သတင္း

Lady Justice (တရားမွ်တမႈ နတ္သမီး)ရဲ႕ စိတ္ဝင္စားဖြယ္ အေၾကာင္းအရာမ်ား

(Zawgyi)
Lady Justice (တရားမွ်တမႈ နတ္သမီး)ရဲ႕ စိတ္ဝင္စားဖြယ္ အေၾကာင္းအရာမ်ား
ဘယ္ဘက္လက္မွာ အတိမ္းအေစာင္း မရွိတဲ့ ခ်ိန္ခြင္ကို ကိုင္ေဆာင္ထားၿပီး ညာဘက္လက္မွာ ႏွစ္ဖက္သြား ဓားတလက္ကို ကိုင္ေဆာင္ထားတဲ့ Lady Justice ႐ုပ္ထုကို တရား႐ုံးေတြမွာ ထားရွိၾကတာကို အမ်ားအားျဖင့္ ေတြ႕ဖူးၾကမွာပါ။

ဒီ႐ုပ္ထုဟာ တရားဥပေဒစိုးမိုးေရးကို တင္စားပုံေဖာ္ထားတဲ့ ႐ုပ္ထုတခု ျဖစ္ၿပီး ႐ုပ္ထုရဲ႕ လူသိနည္းတဲ့ စိတ္ဝင္စားဖြယ္ အေၾကာင္းအရာေတြကို ဗဟုသုတအေနနဲ႔ ျပန္လည္ ေဖာ္ျပေပးတာ ျဖစ္ပါတယ္။

(၁) ၁၆ ရာစုေလာက္တည္းကစၿပီး Lady Justice ႐ုပ္ထုေတြမွာ မ်က္လုံးကို ဖုံးအုပ္ထားတဲ့ပုံစံ ထည့္သြင္းထုလုပ္ခဲ့ၾကၿပီး အဲဒီ မတိုင္ခင္တုန္းကေတာ့ Lady Justice ရဲ႕ မ်က္ႏွာဟာ သာမန္အတိုင္းပဲ ျဖစ္ပါတယ္။ ဒီလိုဖုံးအုပ္ရျခင္းရဲ႕ အဓိပၸါယ္အေၾကာင္းရင္းကေတာ့ ဆင္းရဲခ်မ္းသာ၊ ရာထူးအာဏာ ႀကီးငယ္မေ႐ြးကို ဘက္လိုက္ညႇာတာျခင္း မရွိဘဲ တရားဥပေဒအတိုင္း မွန္မွန္ကန္ကန္စီရင္မယ္ဆိုတာကို ရည္ၫႊန္းလိုျခင္းပဲ ျဖစ္ပါတယ္။

(၂) Lady Justice ရဲ႕ ဘယ္ဖက္လက္မွာ ကိုင္ေဆာင္ထားတဲ့ ခ်ိန္ခြင္ဟာဆိုရင္ေတာ့ တရားမွ်တမႈကို ကိုယ္စားျပဳၿပီး တရားစီရင္ရာမွာ ႏွစ္ဖက္စလုံး ညီမွ်မႈရွိတဲ့ အဓိပၸာယ္ကို ဆိုလိုျခင္းပဲ ျဖစ္ပါတယ္။

(၃) Lady Justice ရဲ႕ ညာဘက္မွာ ကိုင္ေဆာင္ထားတဲ့ ႏွစ္ဖက္သြားဓားဟာ ထက္ျမက္ျပတ္သားၿပီး တိက်ေသခ်ာတဲ့ တရားစီရင္ေရးကို ကိုယ္စားျပဳတာျဖစ္ၿပီး ေရွးေခတ္ဂရိနဲ႔ ေရာမေခတ္တို႔မွာ အခြင့္အာဏာကို ကိုယ္စားျပဳတာလည္း ျဖစ္ပါတယ္။

(၄) Lady Justice ၿခဳံလႊမ္းထားတဲ့ ဝတ္႐ုံကေတာ့ ေရွးေခတ္ ဂရိနဲ႔ ေရာမတို႔ရဲ႕ Greco-Roman ဆိုတဲ့ သေကၤတခုပဲျဖစ္ၿပီး အယူအဆအႀကံဉာဏ္ေတြကို သ႐ုပ္ေဖာ္ထားတဲ့ အဓိပၸာယ္သေကၤတ တခုလည္း ျဖစ္ပါတယ္။

(၅) Lady Justice ကို ဂရိဘာသာမွာ Lustitia (သို႔မဟုတ္) Justitia လို႔ ေခၚဆိုၾကၿပီး ဂရိဒ႑ာရီလာ နတ္ဘုရားတပါးလည္း ျဖစ္ပါတယ္။ ဂရိနဲ႔ ေရာမဘုရင္ Augustus က ဘီစီ ၁၃ ရာစုေလာက္မွာ သူမကို ဗိမာန္ခ်ီးျမႇင့္တည္ေဆာက္ေပးခဲ့ၿပီး ဘာသာေရးကိုးကြယ္မႈေတြအရ ေပၚေပါက္လာတဲ့ နတ္ဘုရားတပါး မဟုတ္ပါဘူး။

