သတင်း

ယောဂကျင့်ရင် ဒီလိုကောင်းကျိုးများစွာရရှိစေတယ်

ယောဂကျင့်ရင် ဒီလိုကောင်းကျိုးများစွာရရှိစေတယ်

ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပြုလုပ်မှ ကျန်းမာကြံ့ခိုင်တယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ သွေးလည်ပတ်မှုကောင်းပြီး စိတ်ကိုငြိမ်းချမ်းစေတဲ့ ယောဂကျင့်ခြင်းကလည်း အသက်အရွယ်မရွေး ပြုလုပ်နိုင်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းပါပဲ။ အခုမှ ယောဂစကျင့်မယ့် သူတွေအတွက်လည်း လွယ်ကူတဲ့ ယောဂကျင့်စဉ်တွေ အများကြီးရှိပါတယ်။ အသက်အရွယ် ကြီးတဲ့သူတွေ အတွက်လည်း ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ ပြုလုပ်လို့ ရမယ့် ယောဂ ကျင့်စဉ်များကို ရွေးချယ်ပြီး ပြုလုပ်လို့ရပါတယ်။ ဒီတော့.. ယောဂကျင့်ခြင်းက ပေးစွမ်းနိုင်မယ့် အကျိုး ကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နာကျင်ကိုက်ခဲမှုကိုသက်သာစေတယ်

ကွန်ပျူတာရှေ့မှာ တစ်နေကုန်အလုပ်လုပ်နေရသူ၊ အထိုင်များတဲ့သူတွေ အနေနဲ့ လည်ပင်း၊ ခါး ညောင်းညာကိုက်ခဲ့တဲ့ ဒဏ်ကို ခံစားရတတ်ပါတယ်။ ဒီဝေဒနာကို ပျောက်ကင်းဖို့အတွက် ဆိုရင် ညအိပ်ရာမဝင်ခင် ယောဂကျင့်လို့ ရပါတယ်။ ယောဂကျင့်ခြင်းက အကြောများကို ပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုဒဏ်ကို သက်သာစေပါတယ်။

(၂) ဝိတ်ကျစေတယ်

ယောဂကျင့်ခြင်းက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ချချင်တဲ့သူတွေအနေနဲ့ ပြင်းထန်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်း၊ work out မလုပ်နိုင်ဘူး ဆိုရင်တော့ တစ်နေ့ကို နာရီဝက်၊ တစ်နာရီလောက် သင့်တော်မယ့် ယောဂကျင့်စဉ်ကို ရွေးချယ်ပြီး ယောဂကျင့်နိုင်ပါတယ်။

(၃) စိတ်ကိုအေးချမ်းစေတယ်

တစ်နေ့ကို မိနစ် ၂၀၊ နာရီဝက်လောက် ယောဂကျင့်ရင် စိတ်အေးချမ်းလာတာကို သိသိသာသာ ခံစားရစေမှာပါ။ ယောဂကျင့်တဲ့အခါမှာ ယောဂကျင့်စဉ်ကိုပဲ စိတ်နှစ်ထားပြီး စိတ်ကို ဖြေလျော့ ထားရတဲ့ အတွက် စိတ်ဖိစီးမှု၊ စိတ်ညစ်စရာတွေ ပျောက်သွားပြီး စိတ်ကို အေးချမ်းလာစေပါတယ်။

(၄) စိတ်ဖိစီးမှု ပြေလျော့စေတယ်

အပေါ်မှာပြောခဲ့သလိုပါပဲ။ ယောဂကျင့်တာက စိတ်ကို အေးချမ်းစေတာကြောင့် စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေမှာပါ။ စိတ်ဖိစီးမှု များလာတဲ့အခါ green tea သောက်သုံးပေးမယ် ဆိုရင် စိတ်ဖိစီးမှု ပြောလျော့စေသလိုပဲ ယောဂကျင့်တာကလည်း တူညီတဲ့ အကျိုးကျေးဇူးကို ရရှိစေနိုင်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။

(၅) ကျန်းမာကြံ့ခိုင်စေတယ်

ယောဂကျင့်တဲ့အခါမှာ အကြောများကို ဖြေလျော့ခြင်းနဲ့ ယောဂပို့စ်အမျိုးမျိုး ပြုလုပ်ရတဲ့ အတွက် ခန္ဓာကိုယ်တွင်းက အဆီကျစေပြီး အဆိပ်အတောက်များကိုလည်း ဖယ်ရှားသန့်စင် ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ချင်တယ် ဆိုရင်တော့ ယောဂကျင့်ပါလို့ တိုက်တွန်းပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *