သတင္း

ေသြးတိုးသမားေတြအတြက္ အထူးသင့္ေတာ္တဲ့ ႂကြက္နား႐ြက္မႈိသုပ္နည္းမွန္

(Zawgyi)
ေသြးတိုးသမားေတြအတြက္ အထူးသင့္ေတာ္တဲ့ ႂကြက္နား႐ြက္မႈိသုပ္ စားရေအာင္

တ႐ုတ္႐ိုးရာ တိုင္းရင္းေဆးသေဘာအရ ကိုယ္တြင္းေသြးလည္ပတ္ျခင္းကို အေထာက္အကူျပဳသလို လူကိုဒုကၡ ေပးႏိုင္မယ့္ ကိုလက္စထေရာနည္းကာ ေသြးတိုးသမားေတြအတြက္အထူးသင့္ေတာ္တဲ့ အမဲေရာင္မႈိ ဒါမွမဟုတ္ ဂ်ယ္လီဖန္းဂပ္စ္ လို႔ ေခၚၾကၿပီး ျမန္မာႏိုင္ငံမွာေတာ့ ႂကြက္နား႐ြက္မႈိလို႔ ေျပာလိုက္ရင္ လူတိုင္းသိၾကပါတယ္။

ေဆးဖက္ဝင္ႂကြက္နား႐ြက္မႈိကို တ႐ုတ္လူမ်ိဳးေတြက ဟင္းပြဲေတြမွာ မပါမျဖစ္ ထည့္သုံးေလ့ရွိပါတယ္။ ဒီတပတ္ေတာ့ ေဆးဖက္ဝင္ ႂကြက္နား႐ြက္မႈိကို လြယ္လြယ္ကူကူနဲ႔ ဟင္းအရံတခြက္အျဖစ္ ဖန္တီးႏိုင္မယ့္ ခ်က္နည္းေလးကေတာ့ ႂကြက္နား႐ြက္မႈိ အသုပ္ပါ။

လိုအပ္တဲ့ပစၥည္းေတြက —

ႂကြက္နား႐ြက္မႈိ

ၾကက္သြန္ၿမိတ္

င႐ုတ္သီးေတာင့္

ပဲငံျပာရည္

ရွာလကာရည္

ခ႐ုဆီ

ႏွမ္းဆီ

ဆား

သၾကားတို႔ပါ။

အရင္ဆုံး ႂကြက္နား႐ြက္မႈိကို သန႔္စင္ၿပီး ၁ နာရီေလာက္ ေရစိမ္ထားေပးပါ။ ေရစိမ္ထားလိုက္ရင္ ပုံမွန္ထက္ ပို ႏူးညံ့ၿပီး ပိုပြားေစပါတယ္။ ေရစိမ္ၿပီးရင္ေတာ့ ပြက္ပြက္ဆူတဲ့ ေရေႏြးအိုးထဲ ၃-၄ မိနစ္ေလာက္ ထည့္ျပဳတ္ၿပီး ေရစစ္ထားလိုက္ပါ။

ျပဳတ္ၿပီး ေရစစ္ထားတဲ့ ႂကြက္နား႐ြက္မႈိေတြကို တလုပ္စာ စားလို႔အဆင္ေျပေအာင္ အေနေတာ္အ႐ြယ္ေလးေတြ ပိုင္းျဖတ္ပါ။ ၿပီးရင္ အသုပ္ထဲကို ထည့္မယ့္ေဆာ့စ္လုပ္ပါမယ္။

အဆင္သင့္ျပင္ထားတဲ့ ပဲငံျပာရည္၊ ရွာလကာ ရည္၊ ခ႐ုဆီ၊ ႏွမ္းဆီ၊ ဆား၊ သၾကားတို႔ကို သုပ္မယ့္ပမာဏေပၚမူတည္ၿပီး အခ်ိဳးက်ထည့္ပါ။ ၾကက္သြန္ၿမိတ္နဲ႔ င႐ုတ္သီးေတာင့္ကို ပါးပါးလွီးထည့္ပါ။ အရသာျမည္းၾကည့္ၿပီး အေပါ့အငန္ ကိုယ့္စိတ္ႀကိဳက္ ျပင္ဆင္ပါ။

ေဆာ့စ္ျပင္ဆင္ၿပီးၿပီဆိုရင္ အေနေတာ္အ႐ြယ္ ပိုင္းျဖတ္ထားတဲ့ ႂကြက္နား႐ြက္မႈိေတြနဲ႔ ေရာၿပီး သမေအာင္ေမႊပါ။ အရသာျမည္းၾကည့္လို႔ အဆင္ေျပၿပီဆိုရင္ ပန္းကန္လုံးေပၚကေန plastics wrap အုပ္ၿပီး မစားခင္ ေရခဲေသတၱာထဲ နာရီအနည္းငယ္ေလာက္ ထည့္ထားရင္ စားတဲ့အခါ ႂကြပ္ႂကြပ္႐ြ႐ြေလးနဲ႔ ပိုစားေကာင္းပါတယ္။

Ref: Mrs. P’s Kitchen

Credit – Aurora(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

သွေးတိုးသမားတွေအတွက် အထူးသင့်တော်တဲ့ ကြွက်နားရွက်မှိုသုပ် စားရအောင်

တရုတ်ရိုးရာ တိုင်းရင်းဆေးသဘောအရ ကိုယ်တွင်းသွေးလည်ပတ်ခြင်းကို အထောက်အကူပြုသလို လူကိုဒုက္ခ ပေးနိုင်မယ့် ကိုလက်စထရောနည်းကာ သွေးတိုးသမားတွေအတွက်အထူးသင့်တော်တဲ့ အမဲရောင်မှို ဒါမှမဟုတ် ဂျယ်လီဖန်းဂပ်စ် လို့ ခေါ်ကြပြီး မြန်မာနိုင်ငံမှာတော့ ကြွက်နားရွက်မှိုလို့ ပြောလိုက်ရင် လူတိုင်းသိကြပါတယ်။

ဆေးဖက်ဝင် ကြွက်နားရွက်မှိုကို တရုတ်လူမျိုးတွေက ဟင်းပွဲတွေမှာ မပါမဖြစ် ထည့်သုံးလေ့ရှိပါတယ်။ ဒီတပတ်တော့ ဆေးဖက်ဝင် ကြွက်နားရွက်မှိုကို လွယ်လွယ်ကူကူနဲ့ ဟင်းအရံတခွက်အဖြစ် ဖန်တီးနိုင်မယ့် ချက်နည်းလေးကတော့ ကြွက်နားရွက်မှို အသုပ်ပါ။

လိုအပ်တဲ့ပစ္စည်းတွေက —

ကြွက်နားရွက်မှို

ကြက်သွန်မြိတ်

ငရုတ်သီးတောင့်

ပဲငံပြာရည်

ရှာလကာရည်

ခရုဆီ

နှမ်းဆီ

ဆား

သကြားတို့ပါ။

အရင်ဆုံး ကြွက်နားရွက်မှိုကို သန့်စင်ပြီး ၁ နာရီလောက် ရေစိမ်ထားပေးပါ။ ရေစိမ်ထားလိုက်ရင် ပုံမှန်ထက် ပို နူးညံ့ပြီး ပိုပွားစေပါတယ်။ ရေစိမ်ပြီးရင်တော့ ပွက်ပွက်ဆူတဲ့ ရေနွေးအိုးထဲ ၃-၄ မိနစ်လောက် ထည့်ပြုတ်ပြီး ရေစစ်ထားလိုက်ပါ။

ပြုတ်ပြီး ရေစစ်ထားတဲ့ ကြွက်နားရွက်မှိုတွေကို တလုပ်စာ စားလို့အဆင်ပြေအောင် အနေတော်အရွယ်လေးတွေ ပိုင်းဖြတ်ပါ။ ပြီးရင် အသုပ်ထဲကို ထည့်မယ့်ဆော့စ်လုပ်ပါမယ်။

အဆင်သင့်ပြင်ထားတဲ့ ပဲငံပြာရည်၊ ရှာလကာ ရည်၊ ခရုဆီ၊ နှမ်းဆီ၊ ဆား၊ သကြားတို့ကို သုပ်မယ့်ပမာဏပေါ်မူတည်ပြီး အချိုးကျထည့်ပါ။ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးတောင့်ကို ပါးပါးလှီးထည့်ပါ။ အရသာမြည်းကြည့်ပြီး အပေါ့အငန် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပါ။

ဆော့စ်ပြင်ဆင်ပြီးပြီဆိုရင် အနေတော်အရွယ် ပိုင်းဖြတ်ထားတဲ့ ကြွက်နားရွက်မှိုတွေနဲ့ ရောပြီး သမအောင်မွှေပါ။ အရသာမြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ပန်းကန်လုံးပေါ်ကနေ plastics wrap အုပ်ပြီး မစားခင် ရေခဲသေတ္တာထဲ နာရီအနည်းငယ်လောက် ထည့်ထားရင် စားတဲ့အခါ ကြွပ်ကြွပ်ရွရွလေးနဲ့ ပိုစားကောင်းပါတယ်။

Ref: Mrs. P’s Kitchen

Credit – Aurora(ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *