိန်ချဉ်

ဒိန်ချဉ်မှာပါတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး လည်ချောင်းနာခြင်းကို သက်သာ စေနိုင်တာကြောင့် သကြား ထည့်သွင်းမထားတဲ့ ဒိန်ချဉ်စစ်စစ်ကို တုပ်ကွေးဖြစ်နေချိန်မှာ စားပေးသင့်ပါတယ်။

(၃) ဗီတာမင်စီ

ဗီတာမင်စီ ပါဝင်ပြီး အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ စားသုံးခြင်းကလည်း တုပ်ကွေး မြန်မြန်ပျောက်ဖို့ ကူညီပေးနိုင်ပြီး တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာဆိုရင် တုပ်ကွေး မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သလို တုပ်ကွေးဖြစ်နေချိန်မှာလည်း သက်သာပျောက်ကင်းဖို့ အကူအညီ ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ Allicin ဓာတ်ဟာ တုပ်ကွေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးနိုင်တာကြောင့် အခုလိုရာသီမှာ နေ့စဉ် စားသုံးပေးသင့်ပါတယ်။

(၅) အစိမ်းရင့်ရောင် အရွက်များ

ဟင်းနုနွယ်၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင်အရွက်တွေမှာ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ကိုယ်ခံအားစွမ်းအားကို ကောင်းမွန်စေပြီး တုပ်ကွေးဖျားနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Ref. www.healthline.com

Credit- ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top