ဗဟုတုသ

ပိုက္ဆံက ရွာသေလာက္ မေလာက္ႏိုင္ဘူးလို႔ ဆိုသူမ်ား ဒီနည္းလမ္း ( ၇ ) ခုကို အသုံးျပဳၾကည့္ပါ။

(Zawgyi)

ပိုက္ဆံက ရွာသေလာက္ မေလာက္ႏိုင္ဘူးလို႔ ဆိုသူမ်ား ဒီနည္းလမ္း ( ၇ ) ခုကို အသုံးျပဳၾကည့္ပါ။

မိမိ ရွာႏိုင္သေလာက္ေငြကို မကုန္ေအာင္သုံးတဲ့ နည္းလမ္း ( ၇ ) ခု…။ တန္ဖိုးရွိလိုက္တဲ့ နည္းလမ္းေတြပါ။ ရွာႏိုင္တာထက္ ေလွ်ာ့သုံးႏိုင္ဖို႔ နည္းလမ္း(၇)ခု။ စီးပြားေရး, ေအာင္ျမင္ေရး ေငြေၾကးဆိုင္ရာ ပညာရွင္ေတြအားလုံးက သင္ရွာႏိုင္တာထက္ ေလွ်ာ့ၿပီးသုံးဖို႔ ေျပာေလ့ရွိၾကပါတယ္။

အသုံးစရိတ္က ဝင္ေငြထက္ နည္းရမယ္ဆိုတဲ့အေၾကာင္းကို အႀကိမ္ေပါင္းမ်ားစြာ ၾကားဖူးေနတာ မွန္ေပမယ့္ ေသခ်ာနားလည္ဖို႔ လိုပါတယ္။ ဝင္ေငြထက္ နည္းတဲ့ အသုံးစရိတ္နဲ႔ ဘယ္လိုေနႏိုင္မလဲဆိုတာကိုေရာ ႀကိဳးစားၾကည့္ဖူးပါသလား။

အမ်ားစုအတြက္ေတာ့ ဝင္ေငြထက္ ေလ်ာ့နည္းတဲ့အသုံးစရိတ္နဲ႔ ေနထိုင္ဖို႔က ေျပာသေလာက္ မလြယ္ပါဘူး။ အိမ္ငွားခေတြ၊ မီတာခ၊ ေရဖိုး၊ စားေသာက္စရိတ္၊ လူမႈေရးကုန္က်စရိတ္၊ လမ္းစရိတ္ စသျဖင့္ ေငြထြက္ေပါက္ေတြက အမ်ားႀကီးပဲျဖစ္ပါတယ္။ ေနာက္ထပ္ စိတ္မေကာင္းစရာ ေကာင္းတာကကြၽန္ေတာ္တို႔ လစာဝင္ေငြ တစ္ခုတည္းနဲ႔ လိုခ်င္တဲ့ ဘဝေနထိုင္မႈပုံစံကို မရႏိုင္တာပဲ ျဖစ္ပါတယ္။

ဒီလိုနဲ႔ အဆင္အျခင္မဲ့ ေလွ်ာက္သုံးရင္းကေန ေငြေၾကးအတြက္ စိတ္ဖိစီးပူပန္မႈေတြ ႀကဳံေတြ႕လာရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင္ရွာႏိုင္တာထက္ နည္းတဲ့အသုံစရိတ္နဲ႔ ေနႏိုင္ဖို႔ နည္းလမ္းေကာင္းအခ်ိဳ႕ကို ေဝမွ်ေပးခ်င္ပါတယ္။

၁။ ကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္ပါ

အိမ္မွာကိုယ္တိုင္ခ်က္ျပဳတ္စားတာ၊ အလုပ္ထဲကို ထမင္းဘူးထည့္သြားတာက စားေသာက္စရိတ္အတြက္ ကုန္က်ေငြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ကိုယ့္ထမင္းဘူး ကိုယ္ယူသြားတဲ့အတြက္ တစ္ပတ္ကို ဘယ္ေလာက္သက္သာမလဲဆိုတာ တြက္ၾကည့္ႏိုင္ပါတယ္။ ေနာက္ထပ္ အေရးႀကီးတာတစ္ခုကကိုယ္တိုင္ခ်က္တဲ့ အစားအစာေတြက သန႔္ရွင္းလတ္ဆတ္ၿပီး က်န္းမာေရးနဲ႔လည္း ညီၫြတ္ပါတယ္။

ဒါ့ေၾကာင့္ အခုကစၿပီး ကိုယ္တိုင္ခ်က္ျပဳတ္တတ္ေအာင္ ေလ့လာသင္ယူပါ။ ထမင္းဘူး ထည့္ယူသြားၿပီး ေန႔လည္စာအတြက္ အပိုထြက္လာတဲ့ေငြကို ႐ုံးပိတ္ရက္မွာ သုံးဖို႔ ဖယ္ထားလိုက္ပါ။

၂။ အသုံးစရိတ္တစ္ခု ေရးဆြဲပါ

အသုံးစရိတ္ကို ထိန္းသိမ္းႏိုင္ဖို႔ နည္းလမ္းတစ္ခုကေတာ့ စုေဆာင္းမယ့္ ေငြကို ဖယ္ၿပီး မျဖစ္မေနကုန္က်ရမယ့္ အသုံးစရိတ္စာရင္းတစ္ခု ေရးဆြဲထားဖို႔ပဲ ျဖစ္ပါတယ္။ တစ္လစာအတြက္ မျဖစ္မေနကုန္က်မယ့္ အနည္းဆုံး ကုန္က်စရိတ္ေတြကို ခ်ေရးလိုက္ပါ။ သင္ထင္ထားသေလာက္ မမ်ားတာကို ေတြ႕ရပါလိမ့္မယ္။ က်န္တဲ့ေငြထဲက ပမာဏတစ္ခုကို အလြယ္တကူထုတ္လို႔မရႏိုင္တဲ့ ဘဏ္စာရင္းတစ္ခုထဲမွာ သြားအပ္ထားလိုက္ပါ။

၃။ ေငြသုံးစြဲမႈဆိုင္ရာ App ေတြ အသုံးျပဳပါ

သင့္ရဲ႕ လစဥ္အသုံးစရိတ္ကို အလြယ္ကူဆုံး မွတ္တမ္းထားႏိုင္တဲ့ နည္းလမ္းကေတာ့ သင့္လက္ကိုင္ဖုန္းထဲမွာပဲ ျဖစ္ပါတယ္။ ေငြေၾကးစီမံခန႔္ခြဲမႈဆိုင္ရာ App ေတြ အမ်ားႀကီးရွိပါတယ္။ ဒီထဲကမွ သင့္အတြက္ အသုံးျပဳရလြယ္ကူၿပီး အဆင္ေျပမယ့္တစ္ခုကို ေ႐ြးခ်ယ္ၿပီး အသုံးျပဳပါ။ ဒီ App ေတြကို အသုံးျပဳျခင္းအားျဖင့္ တစ္လကုန္သြားတိုင္းမွာ သင့္ရဲ႕ အသုံးစရိတ္ကို ျပန္ဆန္းစစ္လို႔ ရႏိုင္မွာ ျဖစ္ပါတယ္။ ဘာေတြ အပိုသုံးမိလဲ၊ ဘာေတြက မလိုအပ္ဘူးလဲ ဆိုတာကို သိရွိၿပီး ျပင္ဆင္လို႔ ရႏိုင္မွာ ျဖစ္ပါတယ္။

၄။ ေဈးဝယ္တတ္ဖို႔ လိုပါတယ္

တစ္ခုခုဝယ္ေတာ့မယ္ဆိုရင္ အရင္ဆုံး ေသခ်ာစဥ္းစားရမွာ ျဖစ္ပါတယ္။ ဒီအရာကို လိုအပ္လား၊ ဘာအတြက္ သုံးမွာလဲ၊ ဘယ္အခ်ိန္မွာ သုံးမွာလဲ၊ အိမ္မွာရွိၿပီးသားလား စတဲ့ ေမးခြန္းေတြကို ျပန္ေျဖၾကည့္ပါ။ ၿပီးေတာ့ တကယ္လိုအပ္လို႔ ဝယ္ဖို႔ဆုံးျဖတ္လိုက္ၿပီးရင္လည္း တစ္ခါတည္း တန္းမဝယ္လိုက္ပါနဲ႔။ အရည္အေသြးတူပစၥည္းကို ေဈးႏႈန္းသက္သာတဲ့ေနရာကို ရွာေဖြဝယ္ယူပါ။ တစ္ခါတစ္ေလမွာ

ေလွ်ာ့ေဈးေပးတာ၊ အေရာင္းျမႇင့္တင္တဲ့အေနနဲ႔ ေဈးေလွ်ာ့ေရာင္းတာေတြကို လက္လြတ္မခံပါနဲ႔။ ဒီနည္းလမ္းနဲ႔ သင္ရဲ႕ေဈးသုံးစရိတ္ကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

၅။ အၿမဲတမ္းေပးေဆာင္ရသည့္ အသုံးစရိတ္မ်ားကို ျပန္စစ္ပါ

မီတာခ၊ ေရဖိုး၊ အာမခံေၾကး စသျဖင့္ အၿမဲတမ္း ေပးေဆာင္ေနရတဲ့ စရိတ္ေတြကို ျပန္ဆန္းစစ္ပါ။ ပိုသက္သာတဲ့ ဝန္ေဆာင္မႈကို ေျပာင္းလဲအသုံးျပဳပါ။ စုေငြအေပၚမွာ ရရွိတဲ့ အတိုးႏႈန္းထားကိုလည္း ေလ့လာဆန္းစစ္ၿပီး အတိုးပိုရတဲ့ေနရာမွာ စုေဆာင္းဖို႔ စဥ္းစားပါ။

၆။ ကူပြန္ေတြ၊ ေဘာက္ခ်ာေတြ အသုံးျပဳပါ

ေလွ်ာ့ေဈးကူပြန္ေတြ၊ လက္ေဆာင္ေဘာက္ခ်ာေတြကို ဒီအတိုင္းမထားပါနဲ႔။ ဉာဏ္ရွိသလို အသုံးခ်ပါ။ကိုယ္တိုင္အတြက္ အသုံးမတည့္ရင္ အသုံးတည့္မယ္သူကို ျပန္ေရာင္းပါ။

၇။ ကိုယ္တိုင္လုပ္ႏိုင္တာေတြ ကိုယ္တိုင္လုပ္ပါ

အိမ္အတြက္လိုအပ္တာေတြ၊ ၿခံဝန္းထဲမွာ ရွင္းလင္းစရာရွိတာေတြကို ကိုယ္တိုင္လုပ္ႏိုင္တာေတြကို ကိုယ္တိုင္လုပ္ပါ။ အခ်ိဳ႕ပစၥည္းေတြကို လုပ္ၿပီးသားမဝယ္ပဲနဲ႔ ကိုယ္တိုင္လုပ္လို႔ရတာေတြ ရွိပါတယ္။ ကိုယ္တိုင္လုပ္တတ္ေအာင္ ေလ့လာသင္ယူပါ။ သင့္အတြက္ ေငြကုန္ေၾကးက်သက္သာေစႏိုင္သလို႔ လုပ္တတ္ကိုင္တတ္တဲ့ အရည္အခ်င္းလည္း တိုးတက္လာမွာျဖစ္ပါတယ္။

ေငြစုေဆာင္းဖို႔နဲ႔ ေခြၽတာဖို႔က ေျပာတာထက္ လက္ေတြ႕မွာ ပိုမိုခက္ခဲၿပီး ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္း အမ်ားႀကီး လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ သင္သိသမွ် အေကာင္းဆုံးနည္းလမ္ေတြကို အသုံးျပဳပါ။

Credit-Gentleman Magazine

(Unicode)

ပိုက်ဆံက ရှာသလောက် မလောက်နိုင်ဘူးလို့ ဆိုသူများ ဒီနည်းလမ်း ( ၇ ) ခုကို အသုံးပြုကြည့်ပါ။

မိမိ ရှာနိုင်သလောက်ငွေကို မကုန်အောင်သုံးတဲ့ နည်းလမ်း ( ၇ ) ခု…။ တန်ဖိုးရှိလိုက်တဲ့ နည်းလမ်းတွေပါ။ ရှာနိုင်တာထက် လျှော့သုံးနိုင်ဖို့ နည်းလမ်း(၇)ခု။ စီးပွားရေး, အောင်မြင်ရေး ငွေကြေးဆိုင်ရာ ပညာရှင်တွေအားလုံးက သင်ရှာနိုင်တာထက် လျှော့ပြီးသုံးဖို့ ပြောလေ့ရှိကြပါတယ်။

အသုံးစရိတ်က ဝင်ငွေထက် နည်းရမယ်ဆိုတဲ့အကြောင်းကို အကြိမ်ပေါင်းများစွာ ကြားဖူးနေတာ မှန်ပေမယ့် သေချာနားလည်ဖို့ လိုပါတယ်။ ဝင်ငွေထက် နည်းတဲ့ အသုံးစရိတ်နဲ့ ဘယ်လိုနေနိုင်မလဲဆိုတာကိုရော ကြိုးစားကြည့်ဖူးပါသလား။

အများစုအတွက်တော့ ဝင်ငွေထက် လျော့နည်းတဲ့အသုံးစရိတ်နဲ့ နေထိုင်ဖို့က ပြောသလောက် မလွယ်ပါဘူး။ အိမ်ငှားခတွေ၊ မီတာခ၊ ရေဖိုး၊ စားသောက်စရိတ်၊ လူမှုရေးကုန်ကျစရိတ်၊ လမ်းစရိတ် စသဖြင့် ငွေထွက်ပေါက်တွေက အများကြီးပဲဖြစ်ပါတယ်။ နောက်ထပ် စိတ်မကောင်းစရာ ကောင်းတာကကျွန်တော်တို့ လစာဝင်ငွေ တစ်ခုတည်းနဲ့ လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံကို မရနိုင်တာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ အဆင်အခြင်မဲ့ လျှောက်သုံးရင်းကနေ ငွေကြေးအတွက် စိတ်ဖိစီးပူပန်မှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါ့ကြောင့် သင်ရှာနိုင်တာထက် နည်းတဲ့အသုံစရိတ်နဲ့ နေနိုင်ဖို့ နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

၁။ ကိုယ်တိုင်ချက်ပြုတ်စားသောက်ပါ

အိမ်မှာကိုယ်တိုင်ချက်ပြုတ်စားတာ၊ အလုပ်ထဲကို ထမင်းဘူးထည့်သွားတာက စားသောက်စရိတ်အတွက် ကုန်ကျငွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ့်ထမင်းဘူး ကိုယ်ယူသွားတဲ့အတွက် တစ်ပတ်ကို ဘယ်လောက်သက်သာမလဲဆိုတာ တွက်ကြည့်နိုင်ပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုကကိုယ်တိုင်ချက်တဲ့ အစားအစာတွေက သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ဒါ့ကြောင့် အခုကစပြီး ကိုယ်တိုင်ချက်ပြုတ်တတ်အောင် လေ့လာသင်ယူပါ။ ထမင်းဘူး ထည့်ယူသွားပြီး နေ့လည်စာအတွက် အပိုထွက်လာတဲ့ငွေကို ရုံးပိတ်ရက်မှာ သုံးဖို့ ဖယ်ထားလိုက်ပါ။

၂။ အသုံးစရိတ်တစ်ခု ရေးဆွဲပါ

အသုံးစရိတ်ကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ စုဆောင်းမယ့် ငွေကို ဖယ်ပြီး မဖြစ်မနေကုန်ကျရမယ့် အသုံးစရိတ်စာရင်းတစ်ခု ရေးဆွဲထားဖို့ပဲ ဖြစ်ပါတယ်။ တစ်လစာအတွက် မဖြစ်မနေကုန်ကျမယ့် အနည်းဆုံး ကုန်ကျစရိတ်တွေကို ချရေးလိုက်ပါ။ သင်ထင်ထားသလောက် မများတာကို တွေ့ရပါလိမ့်မယ်။ ကျန်တဲ့ငွေထဲက ပမာဏတစ်ခုကို အလွယ်တကူထုတ်လို့မရနိုင်တဲ့ ဘဏ်စာရင်းတစ်ခုထဲမှာ သွားအပ်ထားလိုက်ပါ။

၃။ ငွေသုံးစွဲမှုဆိုင်ရာ App တွေ အသုံးပြုပါ

သင့်ရဲ့ လစဉ်အသုံးစရိတ်ကို အလွယ်ကူဆုံး မှတ်တမ်းထားနိုင်တဲ့ နည်းလမ်းကတော့ သင့်လက်ကိုင်ဖုန်းထဲမှာပဲ ဖြစ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ App တွေ အများကြီးရှိပါတယ်။ ဒီထဲကမှ သင့်အတွက် အသုံးပြုရလွယ်ကူပြီး အဆင်ပြေမယ့်တစ်ခုကို ရွေးချယ်ပြီး အသုံးပြုပါ။ ဒီ App တွေကို အသုံးပြုခြင်းအားဖြင့် တစ်လကုန်သွားတိုင်းမှာ သင့်ရဲ့ အသုံးစရိတ်ကို ပြန်ဆန်းစစ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဘာတွေ အပိုသုံးမိလဲ၊ ဘာတွေက မလိုအပ်ဘူးလဲ ဆိုတာကို သိရှိပြီး ပြင်ဆင်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

၄။ ဈေးဝယ်တတ်ဖို့ လိုပါတယ်

တစ်ခုခုဝယ်တော့မယ်ဆိုရင် အရင်ဆုံး သေချာစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီအရာကို လိုအပ်လား၊ ဘာအတွက် သုံးမှာလဲ၊ ဘယ်အချိန်မှာ သုံးမှာလဲ၊ အိမ်မှာရှိပြီးသားလား စတဲ့ မေးခွန်းတွေကို ပြန်ဖြေကြည့်ပါ။ ပြီးတော့ တကယ်လိုအပ်လို့ ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီးရင်လည်း တစ်ခါတည်း တန်းမဝယ်လိုက်ပါနဲ့။ အရည်အသွေးတူပစ္စည်းကို ဈေးနှုန်းသက်သာတဲ့နေရာကို ရှာဖွေဝယ်ယူပါ။ တစ်ခါတစ်လေမှာ

လျှော့ဈေးပေးတာ၊ အရောင်းမြှင့်တင်တဲ့အနေနဲ့ ဈေးလျှော့ရောင်းတာတွေကို လက်လွတ်မခံပါနဲ့။ ဒီနည်းလမ်းနဲ့ သင်ရဲ့ဈေးသုံးစရိတ်ကို လျှော့ချနိုင်ပါတယ်။

၅။ အမြဲတမ်းပေးဆောင်ရသည့် အသုံးစရိတ်များကို ပြန်စစ်ပါ

မီတာခ၊ ရေဖိုး၊ အာမခံကြေး စသဖြင့် အမြဲတမ်း ပေးဆောင်နေရတဲ့ စရိတ်တွေကို ပြန်ဆန်းစစ်ပါ။ ပိုသက်သာတဲ့ ဝန်ဆောင်မှုကို ပြောင်းလဲအသုံးပြုပါ။ စုငွေအပေါ်မှာ ရရှိတဲ့ အတိုးနှုန်းထားကိုလည်း လေ့လာဆန်းစစ်ပြီး အတိုးပိုရတဲ့နေရာမှာ စုဆောင်းဖို့ စဉ်းစားပါ။

၆။ ကူပွန်တွေ၊ ဘောက်ချာတွေ အသုံးပြုပါ

လျှော့ဈေးကူပွန်တွေ၊ လက်ဆောင်ဘောက်ချာတွေကို ဒီအတိုင်းမထားပါနဲ့။ ဉာဏ်ရှိသလို အသုံးချပါ။ကိုယ်တိုင်အတွက် အသုံးမတည့်ရင် အသုံးတည့်မယ်သူကို ပြန်ရောင်းပါ။

၇။ ကိုယ်တိုင်လုပ်နိုင်တာတွေ ကိုယ်တိုင်လုပ်ပါ

အိမ်အတွက်လိုအပ်တာတွေ၊ ခြံဝန်းထဲမှာ ရှင်းလင်းစရာရှိတာတွေကို ကိုယ်တိုင်လုပ်နိုင်တာတွေကို ကိုယ်တိုင်လုပ်ပါ။ အချို့ပစ္စည်းတွေကို လုပ်ပြီးသားမဝယ်ပဲနဲ့ ကိုယ်တိုင်လုပ်လို့ရတာတွေ ရှိပါတယ်။ကိုယ်တိုင်လုပ်တတ်အောင် လေ့လာသင်ယူပါ။ သင့်အတွက် ငွေကုန်ကြေးကျသက်သာစေနိုင်သလို့ လုပ်တတ်ကိုင်တတ်တဲ့ အရည်အချင်းလည်း တိုးတက်လာမှာဖြစ်ပါတယ်။

ငွေစုဆောင်းဖို့နဲ့ ချွေတာဖို့က ပြောတာထက် လက်တွေ့မှာ ပိုမိုခက်ခဲပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အများကြီး လိုအပ်ပါတယ်။ ဒါ့ကြောင့် သင်သိသမျှ အကောင်းဆုံးနည်းလမ်တွေကို အသုံးပြုပါ။

Credit-Gentleman Magazine

Leave a Reply

Your email address will not be published. Required fields are marked *