သတင္း

မ်က္မွန္သမားတို႕ မ်က္မွန္မပါတဲ့အခ်ိန္မွာ အေရးေပၚျမင္ရေအာင္ ဒီလိုေလးလုပ္

(Zawgyi)

မ်က္မွန္ မတပ္ဘဲ ျမင္ရေအာင္ ဘယ္လို လုပ္မလဲ

မ်က္မွန္တပ္ရ သူမ်ား မ်က္မွန္မပါလွ်င္ မႈန္ဝါးဝါး ျဖစ္ေနမႈေၾကာင့္ ကေမာက္ကမေတြ သိပ္ျဖစ္ရသည္။ ႐ုတ္တရက္ မ်က္မွန္ေပ်ာက္ သြားျခင္းသည္ အိပ္မက္ဆိုးႀကီး ျဖစ္၏။ ထိုျပႆနာကို အေရးေပၚ ေျဖရွင္းဖို႔ နည္းလမ္းေလး တစ္ရပ္ကို အႀကံျပဳ တင္ျပထားသည့္ ဗီဒီယိုဖိုင္တစ္ခု ယူက်ဳ႕ေပၚ တက္လာသည္။ မ်က္စိမႈန္သူမ်ား မ်က္မွန္ မရွိခ်ိန္မ်ိဳးတြင္ လက္ညႇိဳးႏွင့္ လက္မကို ကြင္းၿပီး ဝိုင္းလိုက္ပါ။ အလယ္မွာ အပ္ေပါက္ေလာက္ အေပါက္ေသးေသးေလးသာ ခ်န္ထားၿပီး ထိုအေပါက္က ေခ်ာင္းၾကည့္ပါ။ က်န္မ်က္လုံး တစ္ဖက္ကို ပိတ္ထားပါ။ ထိုအခါ မ်က္မွန္တပ္ၿပီး ၾကည့္သည့္အလား ၾကည္လင္ ျပတ္သားစြာ ျမင္ရလိမ့္မည္။ မ်က္စိမည္မွ်ပင္ မႈန္သူျဖစ္ပါေစ ၾကည္လင္ ျပတ္သားစြာ ျမင္ရလိမ့္မည္။ ယခုပင္ မ်က္မွန္ခြၽတ္ၿပီး စမ္းၾကည့္ပါေလ။

ယခုနည္းလမ္းကို ယူက်ဳတြင္ MinutePhysics အေကာင့္က တင္ထားျခင္း ျဖစ္သည္။ ထိုသို႔ ၾကည္လင္စြာ ျမင္ရျခင္းမွာ အေပါက္ေသးေသးေလးက ျဖတ္လာေသာ အလင္းတန္းမ်ားသည္ မ်က္လုံးထဲ တည့္မတ္စြာ ဝင္ႏိုင္ေသာေၾကာင့္ မ်က္လုံးေနာက္က အလင္းဖမ္းသည့္ ဧရိယာေပၚ တည့္မတ္စြာက်ကာ ပုံရိပ္ျပတ္သားစြာ ေပၚျခင္းေၾကာင့္ ျဖစ္သည္ဟု လန္ဒန္မွ မ်က္စိ ဆရာဝန္ ေဒါက္တာ ေဒးဗစ္ အယ္လမ္ဘီက ရွင္းျပသည္။

မ်က္စိမႈန္သည္ ဆိုျခင္းမွာ မ်က္လုံးထဲသို႔ ဘက္ေပါင္းစုံမွ ဝင္လာေသာ အလင္းမ်ားကို မ်က္လုံး မွန္ဘီလူးက ႏိုင္နင္းေအာင္ ထိန္းခ်ဳပ္ၿပီး အလင္းဖမ္းယူသည့္ ဧရိယာသို႔ တစ္ေျပးညီ စုဆုံ က်ေရာက္ေအာင္ လုပ္မေပးႏိုင္ ေသာေၾကာင့္ ျဖစ္သည္။ အလင္းတန္းမ်ား တေျပးညီ စုဆုံက် ေရာက္ျခင္း မရွိသည့္အခါ ပုံရိပ္သည္ ျပတ္သားမႈ မရွိေတာ့ဘဲ ဝါးတားတားသာ ျမင္ရျခင္း ျဖစ္သည္။

ယခုလို လက္နဲ႔ အေပါက္ေသးေသးေလးသာ ခ်န္ၿပီး ၾကည့္ျခင္းေၾကာင့္ အလင္းတန္း အမ်ားႀကီး ဘက္ေပါင္းစုံကေန မ်က္လုံးထဲ မဝင္ေတာ့ဘဲ အနည္းငယ္သည္သာ မ်က္လုံးထဲ တည့္မတ္စြာ ဝင္လာသည့္ အတြက္ ပုံရိပ္ဖမ္းသည့္ ဧရိယာေပၚတြင္ အလင္းတန္းမ်ား စုဆုံကာ ျပတ္သားေသာ ပုံရိပ္ကို ျမင္ရျခင္း ျဖစ္သည္။

မ်က္စိ အားနည္းသူသည္ မ်က္မွန္မပါဘဲ ၾကည့္လွ်င္ မ်က္လုံးကို ေမွးၿပီးၾကည့္ျခင္းမွာလည္း ယခုကိစၥႏွင့္ သေဘာသြား ဆင္တူသည္။ မ်က္လုံးကို ေမွးလိုက္သည့္အခါ မ်က္လုံးထဲ အလင္းဝင္ႏႈန္း ေလ်ာ့နည္းသြားသလို၊ မ်က္လုံးႂကြက္သားမ်ားကလည္း မ်က္လုံး မွန္ဘီလူး ပိုခုံးႏိုင္ေအာင္ တြန္းေပးသည့္အတြက္ မွန္ဘီလူးသည္ အလင္း ခပ္နည္းနည္းကို ႏိုင္နင္းစြာ ထိန္းခ်ဳပ္ၿပီး အလင္းဖမ္း ဧရိယာသို႔ ပို႔ေပးႏိုင္သျဖင့္ ပိုၾကည္လင္ေသာ ပုံရိပ္ကို ျမင္ရသည္။

ေအာင္ဇံ

Source: Daily Mai

Credit – Messenger News Journal

(Unicode)

မျက်မှန် မတပ်ဘဲ မြင်ရအောင် ဘယ်လို လုပ်မလဲ

မျက်မှန်တပ်ရ သူများ မျက်မှန်မပါလျှင် မှုန်ဝါးဝါး ဖြစ်နေမှုကြောင့် ကမောက်ကမတွေ သိပ်ဖြစ်ရသည်။ ရုတ်တရက် မျက်မှန်ပျောက် သွားခြင်းသည် အိပ်မက်ဆိုးကြီး ဖြစ်၏။ ထိုပြဿနာကို အရေးပေါ် ဖြေရှင်းဖို့ နည်းလမ်းလေး တစ်ရပ်ကို အကြံပြု တင်ပြထားသည့် ဗီဒီယိုဖိုင်တစ်ခု ယူကျု့ပေါ် တက်လာသည်။ မျက်စိမှုန်သူများ မျက်မှန် မရှိချိန်မျိုးတွင် လက်ညှိုးနှင့် လက်မကို ကွင်းပြီး ဝိုင်းလိုက်ပါ။ အလယ်မှာ အပ်ပေါက်လောက် အပေါက်သေးသေးလေးသာ ချန်ထားပြီး ထိုအပေါက်က ချောင်းကြည့်ပါ။ ကျန်မျက်လုံး တစ်ဖက်ကို ပိတ်ထားပါ။ ထိုအခါ မျက်မှန်တပ်ပြီး ကြည့်သည့်အလား ကြည်လင် ပြတ်သားစွာ မြင်ရလိမ့်မည်။ မျက်စိမည်မျှပင် မှုန်သူဖြစ်ပါစေ ကြည်လင် ပြတ်သားစွာ မြင်ရလိမ့်မည်။ ယခုပင် မျက်မှန်ချွတ်ပြီး စမ်းကြည့်ပါလေ။

ယခုနည်းလမ်းကို ယူကျုတွင် MinutePhysics အကောင့်က တင်ထားခြင်း ဖြစ်သည်။ ထိုသို့ ကြည်လင်စွာ မြင်ရခြင်းမှာ အပေါက်သေးသေးလေးက ဖြတ်လာသော အလင်းတန်းများသည် မျက်လုံးထဲ တည့်မတ်စွာ ဝင်နိုင်သောကြောင့် မျက်လုံးနောက်က အလင်းဖမ်းသည့် ဧရိယာပေါ် တည့်မတ်စွာကျကာ ပုံရိပ်ပြတ်သားစွာ ပေါ်ခြင်းကြောင့် ဖြစ်သည်ဟု လန်ဒန်မှ မျက်စိ ဆရာဝန် ဒေါက်တာ ဒေးဗစ် အယ်လမ်ဘီက ရှင်းပြသည်။

မျက်စိမှုန်သည် ဆိုခြင်းမှာ မျက်လုံးထဲသို့ ဘက်ပေါင်းစုံမှ ဝင်လာသော အလင်းများကို မျက်လုံး မှန်ဘီလူးက နိုင်နင်းအောင် ထိန်းချုပ်ပြီး အလင်းဖမ်းယူသည့် ဧရိယာသို့ တစ်ပြေးညီ စုဆုံ ကျရောက်အောင် လုပ်မပေးနိုင် သောကြောင့် ဖြစ်သည်။ အလင်းတန်းများ တပြေးညီ စုဆုံကျ ရောက်ခြင်း မရှိသည့်အခါ ပုံရိပ်သည် ပြတ်သားမှု မရှိတော့ဘဲ ဝါးတားတားသာ မြင်ရခြင်း ဖြစ်သည်။

ယခုလို လက်နဲ့ အပေါက်သေးသေးလေးသာ ချန်ပြီး ကြည့်ခြင်းကြောင့် အလင်းတန်း အများကြီး ဘက်ပေါင်းစုံကနေ မျက်လုံးထဲ မဝင်တော့ဘဲ အနည်းငယ်သည်သာ မျက်လုံးထဲ တည့်မတ်စွာ ဝင်လာသည့် အတွက် ပုံရိပ်ဖမ်းသည့် ဧရိယာပေါ်တွင် အလင်းတန်းများ စုဆုံကာ ပြတ်သားသော ပုံရိပ်ကို မြင်ရခြင်း ဖြစ်သည်။

မျက်စိ အားနည်းသူသည် မျက်မှန်မပါဘဲ ကြည့်လျှင် မျက်လုံးကို မှေးပြီးကြည့်ခြင်းမှာလည်း ယခုကိစ္စနှင့် သဘောသွား ဆင်တူသည်။ မျက်လုံးကို မှေးလိုက်သည့်အခါ မျက်လုံးထဲ အလင်းဝင်နှုန်း လျော့နည်းသွားသလို၊ မျက်လုံးကြွက်သားများကလည်း မျက်လုံး မှန်ဘီလူး ပိုခုံးနိုင်အောင် တွန်းပေးသည့်အတွက် မှန်ဘီလူးသည် အလင်း ခပ်နည်းနည်းကို နိုင်နင်းစွာ ထိန်းချုပ်ပြီး အလင်းဖမ်း ဧရိယာသို့ ပို့ပေးနိုင်သဖြင့် ပိုကြည်လင်သော ပုံရိပ်ကို မြင်ရသည်။

အောင်ဇံ

Source: Daily Mai

Credit – Messenger News Journal

Leave a Reply

Your email address will not be published. Required fields are marked *