(Zawgyi)
(Unicode)
Hot Plate မီးဖို အသုံးပြုသူများ သိထားရမည့် ဆောင်ရန် ရှောင်ရန်များ
Hot Plate မီးဖို အသုံးပြုသူများ သိထားရမည့် ဆောင်ရန် ရှောင်ရန်များ။ ဒီနေ့လည်း ပေါ့ပေါ့ပါးပါးလေးနဲ့ သတိလက်လွတ် ဖြစ်မိမှာ စိုးရိမ်လို့ သတိပေးတဲ့ အနေနဲ့ ပြောပြပေးလိုက်ပါတယ်နော်။ မိတ်ဆွေကောင်း ဖောက်သည်ကောင်းတို့
၁။ မီးဆွဲအား 2000W 2200W လောက်ရှိခြင်းကြောင့် Extension Cord (ကြိုးခွေအဝိုင်းများ)နှင့် လုံး၀ မသုံးသင့်ပါ။
၂။ မျက်နှာပြင် အပြား ဖြစ်ခြင်းကြောင့် ချက်မည့်အိုးသည် အိုးအပြားဖြစ်ဖို့ (အထူး) လိုအပ်ပါသည်။
၃။ ကလေးများ လက်လှမ်းမှီရာတွင် လုံး၀ မထားသင့်၊ မသုံးသင့်ပါ။
၄။ ချက်ပြီးအချိန်တွင် ကွိုင်ပြားကို ချက်ချင်း မကိုင်ပါနှင့်။
၅။ အကောင်းဆုံးနည်းမှာ ချက်ပြီး ခလုတ်ပိတ် ပလပ်ဖြုတ်ပြီးလျှင် အိုးပြားလေး တစ်အိုး ပုံမှန် တင်ထားသင့်ပါတယ်။
ကဲ ဒီလောက်ဆို အိမ်ရှင်မ အိမ်ရှင်ထီးများ Hot Plate မီးဖိုကို ဘယ်လို သတိထား သုံးရမလဲ၊ ဆောင်ရန် ရှောင်ရန်တွေကို သိသွား တတ်သွားပြီလို့ အထူး ယုံကြည်ပါတယ်။ အခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်းကောင်းများအတွက် အကျိုးကျေးဇူး တစ်ခု ရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
မိတ်ဆွေလိုပဲ အခြားမိတ်ဆွေကောင်းများလည်း သိခွင့်ရအောင် မျှဝေပေးလိုက်ပါဦးလို့ တိုက်တွန်းချင်ပါတယ်။
Credit – New World Wholesale
Comments
Leave a Reply
Your email address will not be published. Required fields are marked *