Ref: interestingfacts.tv

Credit – ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition
https://burma.irrawaddy.com/lifestyle/trend/2018/11/09/174431.html

(Unicode)
Lady Justice (တရားမျှတမှု နတ်သမီး)ရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ
ဘယ်ဘက်လက်မှာ အတိမ်းအစောင်း မရှိတဲ့ ချိန်ခွင်ကို ကိုင်ဆောင်ထားပြီး ညာဘက်လက်မှာ နှစ်ဖက်သွား ဓားတလက်ကို ကိုင်ဆောင်ထားတဲ့ Lady Justice ရုပ်ထုကို တရားရုံးတွေမှာ ထားရှိကြတာကို အများအားဖြင့် တွေ့ဖူးကြမှာပါ။

ဒီရုပ်ထုဟာ တရားဥပဒေစိုးမိုးရေးကို တင်စားပုံဖော်ထားတဲ့ ရုပ်ထုတခု ဖြစ်ပြီး ရုပ်ထုရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြန်လည် ဖော်ပြပေးတာ ဖြစ်ပါတယ်။

(၁) ၁၆ ရာစုလောက်တည်းကစပြီး Lady Justice ရုပ်ထုတွေမှာ မျက်လုံးကို ဖုံးအုပ်ထားတဲ့ပုံစံ ထည့်သွင်းထုလုပ်ခဲ့ကြပြီး အဲဒီ မတိုင်ခင်တုန်းကတော့ Lady Justice ရဲ့ မျက်နှာဟာ သာမန်အတိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖုံးအုပ်ရခြင်းရဲ့ အဓိပ္ပါယ်အကြောင်းရင်းကတော့ ဆင်းရဲချမ်းသာ၊ ရာထူးအာဏာ ကြီးငယ်မရွေးကို ဘက်လိုက်ညှာတာခြင်း မရှိဘဲ တရားဥပဒေအတိုင်း မှန်မှန်ကန်ကန်စီရင်မယ်ဆိုတာကို ရည်ညွှန်းလိုခြင်းပဲ ဖြစ်ပါတယ်။

(၂) Lady Justice ရဲ့ ဘယ်ဖက်လက်မှာ ကိုင်ဆောင်ထားတဲ့ ချိန်ခွင်ဟာဆိုရင်တော့ တရားမျှတမှုကို ကိုယ်စားပြုပြီး တရားစီရင်ရာမှာ နှစ်ဖက်စလုံး ညီမျှမှုရှိတဲ့ အဓိပ္ပာယ်ကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

(၃) Lady Justice ရဲ့ ညာဘက်မှာ ကိုင်ဆောင်ထားတဲ့ နှစ်ဖက်သွားဓားဟာ ထက်မြက်ပြတ်သားပြီး တိကျသေချာတဲ့ တရားစီရင်ရေးကို ကိုယ်စားပြုတာဖြစ်ပြီး ရှေးခေတ်ဂရိနဲ့ ရောမခေတ်တို့မှာ အခွင့်အာဏာကို ကိုယ်စားပြုတာလည်း ဖြစ်ပါတယ်။

(၄) Lady Justice ခြုံလွှမ်းထားတဲ့ ဝတ်ရုံကတော့ ရှေးခေတ် ဂရိနဲ့ ရောမတို့ရဲ့ Greco-Roman ဆိုတဲ့ သင်္ကေတခုပဲဖြစ်ပြီး အယူအဆအကြံဉာဏ်တွေကို သရုပ်ဖော်ထားတဲ့ အဓိပ္ပာယ်သင်္ကေတ တခုလည်း ဖြစ်ပါတယ်။

(၅) Lady Justice ကို ဂရိဘာသာမှာ Lustitia (သို့မဟုတ်) Justitia လို့ ခေါ်ဆိုကြပြီး ဂရိဒဏ္ဍာရီလာ နတ်ဘုရားတပါးလည်း ဖြစ်ပါတယ်။ ဂရိနဲ့ ရောမဘုရင် Augustus က ဘီစီ ၁၃ ရာစုလောက်မှာ သူမကို ဗိမာန်ချီးမြှင့်တည်ဆောက်ပေးခဲ့ပြီး ဘာသာရေးကိုးကွယ်မှုတွေအရ ပေါ်ပေါက်လာတဲ့ နတ်ဘုရားတပါး မဟုတ်ပါဘူး။

Ref: interestingfacts.tv

Credit – ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition
https://burma.irrawaddy.com/lifestyle/trend/2018/11/09/174431.html

Leave a Reply

Your email address will not be published. Required fields are marked *