သတင္း

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္း ထြက္မယ့္ေန႔ကို ေၾကညာလိုက္ပါၿပီ

(Zawgyi)

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္း ထြက္မယ့္ေန႔ကို ေၾကညာလိုက္ပါၿပီ

၂၀၁၉ – ခုႏွစ္ ၊ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ား ကို (၂ – ၆ – ၂၀၁၉) ရက္ ၊ တနဂၤေႏြေန႔ နံနက္ ( ၀၆:၀၀) နာရီ အခ်ိန္တြင္ ထုတ္ျပန္ေၾကညာမည္။

၁။ ၂၀၁၉ – ခုႏွစ္ ၊ မတ္လအတြင္းက က်င္းပစစ္ေဆးခဲ့ေသာ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ား ကို (၂ – ၆ – ၂၀၁၉) ရက္၊ တနဂၤေႏြေန႔ နံနက္ ( ၀၆:၀၀) နာရီ အခ်ိန္တြင္ ထုတ္ျပန္ေၾကညာမည္ ျဖစ္ပါသည္။

၂။ အဆိုပါေအာင္စာရင္းမ်ားကို ၿမိဳ႕နယ္အသီးသီးရွိ သက္ဆိုင္ရာ စာစစ္ဌာန ေက်ာင္းမ်ားတြင္ တစ္ခ်ိန္တည္း ကပ္ထား မည္ ျဖစ္ပါသည္။

၃။ ထို႔အျပင္

– အင္းစိန္ၿမိဳ႕နယ္၊ အမွတ္ (၁) အေျခခံပညာ အထက္တန္းေက်ာင္း၊

– ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္း၊

– ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္ (၃) အေျခခံပညာ အထက္တန္းေက်ာင္း၊

– လမ္းမေတာ္ၿမိဳ႕နယ္ ၊ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္း၊

– ဒဂုံၿမိဳ႕နယ္ ၊ အမွတ္ ( ၂ ) အေျခခံပညာ အထက္တန္းေက်ာင္းႏွင့္

– သကၤန္းကြၽန္းၿမိဳ႕နယ္ ၊ အမွတ္ ( ၁ ) အေျခခံပညာအထက္တန္းေက်ာင္း တို႔တြင္လည္း တိုင္းေဒသႀကီး/ျပည္နယ္မ်ား၏ ေအာင္စာရင္းမ်ားကို ကပ္ထားေပးမည္ျဖစ္ပါသည္။

၄။ တိုင္းေဒသႀကီး / ျပည္နယ္အလိုက္ ေအာင္စာရင္းမ်ားအားသက္ဆိုင္ရာ တိုင္းေဒသႀကီး / ျပည္နယ္ ပညာေရးမႉး႐ုံးမ်ားတြင္လည္းေကာင္း၊ ခ႐ိုင္အလိုက္သိရွိလိုပါက သက္ဆိုင္ရာ ခ႐ိုင္ပညာေရးမႉး ႐ုံးမ်ားတြင္လည္းေကာင္း၊ ၿမိဳ႕နယ္ အလိုက္ သိရွိလိုပါက သက္ဆိုင္ရာၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားတြင္လည္းေကာင္း (၂ -၆-၂၀၁၉) ရက္ေန႔ နံနက္(၆)နာရီ ေနာက္ပိုင္းတြင္ စုံစမ္းေမးျမန္းႏိုင္ပါသည္။

၅။ ေအာင္စာရင္း ထုတ္ျပန္မည့္ ( ၂ – ၆ – ၂၀၁၉ ) ရက္ေန နံနက္( ၆ ) နာရီ တြင္ ျမန္မာႏိုင္ငံ စာစစ္ ဦးစီးဌာန Website ျဖစ္ေသာ www.myanmarexam.org တြင္ ဝင္ေရာက္ ၾကည့္ရႈႏိုင္ရန္ စီစဥ္ထားမည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Credit-ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန

(Unicode)

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်မယ့်နေ့ကို ကြေညာလိုက်ပါပြီ

၂၀၁၉ – ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကို (၂ – ၆ – ၂၀၁၉) ရက် ၊ တနင်္ဂနွေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည်။

၁။ ၂၀၁၉ – ခုနှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကို (၂ – ၆ – ၂၀၁၉) ရက်၊ တနင်္ဂနွေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။

၂။ အဆိုပါအောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထား မည် ဖြစ်ပါသည်။

၃။ ထို့အပြင်

– အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊

– ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊

– ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊

– လမ်းမတော်မြို့နယ် ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊

– ဒဂုံမြို့နယ် ၊ အမှတ် ( ၂ ) အခြေခံပညာ အထက်တန်းကျောင်းနှင့်

– သင်္ကန်းကျွန်းမြို့နယ် ၊ အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးမည်ဖြစ်ပါသည်။

၄။ တိုင်းဒေသကြီး / ပြည်နယ်အလိုက် အောင်စာရင်းများအားသက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ပညာရေးမှူးရုံးများတွင်လည်းကောင်း၊ ခရိုင်အလိုက်သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ရုံးများတွင်လည်းကောင်း၊ မြို့နယ် အလိုက် သိရှိလိုပါက သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင်လည်းကောင်း (၂ -၆-၂၀၁၉) ရက်နေ့ နံနက်(၆)နာရီ နောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၅။ အောင်စာရင်း ထုတ်ပြန်မည့် ( ၂ – ၆ – ၂၀၁၉ ) ရက်နေ နံနက်( ၆ ) နာရီ တွင် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Credit-မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *