သတင္း

နတ္ေဆးပင္အလား ၾကိတ္မွန္ႏွင့္ အံ့ဖြယ္ ေဆးအသံုးမ်ား

(Zawgyi)

ေဆးဖက္ဝင္ ႀကိတ္မွန္ပင္ႏွင့္ ေဆးအသုံးမ်ား

သြားခိုင္ေဆး – ႀကိတ္မွန္႐ြက္ လတ္လတ္ဆတ္ဆတ္ကို အမႈန႔္ေထာင္း။ ထို႔အမႈန႔္ႏွင့္ ႏြားႏို႔ကို တစ္လတိုင္ေအာင္ ေသာက္သင့္၏။ တစ္ႏွစ္ေသာက္ခဲ့ပါက ကန္းေနေသာသူမ်ားလည္း အျမင္သန္ႏိုင္သည္။အ ေနေသာသူမ်ားပင္ စကားေျပာႏိုင္လိမ့္မည္။ နားပင္းသူမ်ား အသံၾကားလာလိမ့္မည္။ နဲ႔ေနေသာ သြားမ်ား ခိုင္မာပါလိမ့္မည္။

ဆံပင္နက္ေဆး – ႀကိတ္မွန္႐ြက္၊ ႏွမ္းနက္ တို႔ကို အေလးတူယူ၍ အမႈန႔္ျပဳၿပီးလွ်င္ တစ္လတိုင္ေအာင္စားပါ။ စားတိုင္း ႏြားႏို႔ကို အၿမဲ မွီဝဲေပးခဲ့ေသာ္ အနာေရာဂါကင္းစင္သည့္အျပင္ အသက္ရွည္ ဆံပင္နက္ေစသည့္ အက်ိဳးထူး ခံစားရမည္။

က်န္းမာအသက္ရွည္ေဆး – ႀကိတ္မွန္႐ြက္၊ ႏွမ္းနက္၊ ဆီးျဖဴသီးေျခာက္ကို အေလးခ်ိန္တူယူ။ အေလးခ်ိန္ သုံးဆ သၾကားခဲကို ထည့္ေရာ၍ အမႈန႔္ျပဳၿပီး ေနစဥ္မျပတ္ မွီဝဲသြားခဲ့ေသာ္ အိုေသာ အျဖစ္မွ ေႏွးလိမ့္မည္။ အခ်ိန္မက်မွီ မေသနိင္ေပ။

စအိုေလ်ာနာ – ႀကိတ္မွန္ျမစ္ႏွင့္ နႏြင္းကို အညီ အမႈန႔္ေထာင္းၿပီးလိမ္းေပးပါက ထိုေရာဂါေပ်ာက္သည္။

ခ႐ုသင္းနာ – ႀကိတ္မွန္ျမစ္၊ ဖန္ခါးျမစ္ ႏွစ္မ်ိဳးကို အညီအမွ်ယူ အိုးတစ္ခုတြင္ ဖုတ္ပါ။ ျပာက်ပါက ထိုျပာကို ပုန္းရည္ျဖင့္ ေဖ်ာ္လိမ္းပါက ခ႐ုသင္းနာ ေပ်ာက္သည္။

ကာလသားေရာဂါ – ႀကိတ္မွန္႐ြက္၊ ၾကစုသီး၊ သစ္ဆိမ့္သီး၊ ႏွပ္ခ်ိဳျမစ္၊ ေၾကးနီမႈန႔္၊ သံမႈန႔္တို႔ကိုအညီအမွ် အေလးခ်ိန္ယူ၍ မႈန႔္ညက္ေအာင္ ေထာင္းၿပီး အနာရွိရာ လိမ္းပါက ေပ်ာက္ကင္း၏။

ေလတုလာသေရာ အက်ိတ္နာ – ပင္စိမ္း႐ြက္၊ ေ႐ြးျဖဴ႐ြက္၊ ဗုံလုံခါး႐ြက္ ၎တို႔ကို အညီအမွ်စီ ယူ။အားလုံး သုံးဆ ႀကိတ္မွန္႐ြက္သတၱဳရည္တြင္ ေရာ၍ႀကိတ္ၿပီး အေတာင့္လုပ္ထားပါ။ ၎ အေတာင့္ကိုဆံပုန္းရည္ျဖင့္ ေရာၿပီးလိမ္းပါက အထက္ပါေရာဂါလ်င္စြာ ေပ်ာက္ကင္းသည္။

