သတင္း

အဖုအက်ိတ္အတြက္ လက္ေတြ႕ ျမန္မာေဆးျမီးတို

(Zawgyi)
ကုသရန္ ခက္ခဲသူမ်ားအတြက္ အဖုအက်ိတ္ ေပ်ာက္ေစရန္

လက္ေတြ႕ႀကဳံမွ ေဆးၿမီးတိုကို ယုံမိသည္။ အဖုအက်ိတ္ျဖစ္၍ သိပၸံေဆးဝါးျဖင့္ ကုသရန္ ခက္ခဲေနသူမ်ားအား ထိလည္းထိေရာက္ ေငြကုန္ေၾကးက် နည္းပါးလွသည့္ ျမန္မာတိုင္းရင္း ေဆးၿမီးတိုနည္းေလးအား ေဝငွေပးခဲ့ပါသည္။ ေဘးထြက္ဆိုးက်ိဳးမ်ားလည္း မရွိပါေသာေၾကာင့္ စိတ္ခ်ယုံၾကည္စြာ သုံးႏိုင္ပါသည္။ နကၡတၱေရာင္ျခည္မဂၢဇင္းမွ အဖုအက်ိတ္အတြက္ မန္က်ည္း၊ ထုံး၊ ပ်ားကို သုံးၾကမွ ထုတ္ႏုတ္ေဖၚျပပါ သည္။ ေရးသူ(ဦးေဇာ္ဝင္း -ကုန္းေဇာင္းတိုက္နယ္ေဆး႐ုံ)။

ေဆးနည္းမွာ
(၁) ထုံး(ကြမ္းစားထုံး)
(၂) မန္က်ည္းမွည့္(အေစ့မပါ)
(၃) ပ်ားရည္စစ္

ထိုသုံးမ်ိဳးကို အဖုအက်ိတ္ အ႐ြယ္ပမာဏေပၚမူတည္ၿပီး ဆတူေရာ၍လက္ဖဝါးေပၚတြင္ နာနာပြတ္ၿပီးနယ္ေပးပါ။ လက္ဖဝါးေပၚတင္ကာ နယ္ထားေသာထုံး၊ မန္က်ည္းမွည့္၊ ပ်ားရည္တို႔ မွ်တစြာ ေရာစပ္သြားေသာ ေဆးကို အဖုအႀကိတ္ ေပၚတင္ရန္ ျဖစ္ပါသည္။ အဖုအက်ိတ္ေပၚ ေဆးတင္ေသာအခါ ပူေသာအရသာႏွင့္ အတြင္းသို႔ ဆြဲစုပ္သကဲ့သို႔ ခံစားရပါမည္။ ျပန္ၿပီးမခြာရပါ။ တစ္ေန႔လွ်င္ ထိုေဆးကို(၃)ႀကိမ္မွ် တင္ေပးႏိုင္ပါသည္။

အဖုအက်ိတ္ ျဖစ္ကာစဆိုပါလွ်င္ ေဆးတင္လိုက္ပါက (၃/၄)ရက္အတြင္း သက္သာေပ်ာက္ကင္းပါသည္။ အဖုအက်ိတ္ရင့္ၿပီး ကိုက္ခဲေနလွ်င္လည္း ေဆးတင္ေပးပါက ျပည္ေပါက္ၿပီး အနာကို အျမန္က်က္ေစပါသည္။

လိုသူတို႔သုံး စိတ္ႏွလုံး႐ႊင္ၿပဳံးႏိုင္ပါေစ…

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
ကုသရန် ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေရန်

လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန် ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်း ဆေးမြီးတိုနည်းလေးအား ဝေငှပေးခဲ့ပါသည်။ ဘေးထွက်ဆိုးကျိုးများလည်း မရှိပါသောကြောင့် စိတ်ချယုံကြည်စွာ သုံးနိုင်ပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ ပျားကို သုံးကြမှ ထုတ်နုတ်ဖေါ်ပြပါ သည်။ ရေးသူ(ဦးဇော်ဝင်း -ကုန်းဇောင်းတိုက်နယ်ဆေးရုံ)။

ဆေးနည်းမှာ
(၁) ထုံး(ကွမ်းစားထုံး)
(၂) မန်ကျည်းမှည့်(အစေ့မပါ)
(၃) ပျားရည်စစ်

ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီးနယ်ပေးပါ။ လက်ဖဝါးပေါ်တင်ကာ နယ်ထားသောထုံး၊ မန်ကျည်းမှည့်၊ ပျားရည်တို့ မျှတစွာ ရောစပ်သွားသော ဆေးကို အဖုအကြိတ် ပေါ်တင်ရန် ဖြစ်ပါသည်။ အဖုအကျိတ်ပေါ် ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ ဆွဲစုပ်သကဲ့သို့ ခံစားရပါမည်။ ပြန်ပြီးမခွာရပါ။ တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည်။

အဖုအကျိတ် ဖြစ်ကာစဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းပါသည်။ အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီး အနာကို အမြန်ကျက်စေပါသည်။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *