သတင္း

သြားနာ၊ သြားကိုက္၊ သြားယိုင္၊ သြားဖုံးနာ သြားေသြးယိုစိမ့္ျခင္း အတြက္ အစြမ္းထက္ ျမန္မာတိုင္းရင္းေဆးနည္း

(Zawgyi)
သြားနာ၊ သြားကိုက္၊ သြားယိုင္၊ သြားဖုံးနာ သြားေသြးယိုစိမ့္ျခင္း အတြက္ ေဆးနည္း

စိတ္ညစ္ဖြယ္ေကာင္းေအာင္ သြားကိုက္၊ သြားနာျခင္းႀကဳံရ၏။ သြားေဆးခန္း မၾကာခဏ သြားရေသာေၾကာင့္ သြားဆရာဝန္ႏွင့္ပင္ ေဖာက္သည္ျဖစ္ရကာ ရင္းႏွီးခင္မင္ ေနေတာ့သည္။ ျဖစ္ေလတိုင္း အဂၤလိပ္ေဆးက စြမ္းပါဘိ။ သြားႏုတ္၊ သြားဖါ၊ ေဆးထိုး ေဆးေသာက္ျဖင့္ သက္သာ ေပ်ာက္ကင္းရသည္သာ။

မၾကာမီ သြားကိုက္၊ သြားနာျပန္ျဖစ္ျပန္သည္။ ျမန္မာတိုင္းရင္းေဆးနည္းေလးမ်ားကို အထင္မေသးမိရန္ အေၾကာင္းတစ္ခု ဖန္လာသည္။ ထိုသည္က မန္က်ည္းေစ့ခြံႏွင့္ ေက်ာက္ခ်ဥ္သာ ျဖစ္ေတာ့၏။

မန္က်ည္းေစ့အရင့္ အေစ့ (၃၀)ကို ဒယ္အိုးတြင္ထည့္၍ မီးျဖင့္ ကြၽမ္းေအာင္ ေလွာ္လိုက္ၿပီး မန္က်ည္းေစ့၏ အေစ့ခြံယူရ၏။ မန္က်ည္းေစ့ အတြင္းသား အျဖဴကို မသုံးရပါ။ မန္က်ည္းေစ့အခြံ အကြၽမ္းေလွာ္ကို အမႈန႔္ျပဳ၍ ထားပါ။ ထိုေနာက္ ေက်ာက္ခ်ဥ္ (၁) မတ္သား တိတိကို ခြက္ငယ္ တစ္ခုတြင္တင္၍ မီးဖုတ္ပါ။ ငါးမႈန႔္ေၾကာ္သကဲ့သို႔ ေဖာင္းမို႔တက္လာပါက အေအးခံၿပီး ေက်ာက္ခ်ဥ္ မီးဖုတ္ကို အမႈန႔္ျပဳပါ။ မန္က်ည္းေစ့အခြံ မိးကြၽမ္းအေလွာ္ အမႈန႔္ႏွင့္ ေက်ာက္ခ်ဥ္မီးဖုတ္ အမႈန႔္ကို ေရာစပ္၍ ေလလုံေသာ ဗူးငယ္တြင္ ထည့္ထားပါ။

သြားနာ၊ သြားကိုက္၊ သြားယိုင္၊ သြားဖုံးနာႏွင့္ သြားေသြးယိုစိမ့္ျခင္းျဖစ္ပါက ထိုေဆးမႈန႔္ကို သိပ္ေပးပါ။ အျမန္ဆုံး သက္သာေပ်ာက္ကင္းပါေၾကာင္း။

သြားခိုင္ေစရန္ ေက်ာက္ခ်ဥ္ႏွင့္ င႐ုတ္ေကာင္းေစ့ကို ဆတူေရာၿပီး သံဆုံတြင္ ညက္ေအာင္ေထာင္း၍ နံနက္အိပ္ရာထတိုင္း သြားတိုက္ေပးပါ။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
သွားနာ၊ သွားကိုက်၊ သွားယိုင်၊ သွားဖုံးနာ သွားသွေးယိုစိမ့်ခြင်း အတွက် ဆေးနည်း

စိတ်ညစ်ဖွယ်ကောင်းအောင် သွားကိုက်၊ သွားနာခြင်းကြုံရ၏။ သွားဆေးခန်း မကြာခဏ သွားရသောကြောင့် သွားဆရာဝန်နှင့်ပင် ဖောက်သည်ဖြစ်ရကာ ရင်းနှီးခင်မင် နေတော့သည်။ ဖြစ်လေတိုင်း အင်္ဂလိပ်ဆေးက စွမ်းပါဘိ။ သွားနုတ်၊ သွားဖါ၊ ဆေးထိုး ဆေးသောက်ဖြင့် သက်သာ ပျောက်ကင်းရသည်သာ။

မကြာမီ သွားကိုက်၊ သွားနာပြန်ဖြစ်ပြန်သည်။ မြန်မာတိုင်းရင်းဆေးနည်းလေးများကို အထင်မသေးမိရန် အကြောင်းတစ်ခု ဖန်လာသည်။ ထိုသည်က မန်ကျည်းစေ့ခွံနှင့် ကျောက်ချဉ်သာ ဖြစ်တော့၏။

မန်ကျည်းစေ့အရင့် အစေ့ (၃၀)ကို ဒယ်အိုးတွင်ထည့်၍ မီးဖြင့် ကျွမ်းအောင် လှော်လိုက်ပြီး မန်ကျည်းစေ့၏ အစေ့ခွံယူရ၏။ မန်ကျည်းစေ့ အတွင်းသား အဖြူကို မသုံးရပါ။ မန်ကျည်းစေ့အခွံ အကျွမ်းလှော်ကို အမှုန့်ပြု၍ ထားပါ။ ထိုနောက် ကျောက်ချဉ် (၁) မတ်သား တိတိကို ခွက်ငယ် တစ်ခုတွင်တင်၍ မီးဖုတ်ပါ။ ငါးမှုန့်ကြော်သကဲ့သို့ ဖောင်းမို့တက်လာပါက အအေးခံပြီး ကျောက်ချဉ် မီးဖုတ်ကို အမှုန့်ပြုပါ။ မန်ကျည်းစေ့အခွံ မိးကျွမ်းအလှော် အမှုန့်နှင့် ကျောက်ချဉ်မီးဖုတ် အမှုန့်ကို ရောစပ်၍ လေလုံသော ဗူးငယ်တွင် ထည့်ထားပါ။

သွားနာ၊ သွားကိုက်၊ သွားယိုင်၊ သွားဖုံးနာနှင့် သွားသွေးယိုစိမ့်ခြင်းဖြစ်ပါက ထိုဆေးမှုန့်ကို သိပ်ပေးပါ။ အမြန်ဆုံး သက်သာပျောက်ကင်းပါကြောင်း။

သွားခိုင်စေရန် ကျောက်ချဉ်နှင့် ငရုတ်ကောင်းစေ့ကို ဆတူရောပြီး သံဆုံတွင် ညက်အောင်ထောင်း၍ နံနက်အိပ်ရာထတိုင်း သွားတိုက်ပေးပါ။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *