ဗဟုတုသ

နိုင်ငံခြားဖြစ် အရက်များ အတုအစစ် ခွဲခြားနည်း

[Zawgyi]
ႏိုင္ငံျခားျဖစ္ အရက္မ်ား အတုအစစ္ ခြဲျခားနည္း

ကမာၻေပၚမွာ အရက္ေသာက္ၾကတဲ့ ဦးေရဟာ လူ ၁၀၀မွာ (၈၇.၆) ဦး ရွိတာကို ၂၀၁၄ ခုႏွစ္က ကမာၻ႔စစ္တမ္းေတြမွာ ေတြ႕ရပါတယ္။ ေသာက္ႏႈန္းမ်ားလာတာနဲ႔ အရက္ေတြကလည္း ေပါေခ်ာင္မူး အရက္၊ ေဈးႀကီးအရက္၊ အရက္အတုေတြပါ ထုတ္မေလာက္ျဖစ္လာေနေတာ့တာေပါ့။ အဆိုးဆုံးက ေဈးႀကီးေပးဝယ္ၾကတဲ့ တံဆိပ္ေကာင္း ဝီစကီ အရက္ေတြကို အတုထုတ္တာ မ်ားပါတယ္။

အာရွမွာ အမ်ားဆုံး ျဖန႔္ေနတဲ့ အရက္အတုဟာ ကံဆိုးရင္ ခ်က္ခ်င္း အဆိပ္ျဖစ္တတ္ၿပီး ေသဆုံးတာေၾကာင့္ ယမကာနဲ႔ ဒုကၡမေရာက္ေအာင္ အတုအစစ္ ခြဲျခားႏိုင္တဲ့ နည္းကို သိထားသင့္တယ္။ အရက္ အတုေတြဟာ ပုလင္းအျပင္ပိုင္း ဘားကုတ္အေပၚကေန အုပ္ထားတာေတြ၊ တံဆိပ္ေတြ အားလုံးတူေအာင္ ကြန္ျပဴတာ နည္းပညာနဲ႔ ထုတ္ထားတာဆိုေတာ့ ခြဲျခားရတာ ခက္ပါတယ္။ ေဈးႀကီး အရက္ေတြကို စစ္တဲ့နည္းကေတာ့ အေရးႀကီးဆုံး ပုလင္းရဲ႕ ေခါင္းပိုင္းသာ ျဖစ္တယ္လို႔ အတုအစစ္ ခြဲျပတဲ့ ပညာရွင္ေတြက ေျပာပါတယ္။

ဥပမာ.. black or red whisky Johnnie Walker အရက္နဲ႔ ျပၿပီး ခြဲျခားသိႏိုင္တဲ့ အခ်က္ေတြက – ေခါင္းပိုင္းက အဆက္ေနရာကို ေသျခာၾကည့္ရင္ အစစ္ဟာ Johnnie Walker လို႔ေရးထားတဲ့ စာတမ္းေနရာ အေနအထား ပ်က္မေနဘဲ အဆက္တုံးေလးေတြဟာ (အဝါ ျမႇားျပထား) အက္ေၾကာင္းမရွိ အဆက္ရာမရွိ ေတြ႕ရမွာပါ၊

(ပုံ ၁) အဖုံး ပါကင္ဖြင့္ထားၿပီးသားဆိုရင္ ပုလင္းအဖုံး မ်က္ႏွာျပင္ဟာ ပိန္ခ်ိဳင့္ေနတာ အစင္းေၾကာင္း ျခစ္ရာေတြ မ်ားေနတာ ေတြ႕ရပါလိမ့္မယ္။

(ပုံ ၂) အရက္ပုလင္းအတုေတြဆိုရင္ လွည့္ဖြင့္ထားတဲ့ေနရာေတြမွာ ဆက္ေၾကာင္း အတုံးေလးေတြ လြဲေနတာ ေတြ႕ရပါလိမ့္မယ္။

(ပုံ ၃) လည္ပင္းေနရာက အစင္းေၾကာင္း မပါဘဲ Johnnie Walker စာတမ္းလြဲေနတာ၊ အနီအစင္းေၾကာင္းေနရာမွာ ဖြင့္ထားတဲ့ အနာအဆာေလးေတြ ျမင္ရပါတယ္။

အစစ္၏ပံု
(၄) အေရာင္ကိုတူေအာင္ လုပ္ႏိုင္ေပမယ့္ အရက္အတု ပုလင္းကို မီးအလင္းေရာင္မွာ ေထာင္ၾကည့္မယ္၊ ဓါတ္မီးနဲ႔ ထိုးၾကည့္ရင္ အမႈန္အမႊားေလးေတြ ေတြ႕ရၿပီး အစစ္ကေတာ့ ပယင္းေက်ာက္လို ၾကည္လင္ေနပါတယ္။

(၅) ေနာက္ဆုံးအခ်က္က ပုလင္းကေန ဖန္ခြတ္ထဲ ထည့္လိုက္ရင္ အရက္အစစ္ဟာ တစ္ပက္စာက်ၿပီး ရပ္သြားမယ္၊ ဒလေဟာက်ၿပီး ရပ္မသြားခဲ့ရင္ေတာ့ ပါကင္ဖြင့္ၿပီးသား ျပင္ထားတာလို႔ ဆိုပါတယ္။