ထိပ္ေျပာင္ေမြးကြၽတ္နာ – ႀကိတ္မွန္႐ြက္၊ မန္က်ီးသီး၊ ဆီးျဖဴသီးတို႔ကို သတၱဳရည္ျပဳ။ သံမဏိမႈန႔္ကိုေရာၿပီး ညက္စြာႀကိတ္ မွီဝဲခဲ့ေသာ္ ဆံပင္ကြၽတ္ျခင္း၊ ထိပ္ေျပာင္ျခင္းမ်ား ေပ်ာက္ကာ ဆံပင္ျပန္ေပါက္ပါလိမ့္မည္။

ေနလွည့္ေခါင္းကိုက္နာ – ႀကိတ္မွန္႐ြက္ သတၱဳရည္တြင္ ဆိတ္ႏို႔ကို ဆတူယူ ေရာၿပီး ေနတြင္လွမ္းပါ။ပူေႏြးေႏြး ရွိလာေသာအခါ ႐ူေပးပါက ထိုေရာဂါ ေပ်ာက္သည္။

ကိုယ္ေရဝါေရာဂါ – ႀကိတ္မွန္႐ြက္ သတၱဳရည္ကို ျငဳပ္ေကာင္းမႈန႔္ေရာ၍ နံနက္ေစာေစာတြင္ ဒိန္ရည္ျဖင့္ေသာက္ပါ။ ၇ ရက္ဆက္ေသာက္ပါက ေပ်ာက္ကင္းလိမ့္မည္။

ျပဒါးအဆိပ္သင့္နာ – ႀကိတ္မွန္႐ြက္ သတၱဳရည္၊ ေပါက္ပန္းျဖဴ႐ြက္ သတၱဳရည္၊ ေဆာ္ဒါမႈန႔္တို႔ကို ပုန္းရည္ျဖင့္ ေရာၿပီး တစ္ေန႔ ၃က်ပ္သားခန႔္ ေသာက္ေပးပါက ျပဒါးမ်ားသည္ က်င္ငယ္မွ သက္ဆင္း ေပ်ာက္ကင္းပါသည္။

မီးေလာင္နာ – ႀကိတ္မွန္႐ြက္ သတၱဳရည္ႏွင့္ ပင္စိမ္း႐ြက္သတၱဳရည္တို႔ကို ေရာ၍ မီးေလာင္နာတြင္တစ္ေန႔ ၂ ႀကိမ္ခန႔္ လိမ္းေပးပါက ပူေလာင္ျခင္း ေပ်ာက္ကင္း၍ အနာေပၚတြင္ အမာ႐ြတ္မ်ားပါ ေပ်ာက္ကင္းလိမ့္မည္။

အဆီတိုးေရာဂါ – ေန႔စဥ္ ညအိပ္ရာဝင္ခ်ိန္တြင္ ႀကိတ္မွန္႐ြက္ သတၱဳရည္ျဖင့္ ခႏၶာကိုယ္ကို လိမ္းေပး။ ၆ လတိုင္ ျပဳလုပ္ေပးပါ။ မ်ားျပားေနေသာ အဆီမ်ားေလ်ာ့ပါးၿပီး အဆီက်ိတ္မ်ားလည္း ေပ်ာက္ကင္းလိမ့္မည္။

ဝမ္းဗိုက္ပိုးနာ – ႀကိတ္မွန္႐ြက္ သတၱဳရည္ကို ဝစၥမဂ္၌ ၃၊ ၄ ႀကိမ္ လူးေပးပါက ပိုးမ်ား က်ဆင္းလာပါလိမ့္မည္။

ေရယုန္ႀကီးနာ – ႀကိတ္မွန္ျမစ္ႏွင့္ နႏြင္းကို ေရျဖင့္ေသြး၍ ေန႔စဥ္ လိမ္းက်ံေပးပါကေပ်ာက္ကင္းသည္။

ႏူမြဲနာ – ႀကိတ္မွန္ပင္ အစို တစ္ပင္လုံးကို ဖေယာင္းသားက်ေအာင္ႀကိတ္ၿပီး ႏွမ္းဆီျဖင့္ခ်က္ကာ ႏူမြဲ မ်ားကို လိမ္းေပးပါကေပ်ာက္ကင္းသည္။

ဝမ္းမီႏႈံႏွင့္ ေသြးအားနည္း – ႀကိတ္မွန္ပင္ တစ္ပင္လုံးကို ယူ၍ အရိပ္တြင္ ေသြ႕ေစကာအမႈန႔္ျပဳ ထို အမႈန႔္ျဖင့္အေလးခ်ိန္တူ ႀတိဖလ အမႈန႔္ ေရာစပ္။ ထို ၂ မ်ိဳးလုံး၏အေလးခ်ိန္ျဖင့္ ညီမွ်ေသာ သၾကားခဲ အေလးခ်ိန္ကို ယူၿပီ အမႈန႔္ျပဳေရာစပ္ ထိုအမႈန႔္ ၃ မတ္သားကို သင့္ေတာ္ေသာ အစာအဟာရျဖင့္ မွီဝဲခဲ့ပါက ဝမ္းမီးႏႈံႏွင့္ ေသြးအားနည္းေရာဂါ ေပ်ာက္ကင္းလာပါလိမ့္မည္။

ခံတြင္းပ်က္ႏွင့္ ႀကိတ္မွန္႐ြက္ယို – ႀကိတ္မွန္႐ြက္ ပၪၥငါးပါး ႏုတ္ႏုတ္စင္းၿပီးသား ၂၅ က်ပ္သားထန္းလ်က္သန႔္သန႔္ ၁၀ သား ႏွင့္ အရည္ညစ္ၿပီးသား ေရွာက္သီး ဖတ္ ၁၀ က်ပ္သား ၾကက္သြန္နီ ပါးပါးလွီးၿပီးသား ၁၀ သား စမုန္မ်ိဳးငါးပါး အမႈန႔္ႏွစ္ပဲသားစီ။ အထက္ပါ ေဆးအစုကို အိုးသစ္တြင္ ဆားသင့္႐ုံ ေရသင့္႐ုံထည့္ပါ။ မီးဖိုတြင္ ယိုထိုးသလို ထိုးပါ။ ယို အျဖစ္သို႔ ေရာက္ပါက အေအးခံဘူးသစ္တြင္ထည့္ အစာႏွင့္ ေဝးခ်ိန္ နံနက္ အိပ္ရာထ ေန႔လည္ ညအိပ္ရာဝင္ တစ္ေန႔ သုံးႀကိမ္စားေပး။ ထို ယိုျဖင့္ ေပ်ာက္ကင္းႏိုင္ေသာေရာဂါမ်ား ကိုယ္လက္ ေဖါေယာင္ ကိုယ္ဝန္ရွိစ ပ်ိဳ႕အန္နာ၊ ကိုယ္ဝန္ပ်က္၊ ၾကက္မ်က္သင့္၊ ေခ်ာင္းဆိုးပန္းနာ၊ ေျခတုန္လက္တုန္၊ တစ္ကိုယ္လုံးယာနာ၊ ႏွလုံးတုန္ရင္ခုန္၊ ႏွလုံးေရာဂါ၊ ေပြး၊ ဝဲ၊ ႏွင္းခူ၊ ဖိုမ အဂၤါစပ္ေရာင္ေရာဂါ၊ ဗရင္ဂ်ီနာ၊ မီးယပ္ကြက္၊ မီးယပ္ေခါင္းကိုက္၊မီးယပ္ထုံက်င္၊ ေမထုံလြန္၊ မ်က္စိမႈန္၊ ေယာင္ၿပီး လန႔္ေအာ္ေသာအနာ၊ ေလနာ၊ ဝမ္းကိုက္၊ ဝမ္းခ်ဳပ္လြန္၊ ဝမ္းသက္လြန္၊ သလိပ္နာ၊ သားအိမ္ကိုက္ခဲ၊ သည္းေျခေသြးပုပ္၊ ေသြးဆုံး၊ ေသြးလြန္၊ ေသြးအားနည္း စသည့္ ေရာဂါမ်ားအတြက္လည္း ထိေရာက္ပါသည္။

ႀကိတ္မွန္႐ြက္လက္သုပ္ – ႀကိတ္မွန္႐ြက္ကို ေရေႏြးေဖ်ာၿပီး ပါးပါးလွီး၊ ၾကက္သြန္နီဆီခ်က္၊ ႏွမ္းမႈန႔္၊ ပဲမႈန႔္အက်က္၊ မန္က်ည္းမွည့္ (သို႔) ေရွာက္ သံပရာ ငံျပာရည္တို႔ျဖင့္ သုပ္စားေပးျခင္းျဖင့္ အသားအရည္ ၾကည္လင္စိုျပည္လာပါလိမ့္မည္။ မိန္းခေလးမ်ားႏွင့္ အထူးသင့္ေတာ္သည္။ အထင္မေသးသင့္ေသာ သဘာဝ လမ္းေဘးေပါက္ႀကိတ္မွန္ပင္ အေၾကာင္းအား တင္ျပလိုက္ပါသည္။

ေဆးဝါးဆိုင္ရာ ဂုဏ္သတၱိ ပိုးအဆိပ္တို႔ကို ပယ္တတ္၏။ ဆံပင္ကို ေကာင္းေစသည္။ မ်က္စိအေရာင္ကို ေတာက္ေစသည္။ သြားကို ခိုင္ေစသည္။ ေလ၊ သလိပ္၊ ေဒါသတို႔ကို ႏိုင္သည္။ အားကိုျဖစ္ေစသည္။ ထို႔အျပင္လိင္ဥေရာင္၊ မ်က္စိေရာဂါ၊ ေခ်ာင္းဆိုး၊ ပန္းနာ၊ သမင္ျဖဴ၊ အေရျပား ယားယံျခင္း ကာလသားေရာဂါ၊ အဆိပ္ေရာဂါ တို႔၌လည္း သုံးရ၏။

ကိုယ္ဝန္ပ်က္စီးျခင္းႏွင့္ သားဖြားၿပီးေနာက္ သားအိမ္ကိုက္ခဲျခင္းကို ေပ်ာက္ကင္းေစသည္။ ႀကိတ္မွန္သည္ ဗိုက္တာမင္ေက၏ အစြမ္းသတၱိႏွင့္ တူညီၿပီး ေသြးတြင္းရွိ prothrob-obin ဓါတ္ကိုျမင့္တင္ေပးသျဖင့္ ေသြးတိတ္ေစသည္။ခႏၶာကိုယ္ hissamine ဓါတ္ေၾကာင့္ျဖစ္ေစေသာ ဓါတ္မတည့္သည္ကို သက္သာေစေသာ သတၱိရွိသည္။ ဘက္တီရီယား ပြါးေနသည္ကို ဟန႔္တားႏိုင္သည္။ ခြဲစိတ္ရာတြင္လည္းေကာင္း၊ မီးဖြားသည့္ကိစၥမ်ား ေဆာင္႐ြက္ရာတြင္လည္ေကာင္း ႏိုင္ငံတကာ သုေတသနစမ္းသက္ခ်က္အရ ပိုးသတ္ေဆး အာနိသင္ႏွင့္ ေသြးတိတ္ေစေသာ အာနိသင္ရွိေၾကာင္း သိရသည္။ တုပ္ေကြးေရာဂါ၊ အေအးမိေရာဂါ၊ အသက္ရႈလမ္းေၾကာင္းေရာဂါမ်ား ကုသရာတြင္လည္း အာနိသင္ ရွိသည္။carbon terachoride ျဖင့္အသည္းေရာင္ ျဖစ္ေစေသာ hepatitis ေရာဂါကို သက္သာေစပါသည္။ အျခားေဆးဖက္ဝင္ အမယ္မ်ားႏွင့္ ေပါင္းစပ္ၿပီး ေပါင္းစပ္ေဆးဖုံအျဖစ္ ထည့္သြင္း အသုံးျပဳ ၾကသည္။ ေသြးအားတိုးေဆးအေနျဖင့္လည္းေကာင္း ေသြးတိတ္ေဆး အေနျဖင့္လည္ေကာင္း အသုံးျပဳႏိုင္သည္။

ေခ်ာင္းဆိုးေသြးပါ၊ ဝမ္းကိုက္ေသြးပါ၊ မီးယပ္ေသြးမ်ားျခင္း၊ ႏွာေခါင္း ေသြးယိုျခင္း၊ လိပ္ေခါင္းေသြးယိုျခင္း၊ ေသြးအန္ျခင္း၊ ဆီးတြင္ေသြးပါျခင္း၊ ဒါဏ္ရာေသြးထြက္ျခင္း စသည္တို႔တြင္ သုံးႏိုင္သည္။အေရျပား အနီျပင္ထျခင္း၊ ဝက္သက္၊ ေခ်ာင္းဆိုး၊ ပန္းနာရင္ၾကပ္၊ မီးေလာင္နာတို႔ကို ကုသရာတြင္ အသုံးဝင္သည္။ ဆံပင္ေပါက္မႈကို အားေပးသည္။ ဆံပင္ကို နက္ေမွာင္သန္စြမ္းေစၿပီး အသည္းကို အားျဖစ္ေစသည့္အတြက္ ဆံပင္သန္စြမ္းၿပီး နက္ေစေသာ ေဆးမ်ားႏွင့္ အသည္းအားေဆးမ်ားတြင္ ပါဝင္အသုံးျပဳသည္။ ႂကြက္မ်ားအား စမ္းသပ္ခ်က္အရ ေဘးထြက္ဆိုးက်ိဳး မေတြ႕ရွိရေပ။

ကိုးကား ရွင္နာဂသိန္ပုံျပေဆးအဘိဓါန္

ျမန္မာ့ေဆးဖက္ဝင္ အပင္မ်ား

မသိသူေက်ာ္သြားေဆးမွတ္စု။

(Unicode)

ဆေးဖက်ဝင် ကြိတ်မှန်ပင်နှင့် ဆေးအသုံးများ

သွားခိုင်ဆေး – ကြိတ်မှန်ရွက် လတ်လတ်ဆတ်ဆတ်ကို အမှုန့်ထောင်း။ ထို့အမှုန့်နှင့် နွားနို့ကို တစ်လတိုင်အောင် သောက်သင့်၏။ တစ်နှစ်သောက်ခဲ့ပါက ကန်းနေသောသူများလည်း အမြင်သန်နိုင်သည်။အ နေသောသူများပင် စကားပြောနိုင်လိမ့်မည်။ နားပင်းသူများ အသံကြားလာလိမ့်မည်။ နဲ့နေသော သွားများ ခိုင်မာပါလိမ့်မည်။

ဆံပင်နက်ဆေး – ကြိတ်မှန်ရွက်၊ နှမ်းနက် တို့ကို အလေးတူယူ၍ အမှုန့်ပြုပြီးလျှင် တစ်လတိုင်အောင်စားပါ။ စားတိုင်း နွားနို့ကို အမြဲ မှီဝဲပေးခဲ့သော် အနာရောဂါကင်းစင်သည့်အပြင် အသက်ရှည် ဆံပင်နက်စေသည့် အကျိုးထူး ခံစားရမည်။

ကျန်းမာအသက်ရှည်ဆေး – ကြိတ်မှန်ရွက်၊ နှမ်းနက်၊ ဆီးဖြူသီးခြောက်ကို အလေးချိန်တူယူ။ အလေးချိန် သုံးဆ သကြားခဲကို ထည့်ရော၍ အမှုန့်ပြုပြီး နေစဉ်မပြတ် မှီဝဲသွားခဲ့သော် အိုသော အဖြစ်မှ နှေးလိမ့်မည်။ အချိန်မကျမှီ မသေနိင်ပေ။

စအိုလျောနာ – ကြိတ်မှန်မြစ်နှင့် နနွင်းကို အညီ အမှုန့်ထောင်းပြီးလိမ်းပေးပါက ထိုရောဂါပျောက်သည်။

ခရုသင်းနာ – ကြိတ်မှန်မြစ်၊ ဖန်ခါးမြစ် နှစ်မျိုးကို အညီအမျှယူ အိုးတစ်ခုတွင် ဖုတ်ပါ။ ပြာကျပါက ထိုပြာကို ပုန်းရည်ဖြင့် ဖျော်လိမ်းပါက ခရုသင်းနာ ပျောက်သည်။

ကာလသားရောဂါ – ကြိတ်မှန်ရွက်၊ ကြစုသီး၊ သစ်ဆိမ့်သီး၊ နှပ်ချိုမြစ်၊ ကြေးနီမှုန့်၊ သံမှုန့်တို့ကိုအညီအမျှ အလေးချိန်ယူ၍ မှုန့်ညက်အောင် ထောင်းပြီး အနာရှိရာ လိမ်းပါက ပျောက်ကင်း၏။

