သတင္း

နတ်ဆရာ ဖော်သည့် ဆေးသည် ကိုဗစ်ကို ကာကွယ်နိုင်သည်ဆိုကာသောက်ပြခဲ့သည့် သီရိလင်္ကာကျန်းမာရေးဝန်ကြီး ကိုဗစ်ကူးစက်ခံလိုက်ရ

(Unicode)

နတ်ဆရာ ဖော်သည့် ဆေးသည် ကိုဗစ်ကို ကာကွယ်နိုင်သည်ဆိုကာသောက်ပြခဲ့သည့် သီရိလင်္ကာကျန်းမာရေးဝန်ကြီး ကိုဗစ်ကူးစက်ခံလိုက်ရ

====================================

နတ်ဆရာတစ်ဦး ဖော်သည့် ဆေးရည်သည် ကိုဗစ်ကူးစက်မခံရစေရန် ကာကွယ်ပေးနိုင်သည်ဟု ပြောကာ ထိုဆေးကို လူရှေ့သူရှေ့ သောက်ပြပြီး ထောက်ခံပေး ခဲ့သည့် သီရိလင်္ကာကျန်းမာရေးဝန်ကြီး ကိုဗစ် ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်း ဇန်နဝါရီလ၂၃ ရက်သတင်းက ဆိုသည်။

ပဗီသရာဝန်နိုင်ရာချီ ကိုဗစ် ကူးစက်ခံလိုက်ရကြောင်း
ကျန်းမာရေးဝန်ကြီးဌာနမှ မီဒီယာဆက်ဆံရေးအရာရှိက ဆိုသည်။ နတ်ဆရာတစ်ဦး ဖော်သည့်ဆေးရည်သည် ကိုဗစ်ကို ရာသက်ပန် ကာကွယ်ပေးနိုင်သည်ဟု ဝန်ကြီးက ဆိုကာ ယင်းဆေးရည်ကိုညွှန်းခဲ့သေးသည်။

သီရိလင်္ကာတွင် ကိုဗစ်ကူးစက်ခံရသူ ၅၆ ၀၇၆ ဦးရှိပြီး သေဆုံးသူ၂၇၆ ဦးရှိသွားပြီဖြစ်သည်။ ကိုဗစ်ကူးစက်ခံရသူဦးရေသည် ပြီးခဲ့သည့်လပိုင်းအတွင်းထောင်တက်လာသည်။

အထက်ပါကျန်းမာရေးဝန်ကြီးသည် သီရိလင်္ကာဝန်ကြီးများအနက်ကိုဗစ်ကူးစက်ခံရသည့် စတုတ္ထမြောက်ဝန်ကြီးဖြစ်သည်။ နတ်ဆရာက အိပ်မက်ထဲတွင်ဆေးနည်းရသည်ဟုဆိုကာ ကိုဗစ်ကာကွယ်ဆေးကို ပျားရည်နှင့် ဇာတိပ္ဖိုလ်သီး ရောပြီးဖော်စပ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးကိုယ်တိုင်က ထိုဆေးကို သောက်ပြကာ လူများယုံကြည်လာစေရန် လုပ်ခဲ့သော်လည်း သီရိလင်္ကာရှိဆရာဝန်များက ထိုဆေး စွမ်းသည်ဟူသော
ပြောကြားချက်ကို လက်မခံကြပေ။

သို့သော်လည်း လူပေါင်းထောင်ပေါင်းများစွာကအထက်ပါဆေးရည်ကို ရရန်အတွက် ရွာတစ်ရွာသို့ သူ့ထက်ငါအရင်ရောက်ရန် သွားခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်က ဆိုသည်။

(Zawgyi)

နတ္ဆရာ ေဖာ္သည့္ ေဆးသည္ ကိုဗစ္ကို ကာကြယ္ႏိုင္သည္ဆိုကာေသာက္ျပခဲ့သည့္ သီရိလကၤာက်န္းမာေရးဝန္ႀကီး ကိုဗစ္ကူးစက္ခံလိုက္ရ

====================================

နတ္ဆရာတစ္ဦး ေဖာ္သည့္ ေဆးရည္သည္ ကိုဗစ္ကူးစက္မခံရေစရန္ ကာကြယ္ေပးႏိုင္သည္ဟု ေျပာကာ ထိုေဆးကို လူေရွ႕သူေရွ႕ ေသာက္ျပၿပီး ေထာက္ခံေပး ခဲ့သည့္ သီရိလကၤာက်န္းမာေရးဝန္ႀကီး ကိုဗစ္ ကူးစက္ခံလိုက္ရၿပီျဖစ္ေၾကာင္း ဇန္နဝါရီလ၂၃ ရက္သတင္းက ဆိုသည္။

ပဗီသရာဝန္ႏိုင္ရာခ်ီ ကိုဗစ္ ကူးစက္ခံလိုက္ရေၾကာင္း
က်န္းမာေရးဝန္ႀကီးဌာနမွ မီဒီယာဆက္ဆံေရးအရာရွိက ဆိုသည္။ နတ္ဆရာတစ္ဦး ေဖာ္သည့္ေဆးရည္သည္ ကိုဗစ္ကို ရာသက္ပန္ ကာကြယ္ေပးႏိုင္သည္ဟု ဝန္ႀကီးက ဆိုကာ ယင္းေဆးရည္ကိုၫႊန္းခဲ့ေသးသည္။

သီရိလကၤာတြင္ ကိုဗစ္ကူးစက္ခံရသူ ၅၆ ၀၇၆ ဦးရွိၿပီး ေသဆုံးသူ၂၇၆ ဦးရွိသြားၿပီျဖစ္သည္။ ကိုဗစ္ကူးစက္ခံရသူဦးေရသည္ ၿပီးခဲ့သည့္လပိုင္းအတြင္းေထာင္တက္လာသည္။

အထက္ပါက်န္းမာေရးဝန္ႀကီးသည္ သီရိလကၤာဝန္ႀကီးမ်ားအနက္ကိုဗစ္ကူးစက္ခံရသည့္ စတုတၳေျမာက္ဝန္ႀကီးျဖစ္သည္။ နတ္ဆရာက အိပ္မက္ထဲတြင္ေဆးနည္းရသည္ဟုဆိုကာ ကိုဗစ္ကာကြယ္ေဆးကို ပ်ားရည္ႏွင့္ ဇာတိပၹိဳလ္သီး ေရာၿပီးေဖာ္စပ္ခဲ့သည္။

က်န္းမာေရးဝန္ႀကီးကိုယ္တိုင္က ထိုေဆးကို ေသာက္ျပကာ လူမ်ားယုံၾကည္လာေစရန္ လုပ္ခဲ့ေသာ္လည္း သီရိလကၤာရွိဆရာဝန္မ်ားက ထိုေဆး စြမ္းသည္ဟူေသာ
ေျပာၾကားခ်က္ကို လက္မခံၾကေပ။

သို႔ေသာ္လည္း လူေပါင္းေထာင္ေပါင္းမ်ားစြာကအထက္ပါေဆးရည္ကို ရရန္အတြက္ ႐ြာတစ္႐ြာသို႔ သူ႔ထက္ငါအရင္ေရာက္ရန္ သြားခဲ့ၾကသည္ဟု ေအအက္ဖ္ပီသတင္းတစ္ရပ္က ဆိုသည္။

Crd,BBC

Leave a Reply

Your email address will not be published. Required fields are marked *