ယမကာသမားမ်ား အသက္ရွည္ၾကပါေစ။

(SAW)

ကိုးကား – Como identificar Whisky Red ou Black label

Credit : Social Action for Children and Women – SAW

[Unicode]

နိုင်ငံခြားဖြစ် အရက်များ အတုအစစ် ခွဲခြားနည်း

ကမ္ဘာပေါ်မှာ အရက်သောက်ကြတဲ့ ဦးရေဟာ လူ ၁၀၀ မှာ (၈၇.၆) ဦး ရှိတာကို ၂၀၁၄ ခုနှစ်က ကမ္ဘာ့စစ်တမ်းတွေမှာ တွေ့ရပါတယ်။ သောက်နှုန်း များလာတာနဲ့ အရက်တွေကလည်း ပေါချောင်မူး အရက်၊ ဈေးကြီးအရက်၊ အရက်အတုတွေ ပါ ထုတ်မလောက်ဖြစ်လာနေတော့တာပေါ့။ အဆိုးဆုံးက ဈေးကြီးပေးဝယ်ကြတဲ့ တံဆိပ်ကောင်း ဝီစကီ အရက်တွေကို အတုထုတ်တာ များပါတယ်။

အာရှမှာ အများဆုံး ဖြန့်နေတဲ့ အရက်အတုဟာ ကံဆိုးရင် ချက်ချင်း အဆိပ်ဖြစ်တတ်ပြီး သေဆုံးတာကြောင့် ယမကာနဲ့ ဒုက္ခမရောက်အောင် အတုအစစ် ခွဲခြားနိုင်တဲ့ နည်းကို သိထားသင့်တယ်။ အရက် အတုတွေဟာ ပုလင်းအပြင်ပိုင်း ဘားကုတ်အပေါ်ကနေ အုပ်ထားတာတွေ၊ တံဆိပ်တွေ အားလုံးတူအောင် ကွန်ပြူတာ နည်းပညာနဲ့ ထုတ်ထားတာ ဆိုတော့ ခွဲခြားရတာ ခက်ပါတယ်။ ဈေးကြီး အရက်တွေကို စစ်တဲ့နည်းကတော့ အရေးကြီးဆုံး ပုလင်းရဲ့ ခေါင်းပိုင်းသာ ဖြစ်တယ်လို့ အတုအစစ် ခွဲပြတဲ့ ပညာရှင်တွေက ပြောပါတယ်။

ဥပမာ.. black or red whisky Johnnie Walker အရက်နဲ့ ပြပြီး ခွဲခြားသိနိုင်တဲ့ အချက်တွေက – ခေါင်းပိုင်းက အဆက်နေရာကို သေခြာကြည့်ရင် အစစ်ဟာ Johnnie Walker လို့ရေးထားတဲ့ စာတမ်းနေရာ အနေအထား ပျက်မနေဘဲ အဆက်တုံးလေးတွေဟာ (အဝါ မြှားပြထား) အက်ကြောင်းမရှိ အဆက်ရာမရှိ တွေ့ရမှာပါ၊

(ပုံ ၁) အဖုံး ပါကင်ဖွင့်ထားပြီးသားဆိုရင် ပုလင်းအဖုံး မျက်နှာပြင်ဟာ ပိန်ချိုင့်နေတာ အစင်းကြောင်း ခြစ်ရာတွေ များနေတာ တွေ့ရပါလိမ့်မယ်။

(ပုံ ၂) အရက်ပုလင်းအတုတွေ ဆိုရင် လှည့်ဖွင့်ထားတဲ့နေရာတွေမှာ ဆက်ကြောင်း အတုံးလေးတွေ လွဲနေတာ တွေ့ရပါလိမ့်မယ်။

(ပုံ ၃) လည်ပင်းနေရာက အစင်းကြောင်း မပါဘဲ Johnnie Walker စာတမ်းလွဲနေတာ၊ အနီ အစင်းကြောင်းနေရာမှာ ဖွင့်ထားတဲ့ အနာအဆာလေးတွေ မြင်ရပါတယ်။

(၄) အရောင်ကိုတူအောင် လုပ်နိုင်ပေမယ့် အရက်အတု ပုလင်းကို မီးအလင်းရောင်မှာ ထောင်ကြည့်မယ်၊ ဓါတ်မီးနဲ့ ထိုးကြည့်ရင် အမှုန်အမွှားလေးတွေ တွေ့ရပြီး အစစ်ကတော့ ပယင်းကျောက်လို ကြည်လင်နေပါတယ်။

(၅) နောက်ဆုံးအချက်က ပုလင်းကနေ ဖန်ခွတ်ထဲ ထည့်လိုက်ရင် အရက်အစစ်ဟာ တစ်ပက်စာကျပြီး ရပ်သွားမယ်၊ ဒလဟောကျပြီး ရပ်မသွားခဲ့ရင်တော့ ပါကင်ဖွင့်ပြီးသား ပြင်ထားတာလို့ ဆိုပါတယ်။

ယမကာသမားများ အသက်ရှည်ကြပါစေ။

(SAW)

ကိုးကား – Como identificar Whisky Red ou Black label

Credit : Social Action for Children and Women – SAW

Leave a Reply

Your email address will not be published. Required fields are marked *