လေတုလာသရော အကျိတ်နာ – ပင်စိမ်းရွက်၊ ရွေးဖြူရွက်၊ ဗုံလုံခါးရွက် ၎င်းတို့ကို အညီအမျှစီ ယူ။အားလုံး သုံးဆ ကြိတ်မှန်ရွက်သတ္တုရည်တွင် ရော၍ကြိတ်ပြီး အတောင့်လုပ်ထားပါ။ ၎င်း အတောင့်ကိုဆံပုန်းရည်ဖြင့် ရောပြီးလိမ်းပါက အထက်ပါရောဂါလျင်စွာ ပျောက်ကင်းသည်။

ထိပ်ပြောင်မွေးကျွတ်နာ – ကြိတ်မှန်ရွက်၊ မန်ကျီးသီး၊ ဆီးဖြူသီးတို့ကို သတ္တုရည်ပြု။ သံမဏိမှုန့်ကိုရောပြီး ညက်စွာကြိတ် မှီဝဲခဲ့သော် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းများ ပျောက်ကာ ဆံပင်ပြန်ပေါက်ပါလိမ့်မည်။

နေလှည့်ခေါင်းကိုက်နာ – ကြိတ်မှန်ရွက် သတ္တုရည်တွင် ဆိတ်နို့ကို ဆတူယူ ရောပြီး နေတွင်လှမ်းပါ။ပူနွေးနွေး ရှိလာသောအခါ ရူပေးပါက ထိုရောဂါ ပျောက်သည်။

ကိုယ်ရေဝါရောဂါ – ကြိတ်မှန်ရွက် သတ္တုရည်ကို ငြုပ်ကောင်းမှုန့်ရော၍ နံနက်စောစောတွင် ဒိန်ရည်ဖြင့်သောက်ပါ။ ၇ ရက်ဆက်သောက်ပါက ပျောက်ကင်းလိမ့်မည်။

ပြဒါးအဆိပ်သင့်နာ – ကြိတ်မှန်ရွက် သတ္တုရည်၊ ပေါက်ပန်းဖြူရွက် သတ္တုရည်၊ ဆော်ဒါမှုန့်တို့ကို ပုန်းရည်ဖြင့် ရောပြီး တစ်နေ့ ၃ကျပ်သားခန့် သောက်ပေးပါက ပြဒါးများသည် ကျင်ငယ်မှ သက်ဆင်း ပျောက်ကင်းပါသည်။

မီးလောင်နာ – ကြိတ်မှန်ရွက် သတ္တုရည်နှင့် ပင်စိမ်းရွက်သတ္တုရည်တို့ကို ရော၍ မီးလောင်နာတွင်တစ်နေ့ ၂ ကြိမ်ခန့် လိမ်းပေးပါက ပူလောင်ခြင်း ပျောက်ကင်း၍ အနာပေါ်တွင် အမာရွတ်များပါ ပျောက်ကင်းလိမ့်မည်။

အဆီတိုးရောဂါ – နေ့စဉ် ညအိပ်ရာဝင်ချိန်တွင် ကြိတ်မှန်ရွက် သတ္တုရည်ဖြင့် ခန္ဓာကိုယ်ကို လိမ်းပေး။ ၆ လတိုင် ပြုလုပ်ပေးပါ။ များပြားနေသော အဆီများလျော့ပါးပြီး အဆီကျိတ်များလည်း ပျောက်ကင်းလိမ့်မည်။

ဝမ်းဗိုက်ပိုးနာ – ကြိတ်မှန်ရွက် သတ္တုရည်ကို ဝစ္စမဂ်၌ ၃၊ ၄ ကြိမ် လူးပေးပါက ပိုးများ ကျဆင်းလာပါလိမ့်မည်။

ရေယုန်ကြီးနာ – ကြိတ်မှန်မြစ်နှင့် နနွင်းကို ရေဖြင့်သွေး၍ နေ့စဉ် လိမ်းကျံပေးပါကပျောက်ကင်းသည်။

နူမွဲနာ – ကြိတ်မှန်ပင် အစို တစ်ပင်လုံးကို ဖယောင်းသားကျအောင်ကြိတ်ပြီး နှမ်းဆီဖြင့်ချက်ကာ နူမွဲ များကို လိမ်းပေးပါကပျောက်ကင်းသည်။

ဝမ်းမီနှုံနှင့် သွေးအားနည်း – ကြိတ်မှန်ပင် တစ်ပင်လုံးကို ယူ၍ အရိပ်တွင် သွေ့စေကာအမှုန့်ပြု ထို အမှုန့်ဖြင့်အလေးချိန်တူ တြိဖလ အမှုန့် ရောစပ်။ ထို ၂ မျိုးလုံး၏အလေးချိန်ဖြင့် ညီမျှသော သကြားခဲ အလေးချိန်ကို ယူပြီ အမှုန့်ပြုရောစပ် ထိုအမှုန့် ၃ မတ်သားကို သင့်တော်သော အစာအဟာရဖြင့် မှီဝဲခဲ့ပါက ဝမ်းမီးနှုံနှင့် သွေးအားနည်းရောဂါ ပျောက်ကင်းလာပါလိမ့်မည်။

ခံတွင်းပျက်နှင့် ကြိတ်မှန်ရွက်ယို – ကြိတ်မှန်ရွက် ပဉ္စငါးပါး နုတ်နုတ်စင်းပြီးသား ၂၅ ကျပ်သားထန်းလျက်သန့်သန့် ၁၀ သား နှင့် အရည်ညစ်ပြီးသား ရှောက်သီး ဖတ် ၁၀ ကျပ်သား ကြက်သွန်နီ ပါးပါးလှီးပြီးသား ၁၀ သား စမုန်မျိုးငါးပါး အမှုန့်နှစ်ပဲသားစီ။ အထက်ပါ ဆေးအစုကို အိုးသစ်တွင် ဆားသင့်ရုံ ရေသင့်ရုံထည့်ပါ။ မီးဖိုတွင် ယိုထိုးသလို ထိုးပါ။ ယို အဖြစ်သို့ ရောက်ပါက အအေးခံဘူးသစ်တွင်ထည့် အစာနှင့် ဝေးချိန် နံနက် အိပ်ရာထ နေ့လည် ညအိပ်ရာဝင် တစ်နေ့ သုံးကြိမ်စားပေး။ ထို ယိုဖြင့် ပျောက်ကင်းနိုင်သောရောဂါများ ကိုယ်လက် ဖေါယောင် ကိုယ်ဝန်ရှိစ ပျို့အန်နာ၊ ကိုယ်ဝန်ပျက်၊ ကြက်မျက်သင့်၊ ချောင်းဆိုးပန်းနာ၊ ခြေတုန်လက်တုန်၊ တစ်ကိုယ်လုံးယာနာ၊ နှလုံးတုန်ရင်ခုန်၊ နှလုံးရောဂါ၊ ပွေး၊ ဝဲ၊ နှင်းခူ၊ ဖိုမ အင်္ဂါစပ်ရောင်ရောဂါ၊ ဗရင်ဂျီနာ၊ မီးယပ်ကွက်၊ မီးယပ်ခေါင်းကိုက်၊မီးယပ်ထုံကျင်၊ မေထုံလွန်၊ မျက်စိမှုန်၊ ယောင်ပြီး လန့်အော်သောအနာ၊ လေနာ၊ ဝမ်းကိုက်၊ ဝမ်းချုပ်လွန်၊ ဝမ်းသက်လွန်၊ သလိပ်နာ၊ သားအိမ်ကိုက်ခဲ၊ သည်းခြေသွေးပုပ်၊ သွေးဆုံး၊ သွေးလွန်၊
သွေးအားနည်း စသည့် ရောဂါများအတွက်လည်း ထိရောက်ပါသည်။

ကြိတ်မှန်ရွက်လက်သုပ် – ကြိတ်မှန်ရွက်ကို ရေနွေးဖျောပြီး ပါးပါးလှီး၊ ကြက်သွန်နီဆီချက်၊ နှမ်းမှုန့်၊ ပဲမှုန့်အကျက်၊ မန်ကျည်းမှည့် (သို့) ရှောက် သံပရာ ငံပြာရည်တို့ဖြင့် သုပ်စားပေးခြင်းဖြင့် အသားအရည် ကြည်လင်စိုပြည်လာပါလိမ့်မည်။ မိန်းခလေးများနှင့် အထူးသင့်တော်သည်။ အထင်မသေးသင့်သော သဘာဝ လမ်းဘေးပေါက်ကြိတ်မှန်ပင် အကြောင်းအား တင်ပြလိုက်ပါသည်။

ဆေးဝါးဆိုင်ရာ ဂုဏ်သတ္တိ ပိုးအဆိပ်တို့ကို ပယ်တတ်၏။ ဆံပင်ကို ကောင်းစေသည်။ မျက်စိအရောင်ကို တောက်စေသည်။ သွားကို ခိုင်စေသည်။ လေ၊ သလိပ်၊ ဒေါသတို့ကို နိုင်သည်။ အားကိုဖြစ်စေသည်။ ထို့အပြင်လိင်ဥရောင်၊ မျက်စိရောဂါ၊ ချောင်းဆိုး၊ ပန်းနာ၊ သမင်ဖြူ၊ အရေပြား ယားယံခြင်း ကာလသားရောဂါ၊ အဆိပ်ရောဂါ တို့၌လည်း သုံးရ၏။

ကိုယ်ဝန်ပျက်စီးခြင်းနှင့် သားဖွားပြီးနောက် သားအိမ်ကိုက်ခဲခြင်းကို ပျောက်ကင်းစေသည်။ ကြိတ်မှန်သည် ဗိုက်တာမင်ကေ၏ အစွမ်းသတ္တိနှင့် တူညီပြီး သွေးတွင်းရှိ prothrob-obin ဓါတ်ကိုမြင့်တင်ပေးသဖြင့် သွေးတိတ်စေသည်။ခန္ဓာကိုယ် hissamine ဓါတ်ကြောင့်ဖြစ်စေသော ဓါတ်မတည့်သည်ကို သက်သာစေသော သတ္တိရှိသည်။ ဘက်တီရီယား ပွါးနေသည်ကို ဟန့်တားနိုင်သည်။ ခွဲစိတ်ရာတွင်လည်းကောင်း၊ မီးဖွားသည့်ကိစ္စများ ဆောင်ရွက်ရာတွင်လည်ကောင်း နိုင်ငံတကာ သုတေသနစမ်းသက်ချက်အရ ပိုးသတ်ဆေး အာနိသင်နှင့် သွေးတိတ်စေသော အာနိသင်ရှိကြောင်း သိရသည်။
တုပ်ကွေးရောဂါ၊ အအေးမိရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါများ ကုသရာတွင်လည်း အာနိသင် ရှိသည်။carbon terachoride ဖြင့်အသည်းရောင် ဖြစ်စေသော hepatitis ရောဂါကို သက်သာစေပါသည်။ အခြားဆေးဖက်ဝင် အမယ်များနှင့် ပေါင်းစပ်ပြီး ပေါင်းစပ်ဆေးဖုံအဖြစ် ထည့်သွင်း အသုံးပြု ကြသည်။ သွေးအားတိုးဆေးအနေဖြင့်လည်းကောင်း သွေးတိတ်ဆေး အနေဖြင့်လည်ကောင်း အသုံးပြုနိုင်သည်။

ချောင်းဆိုးသွေးပါ၊ ဝမ်းကိုက်သွေးပါ၊ မီးယပ်သွေးများခြင်း၊ နှာခေါင်း သွေးယိုခြင်း၊ လိပ်ခေါင်းသွေးယိုခြင်း၊ သွေးအန်ခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဒါဏ်ရာသွေးထွက်ခြင်း စသည်တို့တွင် သုံးနိုင်သည်။အရေပြား အနီပြင်ထခြင်း၊ ဝက်သက်၊ ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ မီးလောင်နာတို့ကို ကုသရာတွင် အသုံးဝင်သည်။ ဆံပင်ပေါက်မှုကို အားပေးသည်။ ဆံပင်ကို နက်မှောင်သန်စွမ်းစေပြီး အသည်းကို အားဖြစ်စေသည့်အတွက် ဆံပင်သန်စွမ်းပြီး နက်စေသော ဆေးများနှင့် အသည်းအားဆေးများတွင် ပါဝင်အသုံးပြုသည်။ ကြွက်များအား စမ်းသပ်ချက်အရ ဘေးထွက်ဆိုးကျိုး မတွေ့ရှိရပေ။

ကိုးကား ရှင်နာဂသိန်ပုံပြဆေးအဘိဓါန်

မြန်မာ့ဆေးဖက်ဝင် အပင်များ

မသိသူကျော်သွားဆေးမှတ်စု။

Leave a Reply

Your email address will not be published. Required fields are marked *